Monday, November 02, 2015

ထင်ရှားသည့် စာရေးဆရာကြီးသုံးဦးအား တစ်သက်တာစာပေဆုရှင်များ အဖြစ် ရွေးချယ်


ဆရာကြီးဦးခင်မောင်စိုး (မောင်ပေါ်ထွန်း)နှင့် ဆရာကြီး ဦးကိုလေး(ကိုလေး-အင်းဝဂုဏ် ရည်)တို့အား ၂၀၁၄ အတွက် အ မျိုးသားစာပေတစ်သက်တာဆု ရှင်များအဖြစ် ပြန်ကြားရေးဝန် ကြီးဌာန အမျိုးသားစာပေဆုစိစစ် ရွေးချယ်ရေးကော်မတီက ရွေး ချယ်ခဲ့ကြောင်း သတင်းရရှိသည်။
အမျိုးသားစာပေဆုစိစစ် ရွေးချယ်ရေးကော်မတီသည် မြန် မာနိုင်ငံတွင် မြန်မာစာပေအကျိုး ကို ထူးချွန်ပြောင်မြောက်စွာ တစ် သက်တာလုံး အားထုတ်ရေးသား ပြုစုခဲ့သည့်ဆောင်ရွက်ချက်များ ကို နိုင်ငံတော်က အသိအမှတ်ပြု သောအားဖြင့် အဆိုပါဆရာကြီး သုံးဦးအား ၂၀၁၄ အတွက် အမျိုး သားစာပေ တစ်သက်တာဆုရှင် များအဖြစ် ရွေးချယ်ခဲ့ခြင်းဖြစ် ကြောင်း ကြေညာခဲ့သည်။

အမျိုးသားစာပေတစ်သက် တာဆုကို ၂၀၀၁ တွင် စတင် ချီးမြှင့်ခဲ့ပြီး ၂၀၁၂ မှစ၍ အမျိုး သားစာပေတစ်သက်တာဆုရှင် သုံးဦးအထိ တိုးမြှင့်ချီးမြှင့်ခဲ့ သည်။ အမျိုးသားစာပေ တစ်သက်တာ ဆုအဖြစ် စာပေပညာရှင်တစ်ဦး ချင်းစီအား ငွေကျပ် ၂၅ သိန်းပေး အပ်ချီးမြှင့်မည်ဖြစ်ကြောင်း အမျိုး သားစာပေဆု စိစစ်ရွေးချယ်ရေး ကော်မတီမှ သိရသည်။

အမျိုးသားစာပေဆု စိစစ် ရွေးချယ်ရေးကော်မတီက ၂၀၁၄ အတွင်း ပထမအကြိမ်ထုတ်ဝေခဲ့ သည့် စာအုပ်များကို စိစစ်ရွေး ချယ်၍ အမျိုးသားစာပေဆုအဖြစ် ဝတ္ထုရှည်စာပေဆု၊ ဝတ္ထုတိုပေါင်း ချုပ်စာပေဆု၊ ကဗျာပေါင်းချုပ် စာပေဆု၊ စာပဒေသာစာပေဆု၊ မြန်မာ့ယဉ်ကျေးမှုနှင့် အနုပညာ ဆိုင်ရာစာပေဆု၊ ကလေးစာပေ ဆု၊ လူငယ်စာပေဆု၊ ဘာသာပြန် သုတစာပေဆု၊ ဘာသာပြန်ရသ စာပေဆု၊ သုတပဒေသာဝိဇ္ဇာဘာ သာရပ်စာပေဆု၊ သုတပဒေသာ ရိုးရိုးသိပ္ပံဘာသာရပ်စာပေဆု၊ သုတပဒေသာအသုံးချသိပ္ပံစာပေ ဆု၊ နိုင်ငံရေးစာပေဆု၊ အင်္ဂလိပ် ဘာသာသုတစာပေဆု၊ အင်္ဂလိပ် ဘာသာရသစာပေဆု ၁၅ ဆု ပေး အပ်ချီးမြှင့်ခဲ့သည်။

အမျိုးသားစာပေတစ်သက် တာဆု၊ အမျိုးသားစာပေဆုနှင့်စာ ပေဗိမာန် စာမူဆုများ ချီးမြှင့်ပွဲအ ခမ်းအနားကို ရန်ကုန်မြို့ မြို့မ ကျောင်းလမ်းရှိ အမျိုးသားကဇာတ်ရုံ၌ ဒီဇင်ဘာ ၁၂ ရက်တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း အဆိုပါကော်မတီမှ သိရသည်။

7Day News Journal

No comments:

Post a Comment

My Blog List