Tuesday, November 03, 2015

အခြားပါတီများရွေးကောက်ပွဲဥပဒေချိုးဖောက်သည့်အမှုပေါင်း၁၀၀ကျော် NLD ပါတီကော်မရှင်ထံတိုင်ကြားထားဟုဆို


မဲဆွယ်စည်းရုံးသည့်အချိန်ကာလမှစတင်ကာယခုချိန်အထိ နိုင်ငံရေးပါတီ အချို့ ဥပဒေဖောက်ဖျက်ပြီးမဲဆွယ်စည်းရုံးရေးလုပ်ဆောင်မှု၁၀၀ကျော်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကသက်ဆိုင်ရာရွေးကောက်ပွဲ ကော်မရှင်အသီးသီးထံတိုင်ကြားထားကြောင်း NLD ပါတီဥက္ကဋ္ဌဒေါ်အောင် ဆန်းစုကြည်ကပြောကြားသည်။
ယင်းသို့တိုင်ကြားထားသော်လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထိရောက်စွာအရေးယူပေးခြင်းမရှိကြောင်း ၎င်းကဆိုသည်။
“ကျွန်မတို့ကသက်ဆိုင်ရာကိုတိုင်တယ်၊မှားနေတယ်ဆိုပြီးအရေးမယူတာတွေရှိခဲ့တယ်၊ကျွန်မတို့ကသန့်သန့်ရှင်းရှင်းနဲ့ယှဉ်ပြိုင်ရဲတယ်၊တစ်တိုင်းပြည်လုံးသိပါတယ်၊သူများကိုခိုက်အောင်မှန်တဲ့နည်းတွေ၊အဆင့်မရှိတဲ့နည်းတွေနဲ့ဘယ်တော့မှမလုပ်ဘူး”ဟုဒေါ်အောင်ဆန်းဆုကြည်ကပြောသည်။

စက်တင်ဘာလ ၈ရက်နေ့မှယနေ့ထိ အခြားပါတီများအနေနှင့်ရွေးကောက် ပွဲဥပဒေကိုဖောက်ဖျက်မှု ၁၀၀ ကျော်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနှင့် ရွေးကောက်ပွဲကော်မရှင်နှင့်သက်ဆိုင်ရာအဖွဲ့အစည်းများကို ၎င်းကဆိုသည်။

နိုဝင်ဘာလ၁ရက်နေ့ကကျင်းပပြုလုပ်သော ရန်ကုန်းတိုင်းဒေသကြီးသင်္ဃန်း ကျွန်းမြို့နယ်သုဝဏ္ဏရပ်ကွက်တွင် ကျင်းပပြုလုပ်ခဲ့သော အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်(NLD)ပါတီရန်ကုန်တိုင်းလုံးကျွတ်မဲဆွယ်ဟောပြောပွဲတွင် ဒေါ်အောင်ဆန်းစုကြည်ကယင်းကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။

NLD ပါတီကဝင်ရောက်ယှဉ်ပြိုင်မည့်ကိုယ်စားလှယ်လောင်းများကို ချီဖွေ မြို့နယ်တွင်ကချင်ပြည်သူ့စစ်အဖွဲ့မှခြိမ်းခြောက်တားဆီးခဲ့သောကြောင့် ကချင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ရုံးတွင်စေ့စပ်ညှိုနှိုင်းမှု၂ကြိမ်တိုင်တိုင်လုပ်ခဲ့သည်။

ယင်းအပြင်မန္တလေးတိုင်းဒေသကြီးပျော်ဘွယ်မြို့နယ်တွင် NLDပါတီမှကိုယ် စားလှယ်လောင်းများသနပ်ခါးတောကျေးရွာတွင်မဲဆွယ်စည်းရုံးရေးလုပ်ငန်းများလုပ်ဆောင်နေချိန်တွင် ဒေသခံအချို့ကရိုက်နှက်ခြိမ်းခြောက်ခဲ့သဖြင့် ပျော်ဘွယ်တရားရုံးတွင်တရားစွဲဆိုမှုများပြုလုပ်ခဲ့သည်။

သာကေတမြို့နယ်အတွင်းမဲဆွယ်စည်းရုံးရေးအတွက်လှည့်လည်လှုပ်ရှားနေသောဦးနိုင်ငံလင်းနှင့်အဖွဲ့ဝင်များကိုလူတစ်စုကလက်နက်ဖြင့်လည်းကောင်း၊ လက်နက်မဲ့ဖြင့်လည်းကောင်းအကြိမ်ကြိမ်တိုက်ခိုက်ခဲ့ကြောင်း အောက်တို ဘာလ၃၀ရက်နေ့တွင်ထုတ်ပြန်သည့် NLD ၏ကြေညာချက်တွင်ဖော်ပြထား သည်။

ယင်းတိုက်ခိုက်မှုကြောင့်ဦးနိုင်ငံလင်း၊ကိုကျော်သူနှင့်မသန္တာမော်တို့ထိခိုက်ဒဏ်ရာရခဲ့ပြီးဦးနိုင်ငံလင်းနှင့်ကိုကျော်သူတို့မှာရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင်အတွင်းလူနာအဖြစ်ကုသမှုခံယူလျက်ရှိပြီးအသက်အန္တရာယ်မစိုးရိမ်ရကြောင်း NLD ၏ထုတ်ပြန်ချက်တွင်ပါရှိသည်။

အဆိုပါတိုက်ခိုက်မှုအားကျူးလွန်ခဲ့သူများကိုသာကေတရဲစခန်းတွင်အမှုဖွင့်လျက်ရားဥပဒေနှင့်အညီရင်ဆိုင်ဖြေရှင်းသွားမည်ဖြစ်ပြီးလာမည့်ရွေးကောက်ပွဲတည်ငြိမ်အေးချမ်းရေးအတွက်သာကေတအကြမ်းဖက်မှုကိုမည်သည့်တုန့်ပြန်မှုမျှမပြုလုပ်ရန် NLD ပါတီကတိုက်တွန်းထားသည်။

The Voice Weekly

No comments:

Post a Comment

My Blog List