Wednesday, February 03, 2016

သေဒဏ်ကျမြန်မာလုပ်သားနှစ်ဦးကို ထောင်ပြောင်းပြီးနောက် သံခြေချင်းများဖြုတ်၍ ထိန်းသိမ်းထား


ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ဘန်ခွမ်အကျဉ်းထောင်သို့ ပြောင်းရွှေ့ခံ ထားရသည့် သေဒဏ်ကျခံ မြန်မာလုပ်သားနှစ်ဦးကို သံခြေချင်းများဖြုတ်၍ ထားရှိကြောင်း သတင်းရရှိသည်။ ဖေဖော်ဝါရီ ၁ ရက်တွင် မြန်မာလုပ်သားနှစ်ဦးထံ ထိုင်းနိုင်ငံ ရှေ့နေများ ကောင်စီမှ ရှေ့နေအဖွဲ့ခေါင်းဆောင် မစ္စတာ နခေါ်ချုမ်ဖူချာတ်နှင့် စကားပြန်အဖြစ် ဆောင်ရွက်ပေးသူ မအေးမာချို တို့က ထောင်ဝင်စာသွား ရောက် တွေ့ဆုံရာ သံခြေချင်းများဖြုတ် ထားသည်ကို တွေ့ခဲ့ရကြောင်း မအေးမာချိုကပြောသည်။
‘‘သံခြေချင်းတွေလည်း ဖြုတ်ပေးထားတယ်။ နှိပ်စက်ခံရတာ တွေလည်း မရှိဘူးပြောတယ်။ အကျဉ်းသားတွေကလည်း ရောက်တဲ့နေ့က မေးတာပေါ့။ မင်းတို့ လူသတ်မှုကျူးလွန်တယ်လား မေး တာပေါ့။ သူတို့အကြောင်းတွေသိတော့ အကျဉ်းသားတွေက လည်း ကောင်းကောင်းမွန်မွန် ဆက်ဆံကြတယ်လို့ ပြောပါ တယ်။ ဒီထောင်က အရင်တုန်းက နာမည်ကြီးထောင် ဖြစ်ပေမယ့် အခုတော့ အနိုင်ကျင့်တာတွေ မရှိဘူးလို့ ကလေးတွေက ပြောပါ တယ်’’ဟု မအေးမာချိုက ပြော သည်။

၎င်းတို့နှစ်ဦးကို အတူတူထား ရှိခြင်းမရှိဘဲ ဇော်လင်းကို အ ဆောင်(၂)တွင် ထားပြီး ဝင်းဇော် ထွန်းကို အဆောင်(၅)တွင် ထား ကြောင်း မအေးမာချိုက ဆက် လက်ပြောကြားသည်။

မြန်မာနှစ်ဦးကို ထိုင်းနိုင်ငံ တောင်ပိုင်း နခွန်စီထန်မရအ ကျဉ်းထောင်၌ ထားခဲ့ရာမှ ဇန်နဝါရီ ၂၇ ရက်တွင် ဘန်ကောက်မြို့ရှိ ဘန်ခွမ်အကျဉ်းထောင် သို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။ နခွန်စီထန်မရအကျဉ်းထောင်တွင် ထားရှိ စဉ် ၂၄ နာရီသံခြေချင်း များခတ်၍ ထားကြောင်း မြန်မာ သံရုံးအထူးအဖွဲ့ ရှေ့နေ ဦးအောင် မျိုးသန့်က ပြောသည်။

မြန်မာလုပ်သားနှစ်ဦးကို အ ကျဉ်းထောင်အတွင်း ၂၄ နာရီသံ ခြေချင်းများ ခတ်ထားသဖြင့် ကုလသမဂ္ဂညှဉ်းပန်းနှိပ်စက်မှုဆိုင်ရာ အထူးကိုယ်စားလှယ် နှင့် ထိုင်းအ စိုးရထံသို့ ဇန်နဝါရီ ၂၇ ရက်က ကန့်ကွက်စာပေးပို့တိုင်ကြား ထား ကြောင်း မြန်မာလုပ်သားနှစ်ဦးအ ရေး ကူညီဆောင်ရွက်ပေးနေ သော ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက်(MWRN) မှ နိုင်ငံခြားရေးရာ အတိုင်ပင်ခံအန် ဒီဟောက ပြောသည်။

ပြောင်းရွှေ့ခံရသော ဘန်ခွမ်အကျဉ်းထောင်သည် ထိုင်းနိုင်ငံ တွင် ကြမ်းတမ်းဆိုးသွမ်းမှုနှင့် ပတ်သက်၍ နာမည်ကြီးသော ကြောင့် ‘‘ကျားထောင်’’ဟုခေါ်ဝေါ် ကြောင်း သတင်းရရှိသည်။

မြန်မာလုပ်သားနှစ်ဦး၏အ ယူခံကို ဖေဖော်ဝါရီ ၂၄ ရက် နောက်ဆုံးထား အယူခံဝင်ရန် ထိုင်းအစိုးရက သတ်မှတ်ထား သောကြောင့် ဖေဖော်ဝါရီ ပထမ ပတ်အတွင်း အယူခံတင်သွင်း မည်ဟု မြန်မာသံရုံးအထူးအဖွဲ့ ရှေ့နေ ဦးအောင်မျိုးသန့်က ပြော သည်။

7Day News Journal

No comments:

Post a Comment

My Blog List