Monday, November 02, 2015

လေယာဉ်ပျက်ကျသည့်အထဲ ပါဝင်သူများအတွက် ရုရှားအလံတ၀က်လွှင့်ထူ



အီဂျစ်မှာ ပျက်ကျသွားတဲ့ လေယာဉ်ပေါ်ပါသွားသူတွေအတွက် ၀မ်းနည်းခြင်းအဖြစ် ရုရှားနိုင်ငံမှာ အလံတ၀က် လွှင့်ထူထားပါတယ်။ ဆိုင်းနိုင်းကျွန်းဆွယ်ဒေသမှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၃၁ ရက်နေ့က ပျက်ကျသွားတဲ့ လေယာဉ်ပေါ်မှာ လူ ၂၂၄ ယောက် လိုက်ပါပြီး သေဆုံးသွားခဲ့တာပါ။
နိုဝင်ဘာ ၁ ရက်နေ့မှာ မော်စကိုမြို့သားတွေက ခရစ်ယာန် ဘုရားရှိခိုးကျောင်းတွေမှာ ကွယ်လွန်သူတွေအတွက် ရည်စူးတဲ့ ဆုတောင်းပွဲတွေ ပြုလုပ်ကြပါတယ်။
ပြည်သူတွေကြားထဲမှာ ၀မ်းနည်း စိတ်မကောင်းဖြစ်မှုနဲ့ စိုးရိမ်ပူပန်မှုတွေ ရှိနေပါတယ်။ ရုရှားလေကြောင်းလိုင်းပိုင် အဲဘက်စ် Airbus A321 လေယာဉ်ဟာ ပင်လယ်နီ အပန်းဖြေစခန်းကနေ ရုရှားနိုင်ငံစိန့်ပီတာစဘတ်(St Petersburg) ဆီကို ပျံသန်းနေတုန်း နေ့ခင်းအချိန်မှာပဲ ပျက်ကျခဲ့တာလို့ လေကြောင်းဝန်ကြီးဌာနက ပြောပါတယ်၊
အိုင်အက်စ်အကြမ်းဖက် အဖွဲ့နဲ့ ဆက်နွယ်နေတဲ့ အီဂျစ် စစ်သွေးကြွအဖွဲ့က သူတို့ လက်ချက်လို့ ကြေညာခဲ့ပါတယ်။ ဆီရီးယားမြေပေါ်မှာ ရုရှားလေကြောင်း ထိုးစစ်တွေအတွက် လက်စားချေတာလို့ ဆိုပါတယ်။ ဒါပေမ့ယ် ရုရှား ပို့ဆောင်ရေးဝန်ကြီးဌာနကတော့ အကြမ်းဖက်အဖွဲ့ရဲ့ ကြေညာချက်ဟာ ယုံကြည်လောက်စရာ အကြောင်းမရှိဘူးလို့ ပြောပါတယ်။ လေယာဉ်ပေါ်မှာ ရုရှား ၂၁၄ ယောက်နဲ့ ယူကရိန်းနိုင်ငံသား ၃ ယောက် ပါဝင်ပါတယ်။
DVB
ဒီအဖြစ်အပျက်အတွက် ရုရှားမှာ နိုဝင်ဘာ ၁ ရက်နေ့ကို ၀မ်းနည်းဖွယ်နေ့အဖြစ် သမ္မတ ပူတင်က ကြေညာပေးခဲ့ပါတယ်။

No comments:

Post a Comment

My Blog List