Tuesday, November 03, 2015

ဒေါ်အောင်ဆန်းစုကြည် ဗဟန်းတွင် မဲပေးမည်


နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ၂၀၁၅အထွေထွေ ရွေးကောက်ပွဲ၌ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ် အောင်ဆန်းစုကြည်သည် ရန်ကုန် တိုင်းဒေသကြီး ဗဟန်းမြို့နယ် တွင် မဲပေးမည်ဖြစ်ကြောင်း ဒီချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်းကပြောသည်။
‘‘ဗဟန်းမှာပဲ မဲပေးမယ်လို့ သိထားပါတယ်။ ဟိုတုန်းက ဗ ဟန်းကနေ ကော့မှူးကို အိမ် ထောင်စုစာရင်းရွှေ့ပြီး ဟိုမှာမဲ ပေးဖို့လုပ်တယ်။ အခုတော့ ရွှေ့ ပြီးတော့ မပေးတော့ဘူး’’ဟု ဦး ဉာဏ်ဝင်းကပြောသည်။

ဒေါ်အောင်ဆန်းစုကြည် သည် ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်အဖြစ် ၀င်ရောက်ရွေး ချယ်ခံမည့် ကော့မှူးမြို့နယ်တွင် မဲမပေးဘဲ ဗဟန်းမြို့နယ်၌ မဲပေးမည်ဖြစ်ရာတစ်သီးပုဂ္ဂလဒေါက်တာညိုညိုသင်းနှင့်အကြိတ်အနယ်ယှဉ်ပြိုင်ရမည့် ဒီချုပ်အမတ်လောင်းဦးထွန်းမြင့်အတွက် အားတက်စရာဖြစ် ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် သည် ၁၉၉၀ရွေးကောက်ပွဲတွင် ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာ လမ်း၌ နေအိမ်အကျယ်ချုပ်မှပင် မဲပေးခဲ့ရသော်လည်း နေအိမ်အ ကျယ်ချုပ်ကျခံနေရသည့် ၂၀၁၀ရွေးကောက်ပွဲတွင် မဲပေးခွင့်မရခဲ့ကြောင်း ဒီချုပ်အဖွဲ့ဝင်မုံရွာအောင်ရှင်ကပြောသည်။

သို့သော် ၂၀၁၂ကြားဖြတ် ရွေးကောက်ပွဲတွင် ဒေါ်အောင် ဆန်းစုကြည်သည် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်အဖြစ် ၀င် ရောက်ရွေးချယ်ခံခဲ့သည့် ကော့ မှူးမြို့နယ် ၀ါသင်္ခကျေးရွာ၌ မဲပေးခဲ့သည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အသိအမှတ်ပြုရွေး ကောက်ပွဲ အချက်အလက်များရှာ ဖွေနိုင်သည့် mVoterအက်ပလီ ကေးရှင်းတွင်လည်း ဒေါ်အောင် ဆန်းစုကြည်သည် ဗဟန်းမြို့နယ် ရွှေတောင်ကြား (၁)ရပ်ကွက်ရှိ မဲရုံတွင် မဲပေးခွင့်ရရှိသည်ဟုဖော်ပြ ထားသည်။

7Day Election

No comments:

Post a Comment

My Blog List