ကမ္ဘာ့ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စယန်ဟီးလီဟာ လာမယ့် ဖေဖေါ်ဝါရီ ၁၂ ရက်နေ့မှာ စစ်တွေမြို့ကို လာရောက်မည် ဖြစ်ကြောင်း သိရပါတယ်။
သူ့အနေနဲ့ ရခိုင်ပြည်နယ်က လူ့အခွင့်အရေးအခြေအနေတွေကို လေ့လာဖို့ အတွက် ယခုလို လာရောက်ခြင်းတွင် စစ်တွေမြို့၊ အောင်မင်္ဂလာရပ်ကွက်က မွတ်စလင် ဘာသာရေး ခေါင်းဆောင်များနဲ့ ဆုံတွေ့သွားမှာ ဖြစ်ပြီး မွတ်စလင် ဒုက္ခသည်စခန်းများကိုသွားရောက် လေ့လာမှာလည်းဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရဲ့ ပြောကြားချက်ကို ကိုးကားပြီး RFA မြန်မာ ပိုင်းဌာနက ဖော်ပြခဲ့ပါတယ်။
မစ္စယန်ဟီးလီ ရဲ့ ရခိုင် ခရီးစဉ်မှာ တညအိပ် ကြာမြင့်မှာ ဖြစ်ကြောင်းလည်း သိရပါတယ်။
ပြီးခဲ့တဲ့နှစ် ၂၀၁၅ ဇန်န၀ါရီ ပထမသီတင်းပတ်တုန်းက မစ္စယန်ဟီးလိဟာ စစ်တွေမြို့ကို လာရောက်ခဲ့စဉ်က သူ့ကို ဒေသခံတွေက ကန့်ကွက်ရှုတ် ချကြောင်း ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။
RiA

No comments:
Post a Comment