Tuesday, November 03, 2015

NCA လက်မှတ် ရေးထိုးထားခြင်း မရှိသည့် လက်နက်ကိုင်အဖွဲ့များနှင့် တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေခြင်းကြောင့် အပစ်ရပ် လက်မှတ်ထိုးသည့် အထဲ ပါဝင်လာ အောင် ဆွေးနွေးနေဟု ဆို


အပစ်အခတ်ရပ်စဲရေး အတွက် လက်မှတ်ထိုးထားသည့် အဖွဲ့များအတွင်း မပါဝင်သည့် အဖွဲ့များနှင့် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားလျက်ရှိရာ တိုက်ပွဲများ ရပ်ဆိုင်း၍ ယုံကြည်မှု တည်ဆောက်ကာ အပစ်အခတ်ရပ်စဲ ရေးတွင် ပါဝင်လာနိုင်ရေးကိုလည်း JMC ဆွေးနွေးပွဲတွင် ဆွေးနွေးခဲ့သည်ဟု ABSDF ဗဟိုဦးဆောင်ကော်မတီဝင် ရဲဘော်ဆလိုင်းယောအောင်က ပြောသည်။
“လက်မှတ်ထိုးတဲ့အထဲမှာ မပါသေးတဲ့ အဖွဲ့တွေနဲ့ တချို့ တိုက်ပွဲဖြစ်နေ တာတွေ ရှိတယ်။ အဲဒီတိုက်ပွဲတွေ လျှော့ချနိုင်အောင်၊ လျှော့ချနေရင်းက တစ်ဆင့် ရပ်ဆိုင်းနိုင်အောင်၊ အဲလိုရပ်ဆိုင်းမှပဲ တစ်ဖက်က ယုံကြည်မှု ရှာပြီးတော့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးတဲ့အထဲကို ၀င်လာမယ်။ ဒါကြောင့် ဒီအပစ် အခတ်ရပ်စဲရေး ဒီအဖွဲ့တွေ ပါလာနိုင်ရေးအတွက်ကို ကျွန်တော်တို့ဘက်က ဆွေးနွေးခဲ့တယ်” ဟု ရဲဘော်ဆလိုင်းယောအောင်က ဆိုသည်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့၏ ကိုယ်စားလှယ်များနှင့် အစိုးရအကြား Joint Monitoring Committee Meeting ( ပစ်ခတ်တိုက် ခိုက်မှု ရပ်စဲရေး ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ အစည်းအဝေး ) ကို ရန်ကုန်မြို့ရှိ Myanmar Peace Center တွင် သုံးရက်ကြာ ပြုလုပ်ခဲ့ကြ ခြင်းဖြစ်သည်။

“သုံးရက်တာ JMC ဆွေးနွေးပွဲမှာတော့ နှစ်ဦးနှစ်ဖက် အပြုသဘော ဆောင်ပြီး ဆွေးနွေးတယ်။ ဆွေးနွေးမှုအတွက် ကျေနပ်မိပါတယ် ။ ဘာဖြစ် လို့လဲဆိုတော့ အခုကျွန်တော်တို့ COC နှစ်ဦးနှစ်ဖက် စစ်သည်တော်တွေ လိုက်နာရမယ့် ကျင့်ဝတ်တွေ ဒါတွေ ကျွန်တော်တို့အတည်ပြုနိုင်ခဲ့တယ်။ နောက်တစ်ခုကတော့ JMC U ပေါ့။ U ဆိုတာကတော့ ကျွန်တော်တို့ ဖွဲ့စည်းပုံတစ်ခုကို အတည်ပြု နိုင်ခဲ့တယ်။ JMC ရဲ့လုပ်ငန်းတာဝန်တွေကို အတည်ပြုနိုင်ခဲ့တယ်။ ဒါတွေ အတည်ပြုနိုင်ပြီ ဆိုတော့ ရှေ့မှာတော့ ဒီလုပ်ငန်းတွေကို ကျွန်တော်တို့က အကောင်အထည် ဖော်သွားမှာ ဖြစ်ပါ တယ်” ဟုလည်း ဆွေးနွေးပွဲနှင့် ပတ်သက်၍ ရဲဘော်ဆလိုင်းယောအောင်က ပြောကြားခဲ့သည်။

သတင်း - ဇော်မင်းထွန်း
The Ladies News Journal

No comments:

Post a Comment

My Blog List