Tuesday, November 03, 2015

ပူးပေါင်းဆောင်ရွက်လိုစိတ် မရှိသူတွေကို ဦးရွှေမန်း ဝေဖန်


ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌဟောင်း သူရ ဦးရွှေမန်းက သူရာထူးက ဖယ်ရှားခံရတဲ့ အကြောင်းနဲ့ ပတ်သက်လို့ ထုတ်ဖော်ပြောလိုက်ပါတယ်။ဒေါ်အောင်ဆန်းစုကြည်နဲ့ ပူးပေါင်းတဲ့အတွက် သူ ပါတီဥက္ကဋ္ဌ အဖြစ်ကနေ ဖယ်ရှားခံရတာ ဖြစ်နိုင်တယ်လို့ သူရ ဦးရွှေမန်းက ရွေးကောက်ပွဲမှာ သူဝင်အရွေးခံမယ့် ဖြူးမြို့နယ် မဲဆွယ်စည်းရုံးရေး ခရီးစဉ်မှာ ပြောခဲ့တဲ့ အကြောင်း တောင်ငူက သတင်းစာဆရာ ကိုဇေယျာက ဘီဘီစီကို ပြောပါတယ်။

လူ ၆၀၀ လောက် တက်ခဲ့တဲ့ ကညွတ်ကွင်းမှာ မဲဆွယ် စည်းရုံး ဟောပြောရာမှာ သူ့အနေနဲ့ ပါတီက မထွက်ဘဲ ဘယ်သူနဲ့မဆို ပူးပေါင်း ဆောင်ရွက်လိုတယ်လို့ ပြောဆိုပြီး ပူးပေါင်း ဆောင်ရွက်လိုစိတ် မရှိသူတွေက ဘယ်လို လူတွေလဲလို့ သူရ ဦးရွှေမန်းက မေးခွန်းထုတ်သွားကြောင်းလည်း သူက ပြောပါတယ်။

အခု အချိန်မှာ ဦးရွှေမန်းက ဒီလို စကားတွေ ပြောတာဟာ အပြောင်းအလဲကို လိုချင်နေကြတဲ့ ပြည်သူတွေနဲ့အတူ သူလည်း လိုက်ပါပြောင်းလဲပါတယ် ဆိုတာ ပြချင်တဲ့သဘောလို့ ကိုဇေယျာက သုံးသပ်ပါတယ်။

ဦးရွှေမန်း အပါအဝင် ကြံခိုင်ဖွံဖြိုးရေး ပါတီခေါင်းဆောင် တချို့ဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၁၂ နေ့ညက ပါတီ ရာထူးတွေကနေ ဖယ်ရှားခံခဲ့ကြရပါတယ်။

ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်နေတဲ့ အတိုက်အခံပါတီ အပါအဝင် ပါတီတွေဟာ ပြည်သူလူထုနဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ယူဆပြီး လုပ်ဆောင်ခဲ့မှုအပေါ် နိုင်ငံတော်သမ္မတ ခေါင်းဆောင်တဲ့ အစုအဖွဲ့က သဘောထား ကွဲလွဲခဲ့တဲ့ ပုံစံရှိခဲ့လို့ သူ အခုလို အရေးယူခံရတာဖြစ်နိုင်တယ်လို့ နိုဝင်ဘာလ ၁ ရက်နေ့က သတင်း မီဒီယာတွေကို ဦးရွှေမန်းက ပြောခဲ့တယ်လို့လည်း သိရပါတယ်။

BBC Burmese

No comments:

Post a Comment

My Blog List