Thursday, November 05, 2015

သမ္မတ ပါတီလုပ်ငန်း ဆောင်ရွက်နေမှု ရွေးကောက်ပွဲ ကော်မရှင်သို့ ဒီချုပ် တိုင်ကြား


မဲဆွယ်စည်းရုံးရေးကာ လအတွင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ပါတီလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေခြင်း အပေါ် လိုအပ်သလိုဆောင်ရွက် ပေးရန်ဟုဆိုကာ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ပါတီက ပြည် ထောင်စုရွေးကောက်ပွဲကော်မ ရှင်သို့ နိုဝင်ဘာ ၂ ရက် နေ့စွဲဖြင့် တိုင်ကြားစာပေးပို့ခဲ့သည်။
သမ္မတက ပါတီလုပ်ငန်းများ ဆောင်ရွက်နေမှုသည် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၆၄ ကို ဆန့် ကျင်ချိုးဖောက်ခြင်းဖြစ်ပြီး ဖွဲ့ စည်းပုံအခြေခံဥပဒေပုဒ်မ ၆၅ ပါ သမ္မတနှင့်ဒုသမ္မတများပြုထား သောကတိသစ္စာကိုပါ ဆန့်ကျင် ချိုးဖောက်ခြင်းဖြစ်ကြောင်း ဒီချုပ် ၏တိုင်ကြားစာတွင်ပါရှိသည်။

သမ္မတက ပါတီလုပ်ငန်းများ ဆောင်ရွက်နေခြင်းသည် အောက် တိုဘာလအတွင်း ကန့်ဘလူ၊ ထီး ချိုင့်၊ မိတ္ထီလာ၊ ပဲခူး၊ ဘုတ်ပြင်းနှင့်ကော့သောင်းမြို့နယ်များသို့သွား ရောက်သော သမ္မတ၏ ခရီးစဉ် များအတွင်း ပြည်ခိုင်ဖြိုးပါတီဝင်များက ကြိုဆိုနှုတ်ဆက်ခြင်းနှင့်အချို့မြို့နယ်များ၌ ‘‘ဥက္ကဋ္ဌကြီး ကျန်းမာပါစေ’’ဟု ကြွေးကြော်ခြင်းများ ဖြစ်ကြောင်း ဒီချုပ်က ကော်မရှင်ကို ပေးပို့သော စာတွင် ဖော်ပြထားသည်။

အဆိုပါဖြစ်စဉ်များတွင် အ ခြားနိုင်ငံရေးပါတီများ လုံးဝမပါ ဝင်ခြင်းက သမ္မတဦးသိန်းစိန်အ နေဖြင့် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားပြုလှုပ်ရှားခြင်းမှာ ထင်ရှား ကြောင်း တိုင်စာတွင် ဖော်ပြထား သည်။

ရွေးကောက်ပွဲနှင့် ပတ်သက်သော လုပ်ရပ်မှန်သမျှသည် တည်ဆဲဥပဒေများနှင့်လည်းကောင်း၊ရွေးကောက်ပွဲဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်လည်းကောင်းကိုက်ညီမှုရှိရန် လိုအပ်သဖြင့် လိုအပ်သလို ဆောင်ရွက်ပေးပါရန်တင်ပြခြင်းဖြစ်ကြောင်း ဒီချုပ်ကတိုင်ကြားရခြင်းအကြောင်းကို ရှင်းလင်းထားသည်။

‘‘သူတို့က သူငယ်ချင်းတွေ လေ။ ဘာမှ အရေးယူမှာမဟုတ် ဘူး။ ဒါပေမဲ့ အခု မြန်မာနိုင်ငံမှာ နိုင်ငံတကာက လေ့လာစောင့် ကြည့်သူတွေ ရောက်နေတယ်။ သူတို့ သိသွားတာပေါ့။ ကျွန်တော်တို့က မတရားတာကိုတော့ ဖော်ထုတ်ဖို့ တာဝန်ရှိတယ်’’ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအ လုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်း ထိန်က ပြောသည်။

အထက်ပါတိုင်ကြားမှုနှင့် ပတ်သက်၍ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်သို့ ဆက် သွယ်မေးမြန်းရာ အစည်းအဝေး များရှိနေသဖြင့် ယင်းကိစ္စကို မသိ ရှိသေးကြောင်း ကော်မရှင် အ တွင်းရေးမှူး ဦးတင်ထွန်းက ပြော ကြားသည်။

ပြည်ခိုင်ဖြိုးပါတီ၏ နိုင်ငံ တစ်ဝန်း မဲဆွယ်မှုများတွင် နိုင်ငံ တော်သမ္မတဦးသိန်းစိန်၏အမည် နှင့် ဓာတ်ပုံကို အသုံးပြုကာ မဲ ဆွယ်လျက်ရှိသည်။

နိုင်ငံပိုင်မီဒီယာများ၏ဖော် ပြချက်တွင် သမ္မတခရီးစဉ်များအ တွင်း ပြည်ခိုင်ဖြိုးပါတီဝင်များက ပါတီအလံများဝှေ့ယမ်းကာ ကြို ဆိုနှုတ်ဆက်ခဲ့ကြသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ ပုသိမ်အမတ် ဦးဝင်းမြင့်က ပြီးခဲ့သည့်လွှတ်တော်သက်တမ်း အတွင်း နိုင်ငံတော်သမ္မတက ပါ တီဥက္ကဋ္ဌရာထူး ယူထားခြင်းမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ချိုး ဖောက်ခြင်း ရှိ၊ မရှိမေးမြန်းခဲ့ပြီး သမ္မတရုံးဝန်ကြီးဦးစိုးမောင်က ပါ တီလုပ်ငန်းများမဆောင်ရွက်ရန် သာပါရှိပြီး ပါတီမှ နုတ်ထွက်ရန် မလိုသဖြင့် အခြေခံဥပဒေကို ချိုး ဖောက်ခြင်း မရှိဟု ဖြေကြားခဲ့ သည်။

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဖြစ် သည့် သမ္မတက ပါတီလုပ်ငန်းများ မဆောင်ရွက်နိုင်၍ ဒုဥက္ကဋ္ဌ ဦးဌေး ဦးကို ဥက္ကဋ္ဌပူးတွဲတာဝန် ထမ်း ဆောင်ထားစေသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ် မ ၆၄ တွင် နိုင်ငံတော်သမ္မတ(သို့ မဟုတ်) ဒုတိယသမ္မတများသည် ရာထူးသက်တမ်းအတွင်း ပါတီ လုပ်ငန်းများ၌ ပါဝင်ဆောင်ရွက် ခြင်းမပြုရဟုပြဋ္ဌာန်းထားပြီး ပုဒ်မ ၆၅ တွင် ကတိသစ္စာပြုရာ၌လည်း နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းစောင့်သိ လိုက်နာ ရိုသေပြီး နိုင်ငံတော်၏ ဥပဒေများ ကို လိုက်နာကျင့်သုံး ဆောင်ရွက် ပါမည်ဟူသော စကားရပ်ပါဝင် သည်။

7Day News Journal

No comments:

Post a Comment

My Blog List