Friday, November 06, 2015

မဲစာရင်းများ မှားယွင်းရခြင်းမှာ ပါတီကြီးတစ်ခု၏ ဝေဖန်ပြစ်တင်မှုကြောင့်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဆို


မဲစာရင်းမှားယွင်းမှုများ ဖြစ်ပေါ်ခဲ့ခြင်းသည် နိုင်ငံရေးပါတီ များက မဲဆန္ဒရှင်များအား စည်းရုံးမှုမပြုခဲ့သောကြောင့်ဖြစ်ပြီး စက် တင်ဘာအတွင်း မဲစာရင်းများ နိုင်ငံတစ်ဝန်း ကြေညာခဲ့စဉ်က လည်း ပါတီကြီးတစ်ခု၏ ဝေဖန် ပြစ်တင်မှုကြောင့် လာရောက် ကြည့်ရှုသူများ နည်းပါးခဲ့၍ မဲစာ ရင်းအမှန်မရခဲ့ကြောင်း ပြည် ထောင်စုရွေးကောက်ပွဲကော်မ ရှင်က တရားဝင်ထုတ်ပြန်ကြေ ညာသည်။
ယခင်က ယင်းကိစ္စနှင့်ပတ် သက်၍ ကော်မရှင်တာဝန်ရှိသူများက တစ်ဦးချင်း ပြောဆိုမှုများ ပြုလုပ်ခဲ့သော်လည်း ရွေးကောက် ပွဲကျင်းပရန် သုံးရက်အလို နိုဝင် ဘာ ၅ ရက်တွင် တရားဝင် ထုတ် ပြန်ကြေညာခြင်းဖြစ်သည်။

ကော်မရှင်သည် မဲစာရင်း များမှန်ကန်ရေးအတွက် မြို့နယ် အလိုက်ခွဲကာ အကြိုမဲစာရင်းများ ကို လေးကြိမ်တိတိ ကပ်ထားကြေ ညာပေးခဲ့သော်လည်း ထိုကဲ့သို့ ထုတ်ပြန်ချိန်၌ မှားနေသော မဲစာ ရင်းများကို ပြစ်တင်ဝေဖန်မှုသာ ပြုလုပ်ခဲ့ပြီး မဲစာရင်းမှန်ကန်ရေး နိုင်ငံရေးပါတီများက ပူးပေါင်း ဆောင်ရွက်မှုမရှိခဲ့ကြောင်း ထုတ် ပြန်ချက်တွင် ဖော်ပြသည်။

မဲဆန္ဒရှင်စာရင်းများ မှန် ကန်စေရေးကော်မရှင်က အလေး အနက်ထားဆောင်ရွက်ခဲ့ပြီး နိုင်ငံ ရေးပါတီများနှင့် လူမှုအဖွဲ့အ စည်းများက ပြည်သူလူထုသို့ အသိပညာပေးစည်းရုံးဆောင် ရွက်မှုပြုရန်ဖိတ်ခေါ်မှုများ ပြု လုပ်ခဲ့ကြောင်း ဖော်ပြသည်။

‘‘အရင်က သူတို့က မဲစာရင်း နဲ့ပတ်သက်လို့ ပူးပေါင်းကူညီဖို့ ပြောတာတော့ရှိခဲ့တယ်။ ဘယ် လိုပါဝင်လို့ရလဲဆိုတာ မပြော ဘူး။ ဘယ်လိုလုပ်နိုင်တယ်ဆိုတာ တိကျတဲ့ ညွှန်ကြားချက်မရှိခဲ့ဘူး။ အဲဒီတော့ နိုင်ငံရေးပါတီတွေက သူ့နည်းသူ့ဟန်နဲ့ ၀င်လုပ်လို့ ကျွံ သွားရင် ဘယ်လိုလုပ်မလဲ။ ပါတီ တွေက ပြောတော့လည်း ကော်မ ရှင်က လုပ်ချင်မှလုပ်တာ။ အောက်ခြေကော်မရှင်တွေဆို သူ တို့ပြောလည်း လက်ခံချင်မှ လက် ခံတာ။ မဲစာရင်းမမှန်ရခြင်းအ ကြောင်းရင်းက နိုင်ငံရေးပါတီ တွေကြောင့်ဆိုတာကတော့ လွဲနေတယ်။ အောက်ခြေမှာဆို ကော်မ ရှင်လူအင်အားကမလုံလောက် တာမျိုးဖြစ်သလို လုပ်နေရတာ ကြောင့် အများကြီးသက်ဆိုင် တယ်’’ဟု ခေတ်သစ်ပြည်ထောင် စုပါတီဥက္ကဋ္ဌ ဦးအောင်သန်းက ပြောသည်။

စက်တင်ဘာ ၇ ရက်မှ ၁၄ ရက်အထိ ထုတ်ပြန်ကြေညာခဲ့ သော မဲစာရင်းများတွင် မှားယွင်း မှုများဖြစ်ပေါ်နေခြင်း၊ မပါသင့် သူများပါရှိနေခြင်းကြောင့် တရား မျှတသော ရွေးကောက်ပွဲဖြစ်လာ ရန် မျှော်လင့်ချက်နည်းပါးကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဗဟိုကော်မ တီဝင် ဦးဉာဏ်ဝင်းက ပြည်တွင်း သတင်းစာရှင်းလင်းပွဲတစ်ခု၌ ပြောကြားထားသည်။

ကော်မရှင်က ထုတ်ပြန်ကြေ ညာသည့် မဲစာရင်းများတွင် အ မည်မပါဝင်ခြင်း၊ မဲစာရင်းထပ်နေ ခြင်းများကို သတ်မှတ်ပုံစံများနှင့် အညီ သက်ဆိုင်ရာကော်မရှင်အ ဖွဲ့ခွဲများထံသို့ တင်ပြလျှောက်ထားသော်လည်း နောက်ဆုံးအတည်ပြုမဲစာရင်းများထွက်ပေါ်လာသည်အထိ မှားယွင်းမှုများဖြစ်ပေါ်နေဆဲဖြစ်ကြောင်း မဲဆန္ဒရှင်အချို့က ပြောသည်။

‘‘မဲစာရင်းမှာ နာမည်မပါလို့ ပုံစံ ၃ နဲ့ လျှောက်ထားတယ်။ အ ရင်တစ်ခါထုတ်တဲ့ မဲစာရင်းမှာမ ပါဘူး။ အဲဒါကြောင့် ကော်မရှင် ကို သွားပြောတော့ နောက်တစ် ခေါက်မှာ ပါမယ်ပြောတယ်။ အ ခုနောက်ဆုံးထုတ်တဲ့ မဲစာရင်းမှာ လည်း မပါပြန်ဘူး’’ဟု ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်နေ ဦးအေး ဟန်က ပြောသည်။

‘‘မဲစာရင်းမှားယွင်းမှုတွေအ ပေါ်မှာ ပြည်သူတွေက တော် တော်လေးကို စိတ်အနှောင့်အ ယှက်ဖြစ်ကြတယ်။ ရည်ရွယ်ချက် ရှိရှိနဲ့ တမင်ဒုက္ခရောက်အောင် အကြံအဖန်လုပ်ကြတယ်လို့ တောင် ပြောကြတယ်။ တရားမျှ တပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲ ဖြစ်လာဖို့ကို တော်တော်သံသယ ဖြစ်စရာ ကောင်းနေတယ်’’ဟု အ မျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာ ယကဦးတင်ဦးက မဲစာရင်းမှား ယွင်းမှုများနှင့် ကော်မရှင်၏ ဆောင်ရွက်ချက်အပေါ် စက်တင် ဘာ ၂၁ ရက်က ပြုလုပ်သည့် ပြည်တွင်းသတင်းစာရှင်းလင်းပွဲ တွင် ပြောကြားထားသည်။

7Day News Journal

No comments:

Post a Comment

My Blog List