Monday, November 02, 2015

မည်သည့်အစိုးရသစ်နှင့်မဆို ငြိမ်းချမ်းရေးအမြန်ဆုံးအကောင်အထည် ဖော်ရန် ပူးပေါင်းဆောင်ရွက်မည်ဟု ဦးပေါက်ယိုချမ်ပြော


ရွေးကောက် ပွဲပြီးနောက် မည်သည့်ပါတီမှ ဖွဲ့ စည်းသော အစိုးရသစ်နှင့်မဆို တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးဆွေး နွေးပွဲ အမြန်ဆုံးအကောင်အ ထည်ဖော်ရန် အတူပူးပေါင်းမည်ဟု NCA မထိုးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ထိပ်သီးညီလာခံကို ဦးဆောင်ကျင်းပနေသည့်‘၀’ လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်ဦးပေါက်ယိုချမ်က နိုဝင် ဘာ ၁ ရက်တွင် ပြောကြားသည်။
ရွေးကောက်ပွဲကျင်းပရန် တစ်ပတ်တိတိသာ လိုတော့သည့် နိုဝင်ဘာ ၁ ရက်မှစတင်၍ သုံး ရက်ကြာ ‘၀’ ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရတိုင်းဌာနချုပ် တည်ရှိရာ ပန် ဆမ်းမြို့တွင် NCA လက်မှတ်မ ရေးထိုးသော တိုင်းရင်းသား လက်နက်ကိုင် ၁၁ ဖွဲ့ ညီလာခံကို ကျင်းပ လျက်ရှိရာအိမ်ရှင်‘၀’လက်နက် ကိုင်အဖွဲ့ခေါင်းဆောင်က သ ဘောထားနှင့် ရပ်တည်ချက်ကို ကြေညာခဲ့ခြင်း ဖြစ်သည်။

‘‘နောင်ကြုံရမည့် နိုင်ငံရေး ဆွေးနွေးမှုသည် ခက်ခဲပြီးကာလ ကြာရှည်မည် ဖြစ်၍ ကြိုတင်စဉ်း စားပြင်ဆင်မှုရှိရမည်။ ခန့်မှန်း ချက်အရ နောက်ပိုင်းနိုင် ငံရေး ဆွေးနွေးမှုသည် ချောမွေ့ပြေပြစ် မှုမရှိဘဲ ကြိမ်ဖန် များစွာ ငြင်းခုံမှု နှင့် တိုက်ခိုက်မှုရှိပြီး သွေးထွက် သံယိုမှုမရှိသောတိုက်ပွဲဖြစ် မည်။ သို့ဖြစ်၍ လူနည်းစုတိုင်းရင်းသား များ ပိုမိုစည်းရုံးပြီး ယင်းအခက် အခဲများကို ရင်ဆိုင်ရမည်’’ဟု ဦး ပေါက်ယိုချမ်က ဆိုသည်။

ယခုတွေ့ဆုံခြင်းမှာ ရွေး ကောက်ပွဲပြီးနောက် အခြေအနေ အရ ရှေ့ဆက် ရမည့်လမ်းစဉ်နှင့် ဖွံ့ဖြိုးရေးအတွက် ညှိနှိုင်းဆွေး နွေးရန်ဖြစ်သည်ဟု ဆိုသည်။

ရွေးကောက်ပွဲပွင့်လင်းမြင် သာပြီး မျှတစွာချောချောမွေ့မွေ့ ကျင်းပနိုင်ရေး ကို ထောက်ခံ ကြောင်း၊ ရွေးကောက်ပွဲပြီးနောက် မည်သည့်ပါတီမှ ပေါ်ထွက်လာ သော အစိုးရသစ်ဖြစ်စေ၊ လူနည်း စုတိုင်းရင်းသားများ၏ စစ်မှန် သောအခွင့်အရေးများကိုအလေး ထားပေးရန်နှင့် လက်ရှိဖြစ်ပျက် နေသော ပြဿနာများကို စစ်ရေး ဖြင့်ဖြေရှင်းခြင်းကို ကန့်ကွက်ပြီး နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်း ရန် တိုက်တွန်းကြောင်း၊ မည်သည့် ပါတီမှ ဖွဲ့စည်းသောအစိုးရသစ် နှင့်မဆို တစ်နိုင်ငံလုံးငြိမ်းချမ်းရေး ဆွေးနွေးပွဲအမြန်ဆုံးအကောင်အ ထည်ဖော်ဆောင်ရန် အတူပူးပေါင်းသွားမည်ဖြစ်ကြောင်း၊ အ စိုးရသစ်ကို ပင်လုံစိတ်ဓာတ်နှင့် ကိုက်ညီသောအမျိုးသားပြန်လည်သင့်မြတ်ရေးကို အကောင်အထည် ဖော်ပြီး စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စုနိုင်ငံတည်ဆောက် ရန် တိုက်တွန်းကြောင်း အချက် လေးချက်ကို ထုတ်ပြန်ခဲ့သည်။

‘‘ဘယ်သူပဲတက်တက် ဒီ ပြည်တွင်းငြိမ်းချမ်းရေးက မဖြေ ရှင်းလို့မဖြစ်ဘူး။ မဖြေရှင်းရင် တို့ နိုင်ငံ ဘယ်လိုမှအပြောင်းအလဲ ဖြစ်မှာမဟုတ်ဘူး။ အေးချမ်းမှာ လည်းမဟုတ်ဘူး။ ဒါကြောင့်တို့ မျှော်လင့်ထားတာကတော့ ဘယ် အစိုးရပဲတက်တက် ဆွေးနွေးရေး ကိုတော့ တို့ဘက်ကကြိုးစားရမှာ ပဲ။ ဒါပေမဲ့အစိုးရဘက် သူတို့ သ ဘောထားအပေါ် မူတည်တယ်။ တကယ်လို့ သူတို့က မဆွေးနွေး ဘူးဆိုရင်တော့ တစ်မျိုးပေါ့။ တို့ ကတော့ ကြိုးစားသွားမယ်။ ဘာ ကြောင့်လဲဆိုတော့ နိုင်ငံရေးအရ ဖြေရှင်းမှပဲ တို့နိုင်ငံက ပြဿနာ က ပြေလည်မှာ’’ဟု ပန်ဆန်းညီ လာ ခံတွင် ပါဝင်ဆွေးနွေးနေသည့် မွန်ပြည်သစ်ပါတီဒုဥက္ကဋ္ဌ နိုင်ဟံ သာက ပြောသည်။

မြန်မာနိုင်ငံရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအနက် အင်အားအကြီးဆုံးတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်သည့် ‘၀’ လက်နက်ကိုင်အဖွဲ့ (UWSP/UWSA) သည် ပြီးခဲ့သည့် မေလက ပထမအကြိမ်ထိပ်သီးညီလာခံကို ကျင်းပခဲ့သေးသည်။ ယင်းညီလာ ခံပြီးချိန်မှစ၍ ယခုနှစ်ဝက်ခန့်အ တွင်း ပြည်တွင်းအခြေအနေမှာ မျှော်မှန်းထားသကဲ့သို့ ကောင်း သောလမ်းစဉ်ဖြင့် တိုးတက်လာ ခြင်းမရှိဟု ဒုတိယအကြိမ်ညီလာ ခံစတင်ချိန်တွင် ‘၀’ ခေါင်းဆောင် က ထောက်ပြပြောကြားခဲ့သည်။ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ ရေး ငြိမ်းချမ်းရေးဆွေးနွေးမှု ၂ နှစ် ခန့် အချိန်ယူ ညှိနှိုင်းပြင်ဆင်ခဲ့ သော်လည်း အဓိကပြဿနာဖြစ် သော တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများ၏ အခြေခံ တောင်းဆိုချက်များကိုလက်ခံဖြေ ရှင်းပေးမှုနှင့် ကတိတစ်စုံတစ်ရာမ ရရှိခဲ့ဟုလည်း ထည့်သွင်းပြော ကြားခဲ့သည်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဖြင့် တိုင်းရင်းသား လက်နက်ကိုင်များအား စနစ်တကျချုပ်ကိုင်နိုင်သည့်မူကို မစွန့်လွှတ်ဟုဆိုသည်။

မေလ ပန်ဆန်းညီလာခံ၌ KNU ဥက္ကဋ္ဌ စောမူတူးစေးဖိုးနှင့် RCSSမှ ဗိုလ်ချုပ် စိုင်းရီတို့ပါဝင်ခဲ့ သော်လည်း ယခုနိုဝင်ဘာညီလာ ခံတွင်မူ KNU ဥက္ကဋ္ဌနှင့် RCSS တို့ မပါဝင်ပေ။ တစ်နိုင်ငံလုံးအပစ်အ ခတ်ရပ်စဲရေး စာချုပ်(NCA)ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့နှင့် အစိုးရကြား လက်မှတ် ရေးထိုးပြီးနောက် သုံးပတ်အကြာ တွင် ပြုလုပ်သော ယခုညီလာခံ ၌ NCA လက်မှတ် မရေးထိုးသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၁၁ ဖွဲ့ကိုသာ (UWSP/UWSA)က သီးသန့်ဖိတ်ကြားခဲ့ခြင်းဖြစ် သည်။ NCA လက်မှတ်ရေး ထိုးထားသည့် KNUကို မဖိတ်ကြားခဲ့ဘဲ KNDO ကိုသာ ဖိတ်ကြားခဲ့ပြီး KNUဒုဥက္ကဋ္ဌနော်စီဖိုးရာစိန်နှင့် KNDOမဟာမိတ်ဆက်ဆံရေး တာဝန်ခံ စောဒေးဗစ်သာကပေါတို့အတူ တက်ရောက်ခဲ့သည်။

လက်ရှိအစိုးရလက်ထက် အစိုးရနှင့် ဆွေးနွေးပွဲများတွင်လည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား ဆွေးနွေးပွဲများတွင်လည်းကောင်း၊KNDO၏ ပါဝင်မှုမှာ ယခု ပထမဆုံးဖြစ်သည်။ ထို့အပြင် ကယန်း ပြည်သစ်ပါတီ(KNLP)ကိုလည်းပထမဆုံးအကြိမ်အဖြစ် ပန်ဆန်းကဖိတ်ကြားခဲ့သည်။

‘၀’ပြည်သွေးစည်းညီညွတ် ရေးတပ်မတော်သည် ကချင် လွတ်မြောက်ရေး တပ်မတော်၊ မွန် ပြည်သစ်ပါတီ၊ ရှမ်းပြည်တိုးတက် ရေးပါတီ၊ ရှမ်းပြည် တပ်မတော်၊ ကရင်အမျိုးသားကာကွယ်ရေး တပ်မတော်၊ ရှမ်းအရှေ့အမျိုး သားဒီမိုကရေစီမဟာမိတ်တပ်ဖွဲ့ (မိုင်းလား)၊ နာဂအမျိုးသားဆို ရှယ်လစ် ကောင်စီ-ကပ်ပလန်၊ က ယန်းပြည်သစ်ပါတီ၊ ကရင်နီအမျိုးသားတိုးတက် ရေးပါတီ၊ ပ လောင်ပြည်နယ် လွတ်မြောက် ရေးတပ်ဦး၊ ရက္ခိုင့်တပ်မတော်၊ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(ကိုးကန့်) တို့ကိုသာ ဖိတ်ကြားခဲ့ခြင်းဖြစ် သည်။ ယင်းအနက် နာဂလက် နက်ကိုင်အဖွဲ့တက် ရောက်ခြင်းမ ရှိပေ။

NCA လက်မှတ် ရေးထိုးသောအဖွဲ့များကို အစိုးရက မတရားအသင်းမှ ပယ်ဖျက်ပေးခြင်း၊၊ အကြမ်းဖက်အဖွဲ့အဖြစ်မှ ပယ်ဖျက်ပေးခြင်းများ ပြုလုပ်ခဲ့ပြီး လက်မှတ်မထိုးသော အဖွဲ့များအနေဖြင့် လက်ရှိအချိန်အထိ မတရားအသင်းဖြစ်နေဆဲဖြစ်သည်ကို ထောက်၍ အစိုးရနှင့်စစ်ဘက်က ယင်းကဲ့သို့ လုပ်ဆောင်ခြင်းသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများကို သွေးကွဲစေသော အသွင်ဆောင်နေကြောင်း၊ ဤအ ချက်ကို တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များအားလုံး သတိဝီရိယရှိရမည်ဖြစ် ကြောင်း ပန်ဆန်းညီ လာခံတွင် ထောက်ပြကြသည်။ နို ၀င်ဘာ ၃ရက်တွင် သတင်းစာရှင်း လင်းပွဲ ပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

7Day News Journal

No comments:

Post a Comment

My Blog List