Tuesday, November 03, 2015

တပ်မတော်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA တို့ အကြား တိုက်ပွဲများ အမြန်ဆုံးရပ်ပေးရန် SNDP တောင်းဆို



တပ်မတော်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA တို့ အကြား ထိတွေ့တိုက်ပွဲ ကြာမြင့်နေခြင်းကြောင့် နေရပ်စွန့်ခွာသူ များသည့်အတွက် တိုက်ပွဲများ အမြန်ဆုံး ရပ်ပေးရန် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP က သမ္မတဦးသိန်းစိန်ထံလိပ်မူပြီး တောင်းဆိုစာ ပေးပို့ထားကြောင်း သိရသည်။
လက်ရှိတွင် တပ်မတော်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA အကြား ထိတွေ့တိုက်ပွဲများမှာ အောက်တိုဘာ ၆ ရက်မှ စတင်ပြီး တစ်လခန့် ကြာမြင့်နေကာ အဆိုပါ တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာသူ ခြောက်ထောင် ခန့် အတိဒုက္ခ ကြုံတွေ့ နေရသည့်အတွက် ၀မ်ဟိုင်း ဌာနချုပ်အနီး တိုက်ပွဲ များ အမြန်ဆုံး ရပ်ဆိုင်းပေးရန် အောက်တိုဘာ ၃၀ ရက်နေ့ ရက်စွဲပါ စာအမှတ် ၀၄၄/ရတဒပ/၂၀၁၅ ဖြင့် တောင်းဆိုခြင်းဖြစ်ကြောင်း သိရသည်။

ပါတီအနေဖြင့် အဆိုပါတိုက်ပွဲ ဖြစ်ပွားရာဒေသများ ဖြစ်သည့် ကျေးသီးမြို့ နယ် နှင့် မိုင်းရှူးမြို့နယ် တစ်ဝိုက်တွင် တိုက်ပွဲများ ရပ်ဆိုင်းပေးရန် အောက်တိုဘာ ၁၀ ရက်က သဘောထားထုတ်ပြန်ချက် တစ်စောင် ထုတ်ပြန်သော်လည်း ဆက်လက် ဖြစ်ပွားခြင်းရှိကြောင်း ထိုကဲ့သို့ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသည့်အတွက် ဒေသခံများမှာ ယခုအချိန်အထိ လူဦးရေ ခြောက်ထောင်ခန့် ရှိနေပြီဖြစ်ကြောင်း ဆိုထားသည်။

ယင်းကဲ့သို့ စစ်ဘေးဒဏ်လွတ်ရာ နေရာများတွင် ရှောင်ပြေး နေရသည့် ပြည်သူများအား သနားညှာတာသည့် အနေဖြင့် တိုက်ပွဲများရပ်ဆိုင်ပြီး ငြိမ်းချမ်းသော နည်းလမ်းဖြင့် NCA ကိစ္စ ဆက်လက်ဆွေးနွေးပေးရန် SNDP ပါတီ ဥက္ကဋ္ဌ ဦးစိုက်အိုက်ပေါင်း ကိုယ်တိုင် လက်မှတ်ရေးထိုးကာ ပေးပို့ထားကြောင်း သိရသည်။

သတင်း - စိုင်းဟန်
The Ladies News Journal

No comments:

Post a Comment

My Blog List