Monday, November 02, 2015

ပေးထားသည့် ကတိများကို ၂ နှစ်အတွင်း အကောင်အထည်ဖော်ပေးမည်ဟု ဦးမြင့်လှိုင်ပြော


နေပြည်တော် ဒက္ခိဏသီရိ မြို့နယ်တွင် ဝင် ရောက်ယှဉ်ပြိုင်မည့် လယ်ဆည် ဝန်ကြီး ဦးမြင့်လှိုင်က ၎င်းကတိပြု ထားသည့် အချက် ခုနစ်ချက်ကို ၂ နှစ် အတွင်း အကောင်အထည် ဖော်ပေးမည်ဟု ထပ်မံ ကတိပြု ပြောကြားခဲ့သည်။ နိုဝင်ဘာ ၁ ရက် နံနက် ၈ နာရီခန့်မှစတင်၍ ဒက္ခိဏသီရိမြို့ နယ် ရန်အောင် မြင်ကျေးရွာတွင် ဒက္ခိဏသီရိမြို့နယ်လုံးကျွတ် ပါ တီဝင်များ စုံညီစုပေါင်းစည်းရုံးပွဲကို တစ်နာရီကြာပြုလုပ်ခဲ့ပြီး ပါတီဝင် တစ်ထောင်ကျော် တက် ရောက်ခဲ့သည့် အခမ်းအနား၌ ပြောကြားခဲ့ခြင်းဖြစ်သည်။
‘‘မနက်ဖြန်ကနေစပြီး တစ် နှစ်၊ ၂ နှစ်အတွင်းမှာ အားလုံးညီ ညီညွတ်ညွတ် စည်းစည်းရုံးရုံးနဲ့ ကြိုးစားကြမယ်။ တစ်ယောက်ကို တစ်ယောက် စိတ်ရှည် သည်းခံပြီး တော့မှ တိုင်းပြည်တိုးတက်ဖို့၊ မိမိ ကျေးရွာတွေ တိုးတက်ဖို့၊ အမျိုး ဘာသာ သာသနာကို စောင့် ရှောက်ဖို့ တူညီတဲ့ခံယူချက်ပန်း တိုင် ငါတို့အားလုံးမှာ တာဝန်ရှိ တယ်။ ဒီလိုညီညွတ်တဲ့ စိတ်နဲ့သာ ဆောင်ရွက် သွားရင် အင်မတန်မှ အသေချာဆုံး မြေကြီးလက်ခတ် မလွဲကျေးရွာတွေ မလွဲမသွေ ဖွံ့ ဖြိုးတိုးတက်လာမယ်လို့ ရဲရဲကြီး အာမခံ ပြောကြားလိုပါတယ်’’ဟု ၎င်းကတိပြုချက်များနှင့် ပတ် သက်၍ ပြောကြားခဲ့ခြင်း ဖြစ် သည်။

‘‘လယ်ဆည်ဝန်ကြီး ဦးမြင့် လှိုင် ကတိပြုထားသည့်အချက် ခုနစ်ချက်မှာ အမျိုးဘာသာသာသ နာ တည်တံ့ပြန့်ပွားရေး၊ တိုင်း ပြည် တည်ငြိမ်အေး ချမ်းရေးအ တွက် တရားဥပဒေစိုးမိုးရေး၊ လူ တိုင်းအာမခံအလုပ်အကိုင် အခွင့် အလမ်းရရှိရေး၊ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့်တောင်သူ များ၏ဝင်ငွေ နှစ်ဆတိုးတက်ရေး၊ ရပ်ကွက်ကျေးရွာများတွင် (စီးပွား ရေး၊ လူမှုရေး၊ ကျန်းမာရေး)ဘက်စုံဖွံ့ဖြိုးရေး၊ ပညာရေးထူး ချွန်ထက်မြက်သော လူငယ်လူ ရွယ်များပေါ်ထွန်းရေး၊ သက်ကြီး ရွယ်အိုအဘိုးအဘွားများကို ထိ ထိရောက်ရောက်ထောက်ပံ့ကူညီ ရေးတို့ဖြစ်သည်။

ထို့အပြင် ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် အမျိုးသားနိုင် ငံရေး ပါတီတစ်ခု ဖြစ်ပြီး ကမ္ဘာ့အလယ်တွင် ဖွံ့ဖြိုး တိုးတက်နေသည့် နိုင်ငံများနည်း တူရင်ပေါင်တန်းနိုင်အောင်ဖော် ဆောင်ပေးမည်ဖြစ်၍ ခြင်္သေ့ပါတီ ကို ယုံကြည်စွာ မဲထည့်ရန် ပြော ကြားခဲ့သည်။ ‘‘နိုင်ငံနှင့် ပြည်သူ လူထုကို အလုပ်အကျွေးပြုနိုင်ရန် အတွက် ရိုးသားဖြူစင်စွာဖြင့် ပါ ဝင်ယှဉ်ပြိုင်သွားမည်’’ဟု ဦးမြင့် လှိုင်က ဆိုသည်။

သို့သော် ၎င်းဝင်ရောက်ယှဉ် ပြိုင်မည့် ဒက္ခိဏသီရိ မြို့နယ် သည် နေပြည်တော် ကောင်စီ၌ မဲဆွယ်စည်းရုံးစဉ် ပြည်ခိုင်ဖြိုးက မဘသတံဆိပ်ဖြင့် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ကို မဲမပေးရန် လက်ကမ်းစာစောင်များဝေငှမှု၊ မီ တောဘောက်စ်များပေးကာ မဲ ဆွယ်စည်းရုံးမှု၊ ဒီချုပ်အမတ် လောင်းများတိုက်ခိုက်ခံရမှုတို့ အ များဆုံးဖြစ်ပွားခဲ့သည့် နယ်မြေ တစ်ခုဖြစ်သည်။ ဒက္ခိဏသီရိမြို့ နယ်ရှိ ကျေးရွာအချို့တွင် မီတာ ဘောက်စ်ပေးကာ ပြည်ခိုင်ဖြိုးပါ တီကို မဲထည့်ရန် ၎င်းပါတီ၏ရပ်/ ကျေးအောင်နိုင်ရေး ကိုယ်စား လှယ်များက ပြောဆိုခဲ့သည်ဟု တွေ့ဆုံခဲ့သည့် ဒေသခံများထံမှ စုံစမ်းသိရသည်။

အထက်ပါ ပြောကြားမှုနှင့် ပတ်သက်၍ ၎င်းက ‘‘ဒါက ကော လာဟလတွေပါ။ အစိုးရရဲ့လုပ် ဆောင်မှုတွေ၊ မဲဆန္ဒရှင်တွေနဲ့ အဘတို့ကြားမှာ တွေဝေသွား အောင် ကောလာဟလတွေ လွှင့် နေတာပါ’’ဟု ဦးမြင့်လှိုင်က ပြန် လည်ပြောဆိုခဲ့သည်။ ထို့အပြင် ဒီမိုကရေစီဆိုပြီး လမ်းပေါ်ထွက် ဆန္ဒပြအော်ဟစ်နေမှု၊ ဒို့အရေး ဒို့အရေးဆိုပြီး အော်ဟစ်နေမှုကိုပြု လုပ်နေရုံဖြင့် တိုင်းပြည်တိုးတက် မည်မဟုတ်ကြောင်းကိုလည်း၎င်းက ပြောကြားခဲ့သည်။

‘‘ကျွန်တော်တို့ ဒီနေ့ ဒီမိုကရေစီ၊ ဒီမိုကရေစီဆိုပြီးတော့မှ လမ်းပေါ်ထွက် ဆန္ဒပြ၊ အော်ဟစ်နေကြတယ်။ ဒို့အရေး၊ ဒို့အရေး ဆိုပြီးတော့မှ အော်နေကြတယ်။ ဒီလို လုပ်နေရင် ကျွန်တော်တို့တိုင်းပြည်ဟာ တိုးတက်မှာ မဟုတ်ပါဘူး။ ကိုယ်တိုင်တိုးတက်ချင်ရင် ကိုယ်တိုင်ကြိုးစားမှ၊ကိုယ်တိုင် ညီညွတ်မှ ဖြစ်မှာပါ’’ဟု ၎င်းက ဆိုသည်။

အဆိုပါတွေ့ဆုံပွဲတွင် ယင်းမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းလယ်ဆည်ဝန်ကြီးဟောင်း ဦးမြင့်လှိုင်က မိန့်ခွန်း ပြောကြားခဲ့ပြီး ဇေ ယျာသီရိမြို့နယ်တွင် ဝင်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ် လောင်း (ဗိုလ်ချုပ်ကြီးဟောင်း) ဦးလှဌေးဝင်းလည်း တက်ရောက်ခဲ့သည်။

7Day News Journal

No comments:

Post a Comment

My Blog List