Monday, November 02, 2015

ပြည်သူများအတွက် ဘာလုပ်ပေးမည်၊ ညာလုပ်ပေးမည်ဟုဆို၍မဲဆွယ် နေခြင်းသည်ပြည်သူများအားဝေဝါးတွေဝေသွားအောင်ပြုလုပ်ခြင်းဖြစ်ဟုဆို


ပါတီ အောင်နိုင်ရေးမဲဆွယ်စည်းရုံးသည့်အခါ ပြည်သူတွေကို ဘာလုပ်ပေးမည်၊ ညာလုပ်ပေးမည်ဆိုသည့် စကားများသည် ကိုယ်စားလှယ်များ နှင့်မဲဆန္ဒရှင်များကြားတွေဝေသွား အောင်၊ ပြည်သူတွေကို ဝေဝါးစေ အောင်၊ သံသယရှိအောင် ပြုလုပ်ခြင်း ဖြစ်ကြောင်း နေပြည်တော်ဒက္ခိဏ သီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်လောင်း ဦးမြင့်လှိုင်က ပြော ကြားခဲ့သည်။
နိုဝင်ဘာ ၁ ရက် နံနက်ပိုင်းက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါင်္တီ၏ နေပြည်တော်ကောင်စီ နယ်မြေ ဒက္ခိဏသီရိမြို့နယ်လုံးကျွတ် ပါတီဝင်များ စုပေါင်းစည်းရုံးပွဲအ ခမ်းအနား၌ သတင်းထောက်များက ကျေးရွာအချို့ မဲဆွယ်စည်းရုံးမှုတွင် မဲပေးသူများအား မီတာဘောက်စ်တစ် လုံးစီပေးမည် ဆိုသည့် သတင်းများ ထွက်ပေါ်နေခြင်းနှင့်ပတ်သက်၍ မေးမြန်းရာတွင် ယင်းကဲ့သို့ပြောကြား ခဲ့ခြင်းဖြစ်သည်။

''ဒီလိုပြောဆိုနေခြင်းဟာ မဲဆန္ဒ ရှင်တွေနဲ့ ကိုယ်စားလှယ်တွေကြားမှာ တွေဝေသွားအောင် ကောလာဟ လတွေ လွှင့်နေခြင်းဖြစ်တယ်။ ဒီလို ကောလာဟလတွေဟာ တစ်နိုင်ငံ လုံးမှာ ပျံ့နှံ့နေတာဖြစ်ပါတယ်။

ဘယ်နေရာမှာမဆို ပြည်သူလူထုတွေ ဝေဝါးအောင်၊ သံသယရှိအောင် ပြု လုပ်နေခြင်းဖြစ်တယ်လို့ ပြောချင်ပါ တယ်''ဟု ပြောကြားခဲ့သည်။

ယနေ့ပြုလုပ်သော အခမ်းအ နားတွင် ဒက္ခိဏသီရိမြို့နယ် ပြည်ခိုင် ဖြိုးပြည်သူ့လွှတ်တော်ကိုယ်စားလှယ် လောင်းလယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီးဦးမြင့်လှိုင်က ဒီမိုကရေစီ စနစ်ရဲ့ အနှစ်သာရသည် By the people For the people ပြည်သူ့ ထံမှ ပြည်သူ့ထံသို့ဖြစ်သည့်နှင့်အညီ နိုင်ငံတော်ကြီးကို ပိုမိုတိုးတက်သာ ယာဖွံ့ဖြိုးသော ဒီမိုကရေစီနိုင်ငံ တော်အဖြစ် အရှိန်အဟုန်မြှင့်တင် တည်ဆောက်နိုင်ဖို့ ပြည်သူလူထုရဲ့ အင်အား၊ ပြည်သူ့စွမ်းအားဖြင့်သာ အကောင်အထည်ဖော်နိုင်မည်ဖြစ် ကြောင်း၊ ပြည်သူလူထုအင်အားသည် အလွန်အင်မတန်လိုအပ်ချက်ဖြစ်ပါ ကြောင်း၊ ဒီမိုကရေစီရဲ့အခြေခံပင်မ အင်အားသည်ပြည်သူသာလျှင် အဓိက၊ ပြည်သူသာလျှင် ပဓာန၊ ပြည်သူသာလျှင် အဆုံးအဖြတ်ဖြစ် ကြောင်း ထည့်သွင်းပြောကြားခဲ့ သည်။

အဆိုပါ စုပေါင်းစည်းရုံးပွဲသို့ ဒက္ခိဏသီရိမြို့နယ် ရပ်ကွက်၊ ကျေးရွာများမှ ပြည်ခိုင်ဖြိုးပါတီဝင်စုစု ပေါင်း အင်အား ၃၀၀၀ ခန့် တက် ရောက်ခဲ့ကြောင်း သိရသည်။

MP
‪#‎Democracytoday‬

No comments:

Post a Comment

My Blog List