Monday, November 02, 2015

ရုရှလေယာဉ်ပျက်ကျမှု သေဆုံးသူ ၁၀၀ ကျော်ထက်မနည်း ရုပ်အလောင်းများ တွေ့ရှိ


အီဂျစ်နိုင်ငံ စီနိုင်ကျွန်းဆွယ်တွင် ပျက်ကျခဲ့သည့် ရုရှခရီးသည်တင်လေယာဉ် မှ ကလေးရုပ်အလောင်း ငါးလောင်းအပါအဝင် သေဆုံးအလောင်းပေါင်း ၁၀၀ ကျော်ထက်မနည်းကို အီဂျစ်ရှာဖွေကယ်ဆယ်ရေးအဖွဲ့များက တွေ့ရှိ ကြောင်း တာဝန်ရှိသူတစ်ဦးက ရိုက်တာသတင်းဌာနသို့ ပြောသည်။
"တကယ်စိတ်မကောင်းစရာ မြင်ကွင်းကို ကြည့်နေရတာပါ။ မြေပြင်မှာ အလောင်းတွေ တော်တော်များများကို တွေ့နေရတယ်။တစ်ချို့အလောင်း တွေဆို ထိုင်ခုံမှာပဲ ခါးပတ်ပတ်ထိုင်လျက်အနေအထားနဲ့ တွေ့ရတာပါ။"ဟု အမည်မဖော်သည့် တာဝန်ရှိသူက ပြောခဲ့သည်။

"လေယာဉ်ကို နှစ်ပိုင်းကွဲထွက်သွားတာပါ။ အမြီးပိုင်းနေရာလေးက ကိုယ်ထည်နဲ့ ပြတ်ထွက်ပြီး ကွဲထွက်သွားတာပဲဖြစ်ပါတယ်။ နောက်မီးလောင်ပြီး လေယာဉ်ကိုယ်တည်က ကျောက်ဆောင်နဲ့ တိုက်မိတာပါ။ လတ်တလော လေယာဉ်ကိုယ်ထည်အတွင်းက အလောင်းပေါင်း တစ်ရာထက်မနည်းကို ဆွဲထုတ်ထားရပါပြီ။ လေယာဉ်အတွင်း ကျန်နေတဲ့ သူတွေရှိနေပါသေးတယ်။"ဟု ၎င်းကပြောခဲ့သည်။

အဆိုပါလေယာဉ်သည် အီဂျစ်နိုင်ငံမှ ရုရှသို့ ဦးတည်ပျံသန်းသည့် ရုရှလေကြောင်းလိုင်းမှ ခရီးသည် ၂၁၂ ဦးလိုက်ပါပျံသန်းလာခဲ့သည့် လေယာဉ်ဖြစ်သည်။

Ref: CNA
Mizzima - News in Burmese

No comments:

Post a Comment

My Blog List