Thursday, November 05, 2015

ပါတီမှ ထုတ်ပယ်လျှင် ဥပဒေနှင့်အညီ ဆောင်ရွက်ရန် သူရဦးရွှေမန်းပြော


ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီက ဗဟိုကော် မတီဝင်သူရဦးရွှေမန်းအား ပါတီမှ ထုတ်ပယ်သည်ဟု သတင်းများကို ၎င်းအနေဖြင့် သိရှိခြင်းမရှိဘဲ ထုတ်ပယ်မည်ဆိုပါက ဥပဒေနှင့် အညီ လုပ်ဆောင်ရန် သူရဦးရွှေမန်းက ပြောကြားလိုက်သည်။
‘‘သူဘာပဲလုပ်လုပ်စည်း မျဉ်းစည်းကမ်းရှိပါတယ်။ဘောင် ရှိပါတယ်။ ဥပဒေရှိပါတယ်။ အဲဒီ အတွင်းကပဲ လုပ်လို့ရပါတယ်။ ဒါဥပဒေနဲ့အညီလုပ်မယ်ဆိုရင် ပေါ့လေ’’ဟု သူရဦးရွှေမန်းက ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင် မည့် ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ကညွှတ်ကွင်းမြို့တွင် ပါတီက ထုတ်ပယ်သည်ဆိုသည့်သတင်း များနှင့်ပတ်သက်၍ နိုဝင်ဘာ ၄ ရက်က ပြောကြားခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီမှ ထုတ်ပယ်ခြင်းကို အကြောင်းကြားခြင်း မရှိသေးဘဲ မသိရှိသည့်အတွက် မပြောလိုသေးကြောင်း သတင်း ထောက်များ၏ မေးမြန်းမှုကို သူရဦးရွှေမန်းက ပြန်လည်ဖြေ ကြားသည်။

ပြည်ခိုင်ဖြိုးပါတီက သူရ ဦးရွှေမန်းအား ပါတီဝင်အဖြစ်မှ ထုတ်ပယ်လိုက်သည်ဆိုသော သတင်းများသည် ကောလာဟလ သာဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီ ပြည်သူ့ဆက်ဆံရေးဌာနမှူး ဦးကျော်သူရက ယမန့်နေ့မွန်းလွဲပိုင်းတွင် သတင်းထောက်များအား ပြောသည်။

‘‘ဒီသတင်းက ကောလာဟ လသတင်းပါ။ကျွန်တော်တို့လည်း ပြန်လည် ချေဖျက်ပါ့မယ်။ ရွေး ကောက်ပွဲနီးလာတဲ့အခါကျတော့ ဒါတွေကရှိလာမှာပဲ။ ကောလာ ဟလဖြစ်တဲ့အကြောင်းလာပြော တာပါ’’ဟု ဦးကျော်သူရက သ တင်းထောက်များအား ပြောသည်။ပါတီဝင်အဖြစ်မှ ဦးရွှေမန်းထုတ်ပယ်ခံရသည်ဟု ထွက်ပေါ်နေသည့် သတင်းများသည် ကောလာဟလများသာဖြစ်ကြောင်း၊တရားဝင်ပြောနိုင်ကြောင်း မီဒီယာများ၏ ထပ်မံမေးမြန်းချက်ကို ၎င်းက အတည်ပြုဖြေကြားသည်။

သတင်းသည်ကောလာဟ လများဖြစ်၍ ဆက်လက်ဖြန့်ဝေ ခြင်းများရပ်တန့်ပေးရန် ပြည် ခိုင်ဖြိုးပါတီ၏ တရားဝင်ဖေ့စ် ဘွတ်ခ်တွင် နိုဝင်ဘာ ၄ရက် ည နေ၌ ‘‘နိုဝင်ဘာ ၃ရက်နေ့ ညနေပိုင်းတွင် CEC အစည်းအဝေး ပြုလုပ်ကာ သူရဦးရွှေမန်းအားပါတီမှ ထုတ်ပယ်လိုက်ကြောင်း အင်တာနက်စာမျက်နှာများတွင် ရေးသားထားမှုများရှိနေပါသည်။ အဆိုပါ နိုဝင်ဘာ၃ရက်တွင် ပါတီဗဟိုအလုပ်အမှုဆောင်အစည်းအဝေးမကျင်းပကြောင်းနှင့် ပါတီဗဟိုအလုပ်အမှုဆောင်များ အားလုံးသည် သက်ဆိုင်ရာမဲဆန္ဒ နယ်အသီးသီးတွင် ရောက်ရှိနေကြပါသည်။

ပါတီဌာနချုပ်တွင်လည်း မဲရုံကိုယ်စားလှယ်နှင့် မဲရုံအကူ သင်တန်းဖွင့်လှစ်လျက်ရှိပါ ကြောင်း၊ အင်တာနက်စာမျက် နှာများတွင် ပျံ့နှံ့လျက်ရှိသော အဆိုပါသတင်းသည် ကောလာ ဟလသာဖြစ်ပါကြောင်းနှင့်ရေး သားဖြန့်ဝေမှုများအား ရပ်တန့် ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါ သည်’’ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

သူရဦးရွှေမန်းသည် နိုဝင် ဘာ ၄ ရက် နံနက်မှစ၍ ဖြူးမြို့နယ်အတွင်းရှိ ကျေးရွာများတွင် မဲဆွယ်စည်းရုံးမှုများ ပြုလုပ်ခဲ့ပြီး ပါတီမှ ထုတ်ပယ်သည့်သတင်း ထွက်ပေါ်လာပြီးနောက် ညနေ ၅ နာရီတွင် ၎င်း၏မွေးရပ်ဇာတိ ကညွတ်ကွင်း၌ ဒေသခံ ပြည်သူများနှင့် တွေ့ဆုံခဲ့သည်။

ညနေ ၆ နာရီအလွန်တွင် ကညွတ်ကွင်း၌ အနားယူနေပြီး နိုင်ငံခြားမီဒီယာများနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

ကညွတ်ကွင်း နေအိမ်တွင် ယခင်မဲဆွယ်စည်းရုံးစဉ် အသုံးပြုခဲ့သည့် ရဲလုံခြုံရေးကားနှစ်စီးနှင့် အင်အား ၂၀ ကျော် ပုံမှန်အ တိုင်းသာပါဝင်ပြီး ည၇နာရီအထိ ထူးခြားမှုမရှိသေးပေ။

သူရဦးရွှေမန်းသည် သြဂုတ် လအတွင်းက ပြည်ခိုင်ဖြိုးပါတီပူးတွဲဥက္ကဋ္ဌရာထူးမှ ဖယ်ရှားခံခဲ့ရ သူဖြစ်သည်။

7Day News Journal

No comments:

Post a Comment

My Blog List