Friday, November 06, 2015

ဒေါ်အောင်ဆန်းစုကြည်အစိုးရဖွဲ့နိုင်ရေးသူရဦးရွှေမန်းကူညီမည်ဟုဆို


ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော NLD အစိုးရဖွဲ့နိုင်ရေးအတွက် မိမိကူညီမည်ဟု သူရဦးရွှေမန်းကပြောဆိုလိုက် ကြောင်း ရိုက်တာသတင်းဌာနက ရေးသားဖော်ပြလိုက်သည်။ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရ ဦးရွှေမန်းသည် ၎င်း၏ဖြူးမဲဆန္ဒ နယ်အတွင်းရွေးကောက်ပွဲအောင် နိုင်ရေးမဲဆွယ်စည်းရုံးမှုအပြီး ရိုက်တာသတင်းဌာနနှင့်တွေ့ဆုံရာတွင် ယင်းကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်ကြောင်း ရိုက်တာက နိုဝင်ဘာ ၅ရက်ကရေးသားဖော်ပြ ခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်ဦး ဆောင်သည့် NLDပါတီအနေဖြင့် ရွေးကောက်ပွဲတွင်နေရာအများစုအနိုင်မရခဲ့လျှင် မိမိအနေဖြင့် ဒေါ်အောင် ဆန်းစုကြည်အစိုးရဖွဲ့နိုင်ရေးအ တွက် ကူညီပေးမည်ဖြစ်ကြောင်း ၎င်း အနေဖြင့် ဒေါ်အောင်ဆန်းစုကြည် နှင့် ရံဖန်ရံခါတွေ့ဆုံပြီး ပွင့်ပွင့်လင်း လင်းဆွေးနွေးမှုများရှိကြောင်း၊ ယေဘုယျအားဖြင့် အခြေခံအချက်များ တွင် သဘောတူညီ မှုများရှိခဲ့ကြောင်း လည်း သူရဦးရွှေမန်းက ရိုက်တာသို့ ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် ဦး ဆောင်သည့် NLD ပါတီသည် မြန်မာနိုင်ငံတွင်လူထုထောက်ခံမှုအများဆုံး ပါတီဖြစ်ကြောင်း၊ မိမိတို့၏ပြည်ခိုင်ဖြိုးပါတီသည် ရွေးကောက်ပွဲတွင် အနိုင်ရရှိမည်ဟုယုံကြည်ကြောင်း နှင့်နိုင်ငံတော်၏အကျိုးစီးပွားသည် တစ်ဦးတစ်ဖွဲ့၏အကျိုးစီးပွားထက် ပိုမိုအရေးကြီးပြီး ပါတီချင်းပူးပေါင်း ဆောင်ရွက်မှုသည်သာ အနာဂတ် မြန်မာ့နိုင်ငံရေးအတွက် အရေးကြီး ကြောင်း သူရဦးရွှေမန်းကထပ်လောင်း ပြောကြားထားသည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်းသည်ပြည်ခိုင်ဖြိုးပါတီ၏ထိပ်ပိုင်းခေါင်းဆောင်နေရာမှ ဖယ် ရှားခံထားရသူတစ်ဦးဖြစ်ပြီး နိုဝင် ဘာ ၄ရက်နေ့က ၎င်းအားပါတီမှ ထုတ်ပယ်လိုက်ပြီဆိုသည့်သတင်းများကျယ်ပြန့်လာခဲ့သော်လည်း ပြည်ခိုင်ဖြိုးပါတီ (ဗဟို)က ထိုသတင်း မှာကောလာဟလသာဖြစ်ကြောင်း ယင်းနေ့မှာပင် ထုတ်ပြန်ခဲ့သည်။

Ref: Reuter, VOA
Democracytoday

No comments:

Post a Comment

My Blog List