Monday, November 02, 2015

ကြိုတင်မဲတွင် အမှန်ခြစ်နှင့် တံဆိပ်တုံးကို မဲရုံတာဝန်ရှိသူများနှင့် မဲပေးသူ များနားလည်မှုရှုပ်ထွေးနေ


ကြိုတင်ဆန္ဒမဲများပေးရာတွင် အမှန်ခြစ်ဖြင့် မဲပေးခြင်း နှင့်တံဆိပ်တုံးထု၍ မဲပေးခြင်းအပေါ် မဲဆန္ဒရှင်များနှင့် မဲရုံတာဝန်ရှိသူများ နားလည်မှုရှုပ်ထွေး နေ ကြောင်း သတင်းရရှိသည်။ ကြိုတင်မဲပေးရာ၌ မြို့နယ် ကော်မရှင်အဖွဲ့ခွဲရုံးများသို့ ပေးပို့ရသော ကြိုတင်မဲအမျိုးအစားနှင့် ရပ်ကွက်၊ ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံးများတွင် မဲပေးရသည့်ကြိုတင်မဲများဟု နှစ်မျိုးရှိပြီး မြို့နယ်ကော်မရှင်အဖွဲ့ခွဲသို့ ပေးပို့သည့် မဲများတွင် အမှန်ခြစ်၍ ရပ်/ကျေးတွင် ပေးရသည့်မဲများတွင် တံဆိပ်တုံးနှိပ်၍ မဲပေးရမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော် မရှင်မှ သတင်းရရှိသည်။

မြို့နယ်ကော်မရှင်အဖွဲ့ခွဲသို့ မဲပေးရမည့်သူများမှာ နိုင်ငံရပ် ခြားသို့ အစိုးရခွင့်ပြုချက်ဖြင့် ရောက်ရှိနေသူများ၊ ပညာတော် သင်သွားရောက် နေသူများ၊ ဆေး ရုံတက်နေရသူများ၊ အချုပ်ကျနေ သူများဖြစ်ကြောင်း အောက်တို ဘာ ၂၇ ရက်က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ထုတ် ပြန်သော ကြေညာချက်၌ ဖော်ပြ ထားသည်။

ရွေးကောက်ပွဲကျင်းပသည့် နေ့တွင် မဲရုံအသီးသီး၌ တာဝန်ယူ ကြမည့် မဲရုံမှူးများ၊ အဖွဲ့ဝင်များ၊ နိုင်ငံ့ဝန်ထမ်းများ၊ ရွေးကောက်ပွဲ ရက်တွင် ခရီး သွားရန်ရှိသူများ၊ မဲရုံသို့ ကိုယ်တိုင်မလာရောက်နိုင်သည့် ကျန်းမာရေး မကောင်းသူ များ၊ သက်ကြီးရွယ်အိုများသည် သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာ ကော်မရှင် အဖွဲ့ခွဲရုံးများတွင် ကြိုတင်မဲပေးရမည့်သူများဖြစ် ကြောင်း အထက်ပါထုတ်ပြန်ချက် တွင် ဖော်ပြသည်။

‘‘မြို့နယ်ကော်မရှင်ရုံးကို တိုက်ရိုက်ဝင်ရမယ့် မဲတွေက အမှန်ခြစ်နဲ့ခြစ်ရ မယ်။ ရပ်ကွက်၊ ကျေး ရွာကော်မရှင်အဖွဲ့ခွဲရုံးတွေက လိုက်ကောက်မယ့် ကြိုတင်မဲတွေ၊ အဲဒီရုံးတွေမှာ သွားပေးရမယ့် ကြိုတင်မဲတွေက တံဆိပ်တုံး နဲ့ပေးရမယ်’’ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူး ဦးသိန်းဦးက ပြောသည်။

အောက်တိုဘာ ၂၉ ရက်မှ စတင်ကာ ကြိုတင်မဲပေးခွင့်ပြု ထားသော နိုင်ငံ့ဝန်ထမ်းများနှင့် နိုဝင်ဘာ ၆ ရက် နှင့် ၇ ရက်တွင် ကြိုတင်ဆန္ဒမဲပေး မည့်သူများ သည် ကော်မရှင်မှ ထုတ်ပေးထား သော တံဆိပ်တုံးထုနှိပ်၍ မဲပေး ရမည်ဖြစ်ပြီး ဘောပင်ဖြင့် အမှန်ခြစ်မဲပေးရမည်မဟုတ်ကြောင်း ဦးသိန်းဦးက ပြောသည်။

‘‘၂၉ ရက်နေ့က စပြီး ကြို တင်မဲပေးနေတဲ့ ဝန်ထမ်းတွေ၊ ကျန်းမာရေး မကောင်းလို့၊ မီးဖွား နေလို့ ရပ်/ ကျေးကော်မရှင်ကနေ ကြိုတင်မဲလိုက် ကောက်ရမယ့်သူ တွေ၊ ရပ်ကျေးကော်မရှင်ရုံးမှာ ကြိုတင်မဲပေးဖို့ အကြောင်းကြား တဲ့သူတွေက တံဆိပ်တုံးနဲ့ပဲ ပေး ရမယ်’’ဟု ညွှန်ကြားရေး မှူး ဦး သိန်းဦးက ဆိုသည်။

ထို့ပြင် တပ်မတော်သားများ ပေးရမည့် ကြိုတင်မဲများသည် သက်ဆိုင်ရာမြို့ နယ်ကော်မရှင် အဖွဲ့ခွဲများသို့ တိုက်ရိုက်ပေးပို့ရ မည်ဖြစ်သဖြင့် ယင်းကြိုတင်မဲလက်မှတ်များကို အမှန်ခြစ်ဖြင့် မဲပေးရမည်ဖြစ်ကြောင်း ဦးသိန်း ဦးက ပြောသည်။

ကြိုတင်မဲပေးရာတွင် တံ ဆိပ်တုံးနှင့်မဲပေးခြင်း၊ အမှန်ခြစ်ဖြင့် မဲပေးခြင်းကို သေချာစွာ မသိရှိသဖြင့် အခက်အခဲရှိကြောင်း တောင်ဥက္ကလာပမြို့နယ်မှ မဲရုံမှူးတစ်ဦးက ပြောသည်။

‘‘ကြိုတင်မဲတွေက အမှန် ခြစ်တွေရော၊ တံဆိပ်တုံးတွေရော ဆိုတော့ ရှုပ်နေတယ်လေ။ သေ သေချာချာလည်း ရှင်းပြမထား တော့ သိပ်နားမလည် ဘူးဖြစ်နေ တာ။ ဒီမှာတော့ ၆ ရက်နေ့မှ စပြီး ကြိုတင်မဲတွေကောက်မှာဆို တော့ လတ်တလောအမှန်ခြစ်နဲ့ တံဆိပ်တုံးမှားတဲ့ပြဿနာမရှိ သေးဘူး’’ဟု ၎င်းက ပြောသည်။

အမှန်ခြစ်ဖြင့် ကြိုတင်မဲပေး ရမည့် ပြည်ပနိုင်ငံရောက် မဲဆန္ဒ ရှင်များ ကြိုတင်မဲပေးခြင်းကို အောက်တိုဘာ ၁၅ ရက်က စင် ကာပူနိုင်ငံတွင် စတင်ခဲ့ပြီး ကမ္ဘာ့ နိုင်ငံအသီးသီးရှိ မြန်မာသံရုံးများ ၌ ပြည်ပရောက်မြန်မာ နိုင်ငံသားများ ကြိုတင်မဲများပေးခဲ့ကြသည်။

နိုဝင်ဘာ ၈ ရက်တွင်ကျင်းပ မည့် အထွေထွေရွေးကောက်ပွဲ၌ တာဝန် ထမ်းဆောင်ရမည့် နိုင်ငံ့ ဝန်ထမ်းများ၊ အခြားအရေးကြီး တာဝန်ထမ်းဆောင် ရမည့် နိုင်ငံ့ ဝန်ထမ်းများသည် အောက်တိုဘာ၂၉ ရက်မှ နိုဝင်ဘာ ၇ ရက်အထိ နံနက် ၈ နာရီမှ ညနေ ၆ နာရီအထိသက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကြို တင်ဆန္ဒမဲပေးရမည် ဖြစ်ပြီး ဝန် ထမ်းမဟုတ်သူများသည် နိုဝင် ဘာ ၆ ရက်နှင့် ၇ ရက်တွင် ကြိုတင်မဲပေးနိုင် ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာထား သည်။


7Day News Journal

No comments:

Post a Comment

My Blog List