Thursday, November 05, 2015

ပါတီပူးတွဲဥက္ကဋ္ဌဟောင်း သူရဦးရွှေမန်းပါတီမှထုတ်ပယ်ခံရသတင်း ကောလာဟလဖြစ်ဟု ပြည်ခိုင်ဖြိုးထုတ်ပြန်


ပြည်သူ့လွှတ် တော်ဥက္ကဋ္ဌနှင့် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းအား ပါတီမှထုတ်ပယ်လိုက်ပြီဆိုသည့် သတင်းများထွက်ပေါ်နေမှုသည် ကော လာဟလသာဖြစ်ကြောင်း ပြည်ထောင် စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ထုတ် ပြန်လိုက်သည်။
အောက်တိုဘာ ၄ ရက် နံနက်ပိုင်းမှစတင်ကာ အဆိုပါသတင်းသည် သတင်းဌာနများတွင် ထွက်ပေါ်လာခဲ့ ပြီးနောက် ပြည်ခိုင်ဖြိုးပါတီ၏ တရားဝင်ဖေ့စ်ဘွတ်ခ်စာမျက်နှာများမှ တစ်ဆင့် ဖြေရှင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ယင်းထုတ်ပြန်ချက်တွင် နိုဝင် ဘာ ၃ ရက်ညနေပိုင်းတွင်CEC အစည်းအဝေးပြုလုပ် ကာ သူရဦးရွှေမန်း အား ပါတီမှထုတ်ပယ်လိုက်ကြောင်း အင်တာနက်စာမျက်နှာ FB များတွင် ရေးသားထားမှုများရှိနေပါသည်။ အဆိုပါ နိုဝင်ဘာ ၃ ရက်တွင် ပါတီဗဟို အလုပ်အမှုဆောင် အစည်းအဝေးမကျင်းပကြောင်းနှင့် ပါတီဗဟိုအလုပ်အမှုဆောင်များအားလုံးသည် သက် ဆိုင်ရာမဲဆန္ဒနယ်အသီးသီးတွင် ရောက်ရှိနေကြပါသည်။ ပါတီဌာန ချုပ်တွင်လည်း မဲရုံကိုယ်စားလှယ်နှင့် မဲရုံအကူသင်တန်းဖွင့်လှစ်လျက်ရှိ ပါကြောင်း၊ အင်တာနက်စာမျက်နှာ များတွင် ပျံ့နှံ့လျက်ရှိသော အဆိုပါ သတင်းသည် ကောလာဟလသာဖြစ် ပါကြောင်းနှင့် ရေးသားဖြန့်ဝေမှုများအား ရပ်တန့်ပေးကြပါရန် မေတ္တာရပ် ခံအပ်ပါသည်'' ဟု ဖော်ပြခဲ့သည်။

အဆိုပါ ပါတီဗဟိုပြည်သူ့ဆက် ဆံရေးဌာနဌာနမှူး ဦးကျော်သူရက ''ဒီသတင်းက ကောလာဟလသာဖြစ် ပါတယ်။ ရွေးကောက်ပွဲနီးကပ်နေ ချိန်မှာ ပါတီအတွင်း ကမောက်ကမ ဖြစ်အောင် တမင်သတင်းဖြန့်ဝေခြင်း ဖြစ်နိုင်ပါတယ်။ ဒီသတင်းနဲ့ပတ်သက်တဲ့ ထုတ်ပြန်ချက်တွေကို အွန်လိုင်း ဝက်ဘ်ဆိုက်မှာရော၊ ဖေ့စ်ဘွတ်ခ်စာ မျက်နှာတွေမှာပါ ထုတ်ပြန်ပေးထား ပါတယ်'' ဟု အတည်ပြုပြောကြားခဲ့သည်။

သူရဦးရွှေမန်းအား ပါတီမှထုတ် ပယ်ခံရသည်ဆိုသည့် သတင်းနှင့်ပတ်သက်ပြီး အဆိုပါပါတီနှင့် နီးစပ်သူ တစ်ဦးအား ဆက်သွယ်မေးမြန်းရာ ဖြစ်နိုင်ဖွယ်ရှိကြောင်း သုံးသပ်ပြော ကြားခဲ့သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီ ပူးတွဲဥက္ကဋ္ဌဟောင်းဖြစ်သူ သူရဦးရွှေမန်း ပါတီမှထုတ်ပယ် ခံရသည်ဆိုသည့် သတင်းနှင့်ပတ်သက်ပြီး ယင်းပါတီတွဲဖက်ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်နေသူ ဒုတိယဥက္ကဋ္ဌဦးဌေးဦးက DVB သတင်းဌာနသို့ အတည်ပြုပြောကြားခဲ့သည်ဟု အဆိုပါသတင်းဌာနက ထုတ်ပြန်ခဲ့သည်။

ယင်းနှင့်ပတ်သက်ပြီး နိုဝင်ဘာ ၃ ရက်ညပိုင်းတွင်ပြုလုပ်ခဲ့သည့် ပြည်ခိုင်ဖြိုးပါတီ ထိပ်ပိုင်းခေါင်းဆောင်များ အစည်းအဝေးတွင် ဆုံးဖြတ်ချက်ချ ခဲ့ခြင်းဖြစ်ကြောင်း ပါတီထိပ်တန်းခေါင်း ဆောင်နှင့် နီးစပ်သူတစ်ဦးက ပြောကြားခဲ့သည် ဟု ပေါ်ပြူလာနယူးသ တင်းဌာနက ရေးသားခဲ့သည်။

သူရဦးရွှေမန်းသည် ပါတီအတွင်းရေးများနှင့်ပတ်သက်ပြီး ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ပြောကြား ခဲ့မှုများရှိခဲ့သဖြင့် ယင်းသို့ထုတ်ပယ်ခံရခြင်းဖြစ်နိုင်ကြောင်း နိုင်ငံရေးလေ့ လာသူများက ပြောဆိုလျက်ရှိကြသည်။

‪#‎Democracytoday‬

No comments:

Post a Comment

My Blog List