Friday, November 06, 2015

ရွေးကောက်ပွဲ ကာလအတွင်း ဆက်သွယ်ရေး အဆင်ပြေရန် IPSTAR ဖုန်းများ တပ်ဆင်





ဖရူဆိုမြို့နယ် ဟိုယာဒေသအတွင်းတွင် ဆက်သွယ်ရေး ခက်ခဲသည့်အတွက် ရွေးကောက်ပွဲ ကာလအတွင်း ဆက်သွယ်ရေး အဆင်ပြေရန် လွိုင်ကော် ဆက်သွယ်ရေးအဖွဲ့မှ IPstar ဖုန်းများ လာရောက်တပ်ဆင်ပေးဟု သိရသည်။

လွိုင်ကော်မြို့မှ ဆက်သွယ်ရေးဌာနမ တာဝန်ရှိသူ တစ်ဦးက "ဒီဘက်က ဆက်သွယ်ရေး ခက်ခဲတဲ့ နေရာဆိုရင် ၄၆ ရွာရှိတယ်။ ကျတော်တို့က ၆ရွာဘဲ တာဝန်ယူပေးနိုင်တယ် ကျန်တာကတော့ စစ်တပ် အကူအညီနဲ့ ဆောင်ရွက် မယ်လို့ ပြောတယ်။" ဟုပြောသည်။

၎င်းဖုန်းကို နိုဝင်ဘာလ၄ရက်နေ့တွင် စတင်ချထားပေးပြီး ရွေးကောက်ပွဲ အပြီး လကုန်အထိသာ အသုံးပြုခွင့်ပေးမည်ဖြစ်ကြောင်း သိရသည်။

ဆက်သွယ်နိုင်မည့်ဖုန်းနံပါတ်များကို သိရှိလိုပါအက ဖရူဆိုမြို့နယ်ဆက်သွယ် ရေးရုံး ဆက်သွယ်စုံစမ်းနိုင်သည်ဟု ဖရူဆိုမြို့နယ် ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးထွန်းထွန်းလင်းက ပြောသည်။

၎င်းက“ ဖုန်းနံပါတ်တွေကို ဖရူဆိုဆက်သွယ်ရေးကိုမေးလို့ရပါတယ်။ သူတို့ဆင်ပြီးရင်တော့ ဖုန်းနံပါတ်ရပါမယ်။” ဟု ပြောပါသည်။

ဖုန်းအသုံးပြုနိုင်ရန်အတွက် မီးစက်တစ်လုံး၊ ဘက်ထရီတစ်လုံး၊ အထိုင်ဖုန်း ၃လုံး ပစ္စည်းများကို အခမဲ့ ချပေးထားပေးသည်ဟု ဖုန်းတပ်ဆင်ပေးသူက တစ်ဦးက ပြောသည်။

၎င်းဖုန်းများကို တော်ခူရွာသစ်၊ တော်ခူရွာဟောင်း၊ ရာဧပရား၊ ထေခို၊မော်သီ ဒို၊ဒိုးလာစော ကျေးရွာများတွင် တာဝန်ယူဆောင်ရွက်ပေးကြောင်း သိရ သည်။

ဟိုယာဒေသအတွင်းတွင် ဆက်သွယ်ရေးအတွက် IPstar စလောင်းတိုင်များ တပ်ဆင်နေကြစဉ်ဖြစ်သည်။ 

ဓါတ်ပုံ - အောင်သူ ၊ ဦးမြာ
Kantarawaddy Times 

No comments:

Post a Comment

My Blog List