Friday, November 06, 2015

ပြည်မြို့တွင် ပါတီကြီးနှစ်ခု နောက်ဆုံး မဲဆွယ်စည်းရုံးစဉ် ထောက်ခံသူများ အားပေးပြိုင်ဆိုင်မှု ပြင်းထန်


ပြည်မြို့တွင် အင်အား ကြီးပါတီကြီးနှစ်ခုဖြစ်သည့် ဒီချုပ် ပါတီနှင့် ပြည်ခိုင်ဖြိုးပါတီတို့သည် နိုဝင်ဘာ ၅ ရက်တွင် နောက်ဆုံး မဲဆွယ်စည်းရုံးခြင်းအဖြစ် လှည့်လည်မဲဆွယ်မှုများပြုလုပ်ခဲ့ ရာ ထောက်ခံသူများကလည်း အားပေးပြိုင်ဆိုင်မှုများ ပြင်းထန် ခဲ့သည်။
‘‘ကျွန်မတို့ ဘာသာကိုယ် ကြိုက်တဲ့ ပါတီကိုအားပေးတာပါ။ ကြံ့ခိုင်ရေးပါတီကားပေါ်မှာပါ လာတဲ့ ကိုနေအောင်ကြီးကိုလည်း ဒီချုပ်အလံတွေကိုင်ပြီး သွားနှုတ် ဆက်တယ်။ သူကလည်း ပြောပါ တယ်။ ကိုယ်ကြိုက်နှစ်သက်ရာကို အားပေးပါလို့ ပြောတယ်’’ဟု ဒီ ချုပ်ပါတီအား ထောက်ခံအားပေး သည့် ပြည်ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

ပြည်မြို့တွင် ပါတီကြီးနှစ်ခု ၏ နောက်ဆုံးမဲဆွယ်ရက်တွင် ယင်းပါတီများအလိုက် ထောက်ခံ သူများမှ ပါတီနှင့် သက်ဆိုင်သော အင်္ကျီများဝတ်ဆင်ခြင်း၊ အလံများ ကိုင်ဆောင်ကာ မိမိတို့ထောက်ခံ သည့် ပါတီအောင်နိုင်ရေးအတွက်အားပေးလှုံ့ဆော်ခဲ့ကြသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကို ထောက်ခံသည့် ဒေသခံ များအနေဖြင့် မိမိတို့နေထိုင်ရာ အိမ်ရှေ့များတွင် ဒီချုပ်အလံများ စိုက်ထူခြင်း၊ အောင်နိုင်ရေးသီ ချင်းများဖွင့်ခြင်းများပြုလုပ်ခဲ့ကြ ကြောင်း ပြည်မြို့ဒေသခံကာတွန်း ဆရာတစ်ဦးက ပြောသည်။

‘‘မဲဆွယ်စည်းရုံးမှုကတော့ နောက်ဆုံးအနေနဲ့ ဆောင်ရွက် တာပါ။ စည်းရုံးရေးကို အားရပါ တယ်။ အနိုင်ရမယ်လို့လည်း ယုံ ကြည်ပါတယ်’’ဟု ပြည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးကျော်ကျော်လင်းက ပြောကြားသည်။

ပြည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီက နိုဝင်ဘာ ၅ ရက် နောက်ဆုံးမဲဆွယ်စည်းရုံးရာတွင် ဂီတ၊ ရုပ်ရှင်အနုပညာရှင်များဖြစ် ကြသည့် နေအောင်၊ မေသဉ္ဇာဦး၊ ယွန်းရွှေရည်၊ နေဒွေး၊ ယုန်လေး စသည့် အနုပညာရှင်များမှ ၀န်းရံ ဖျော်ဖြေပေးခဲ့ကြသည်။

ပြည်မြို့နယ်အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်သည် နိုဝင်ဘာ ၅ ရက် နောက်ဆုံးမဲဆွယ်စည်းရုံးခြင်းတွင် ကမ္ဘာ့အမွေအနှစ်ဝင် သရေခေတ္တရာ ပျူမြို့ဟောင်းရှိ မှော်ဇာကျေးရွာ အုပ်စုအတွင်း ဖျော်ဖြေရေး မော်တော်ယာဉ်များဖြင့် ဟောပြောစည်းရုံးခဲ့ကြကြောင်း သတင်းရရှိသည်။

7Day News Journal

No comments:

Post a Comment

My Blog List