Tuesday, November 03, 2015

တစ်ဦးတည်းက မဲဆန္ဒရှင် သက်သေခံလက်မှတ်အပိုများ ရနေခြင်းများကြောင့် မဲမသမာမှုဖြစ်ပေါ်မည်ကို စိုးရိမ်








မဲဆန္ဒရှင် သက်သေခံ လက်မှတ်ထုတ်ပေးရာတွင် လူ တစ်ဦးတည်းက လက်မှတ်နှစ်ခုနှင့် အထက် ပို၍ရရှိနေသည့်ဖြစ်စဉ်များ ဖြစ်ပေါ်နေခြင်းကြောင့် ရွေးကောက်ပွဲစောင့်ကြည့်သူများ က မဲမသမာမှုဖြစ်ပေါ်မည်ကို စိုး ရိမ်နေကြောင်း သတင်းရရှိသည်။

နိုဝင်ဘာ ၁ ရက်ကစ၍ မဲ ဆန္ဒရှင်သက်သေခံလက်မှတ်များ  ထုတ်ပေးနေပြီး လူတစ်ဦးတည်း က မဲစာရင်းအမှတ်နှစ်ခုဖြင့် လက်မှတ် နှစ်ခုရသူများရှိကာ အချို့မှာ အမည်၊ မိဘအမည်နှင့် မှတ်ပုံ တင်အမှတ်များ တူညီပြီး လိပ်စာနှင့် မဲပေးရမည့် မဲရုံမတူဘဲ သက်သေခံလက်မှတ် နှစ်ခုရရှိထားသူ များ ရှိနေကြောင်း သက်ဆိုင်ရာမဲ ဆန္ဒရှင်များက ဆိုသည်။

‘‘သက်သေခံ လက်မှတ်က နှစ်ခုဖြစ်နေတာ။ သက်သေခံ လက်မှတ်ထုတ်ပေးပြီဆိုတော့ လူကြုံမှာလိုက်တော့ တစ်ခုရတယ်။ နောက်တစ်ခုကတော့ ကျွန်မ အမျိုးသားက အလုပ်က ပြန်လာ ရင်း ၀င်ယူလာတာဆိုတော့ နှစ်ခု ဖြစ်နေတယ်။ တစ်ခုပြန်ရုပ်သိမ်း ဖို့ ကော်မရှင်ကို သွားမပြောရသေး ဘူး’’ဟု လှိုင်သာယာ (၁၂) ရပ် ကွက်နေ ဒေါ်တင်ဝင်းက ပြော  သည်။၎င်းနည်းတူအခြားသော မဲ ဆန္ဒနယ်များတွင်လည်း အလား တူဖြစ်ရပ်များ ဖြစ်ပေါ်နေသည်။

အဆိုပါမဲဆန္ဒရှင်သက်သေ ခံလက်မှတ်အား မှတ်ပုံတင်အစား အထောက်အထားအဖြစ် ပြသနိုင်သည်ဟု ရွေးကောက်ပွဲကော်မရှင် က ကြေညာထား၍ မှတ်ပုံတင်မရှိသူများအတွက် အဆင်ပြေနိုင်သော်လည်း ယင်းအား အခွင့်ကောင်းယူ၍ မဲမသမာမှုများဖြစ်ပေါ်လာမည့်အရေးကို လွှတ်တော်ကိုယ်စားလှယ်လောင်းအချို့နှင့် စောင့်ကြည့်လေ့လာသူများက စိုးရိမ်နေကြခြင်းဖြစ်သည်။

‘‘သက်သေခံ လက်မှတ် ထုတ်ပေးတာ မဲမသမာမှုဖြစ်ဖို့ ရာခိုင်နှုန်းများပြီး မှန်ကန်တဲ့ ရလဒ်ဖြစ်ဖို့ မလွယ်ဘူး။ သက်သေခံ လက်မှတ်ကို တစ်စုံတစ်ဦးက ငွေနဲ့ ပေးဝယ်လို့ဖြစ်ဖြစ်၊ ခြိမ်းခြောက်ပြီး ဖြစ်ဖြစ်ရယူနိုင်တယ်။ အခုဆို ကျွန်တော့်ပတ်ဝန်းကျင်မှာ လူ တစ်ဦးတည်းက သက်သေခံလက် မှတ် နှစ်စောင် ဖြစ်နေတာမျိုး တွေ့ရတယ်။ ဒါတွေက မဲမသမာ မှုဖြစ်ဖို့ အရမ်းများနေလို့ စိုးရိမ်မိ တယ်’’ဟု ဒီချုပ်ပါတီဝင်တစ်ဦးဖြစ်ပြီး လှိုင်သာယာမြို့နယ် နေ ဦးသက်လွင်က ဆိုသည်။

အဆိုပါ သက်သေခံလက် မှတ်ထုတ်ပေးမှု မတိုင်မီကပင် မဲပေးပိုင်ခွင့်ရှိသူ နောက်ဆုံးစာ ရင်း၌ ဧည့်စာရင်းဖြင့် ရက်ပေါင်း ၁၈၀ နေထိုင်သူများနှင့် မူလက မဲစာရင်းတွင် ကျန်ရစ်ခဲ့သူများကို ထည့်သွင်းပေးခဲ့ရာ မဲစာရင်းမှာ မျှော်မှန်းထားသည်ထက် ပိုများမှု များရှိနေခြင်းကြောင့် စိုးရိမ်မှုအချို့ဖြစ်ပေါ်နေကြသည်။

‘‘ကျွန်တော့်အနေနဲ့ကတော့ ဒီသက်သေခံလက်မှတ်တွေ အ ရေအတွက် ပိုထွက်တယ်ဆိုတာ မျိုးတော့ ဆင်းမကြည့်ရသေး တော့ မသိရသေးဘူး။ ဒါပေမဲ့ နောက်ဆုံးစာရင်းအရ မဲပေးနိုင် သူအရေအတွက်က အရင်က ထက် သိသိသာသာတိုးလာတယ် ဆိုတဲ့ သတင်းစကားကြောင့် စိုးရိမ်မိတယ်။ အဲဒီလူတွေက တကယ် တော့ မဲပေးနိုင်ခွင့်ရှိသူတွေလား၊ ဘယ်လိုလူတွေလဲဆိုတာ မသိရ တော့ ဒါကို မသမာမှုနဲ့ အသုံးချမှု မျိုးဖြစ်လာမှာ စိုးတယ်’’ဟု လှိုင် သာယာမြို့နယ်မှ နေ၍ အမျိုး သားဒီမိုကရေစီအင်အားစုပါတီမှ တိုင်းဒေသကြီး လွှတ်တော်အမှတ် (၂) ကိုယ်စားလှယ်လာင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်မည့် ဦးမင်း မင်းထွန်းက ပြောသည်။

အချို့သော ရပ်/ကျေးရွေး ကောက်ပွဲကော်မရှင်များကမူ အ ဆိုပါလက်မှတ်မှာ မဲပေးရာတွင် လွယ်ကူမှုရှိစေရန်နှင့် မဲစာရင်း တွင် ပါဝင်ကြောင်း ခိုင်လုံမှုရှိစေရန် သာ ထုတ်ပေးခြင်းဖြစ်ပြီး ယင်း လက်မှတ်ရှိရုံဖြင့် မဲပေးခွင့်ရရှိ မည်ဟု မဆိုနိုင်ကြောင်း ပြော သည်။

‘‘ဒီကတ်ပြားရှိလည်း မဲလာ ထည့်ရင် မှတ်ပုံတင်ပါလာဖို့ လို မယ်။ ဒီလိုမှ မဟုတ်ရင် မဲဆန္ဒရှင် မဟုတ်တဲ့ သူက အစားထိုးဝင် ရောက်မဲထည့်တာမျိုးတွေရှိလာ နိုင်လို့ပါ။ အဲဒီရက်ကျရင်လည်း လ၀ကက တာဝန်ခံအရာရှိလည်း ရုံးလာထိုင်မှာပါ။ မှတ်ပုံတင်မရှိ သူတွေအနေနဲ့ လ၀ကမှာ ထောက်ခံချက်တောင်းရမယ်။ သူရဲ့ ထောက်ခံချက်နဲ့ မဲရုံးမှူးခွင့်ပြု ချက်ယူပြီး မဲပေးနိုင်ပါမယ်’’ဟု ကမာရွတ်မြို့နယ် အမှတ် (၄) ရပ်ကွက်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးသောင်းရွှေက ပြောသည်။

သို့သော် သက်သေခံလက် မှတ်ရှိရုံဖြင့် မဲပေးခွင့်ရှိနိုင်ရမည် ဟုဆိုသော တိကျသည့် ညွှန် ကြားချက်ကိုမူ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်က ထုတ်ပြန် ထားခြင်း မရှိ၍ အောက်ခြေကော်မရှင်အဖွဲ့ခွဲများအနေ ဖြင့် လုပ်ကိုင်ရခက်ခဲသည့် အနေအထားတွင် ရှိနေကြကြောင်း ရပ်/ကျေးကော်မရှင် ဥက္ကဋ္ဌအချို့က ဆိုသည်။

မဲစာရင်းတွင် အမည်များစွာ ကျန်ခဲ့ပြီးနောက် ပါတီများ၊ ရွေး ကောက်ပွဲဝင်စောင့်ကြည့်သူများ၊ မီဒီယာများက မဲစာရင်း၌ အ မည်မကျန်စေရန် တိုက်တွန်းခဲ့ပြီး အားလုံးအဆင်ပြေရန် မဲ ဆန္ဒရှင်သက်သေခံလက်မှတ်များ ပြုလုပ်ပေးသည်ဟု ကော်မရှင်က အကြောင်းပြကာ လက်မှတ်အပို များဖြင့် မဲမသမာမှုပြုလုပ်မည်ကို စိုးရိမ်ကြောင်း လှိုင်သာယာမြို့ နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီဝင် ဦးသက်လွင်က ပြောသည်။ စမ်းချောင်းမြို့နယ် လင်း လွန်းမြောက်ရပ်ကွက်တွင်လည်း တစ်ဦးတည်းက မဲဆန္ဒရှင်လက်မှတ် နှစ်ရွက်ရသူအချို့ရှိပြီး ရပ်ကွက်ကော်မရှင်နှင့် မဲဆန္ဒရှင်တို့ ညှိနှိုင်း၍ မဲစာရင်းတစ်ခုကို ပယ်ဖျက်ခဲ့ကြောင်း ဇလွန်လမ်း၌ နေထိုင်သူတစ်ဦးက ပြောသည်။

သက်သေခံလက်မှတ်ထုတ် ပေးရာတွင် ထိုသို့လူတစ်ဦးလျှင် လက်မှတ်တစ်စောင်ထက်ပိုရှိနေ ခြင်းမှာ နေထိုင်ရာနေရာကွာခြား ခြင်း၊ သန်းခေါင်စာရင်းမပြောင်း ထားခြင်းကြောင့် ဖြစ်နိုင်ကြောင်း စမ်းချောင်းမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစိုးမြင့် က မှတ်ချက်ပြုသည်။

‘‘လူတစ်ဦးတည်းက သက် သေခံလက်မှတ် နှစ်ရွက်ဖြစ်နေ တယ်ဆိုတာ သန်းခေါင်စာရင်း နှစ်ခုဖြစ်နေတာကြောင့်လို့ထင် တယ်။ မဲပေးတာ သက်သေခံ လက်မှတ်နဲ့မှ မဟုတ်ပါဘူး။ မှတ် ပုံတင်နဲ့ ပေးရိုးပေးစဉ်အတိုင်း လည်း ပေးနိုင်တယ်။ သက်သေခံ လက်မှတ်ကို အတင်းထုတ်ပေး တာမျိုး မလုပ်ရဘူး။ သက်သေခံ လက်မှတ်တွေက မဲမသမာမှုဖြစ်  လာနိုင်ခြေတော့ရှိတယ်’’ဟု ၎င်း က ပြောသည်။

7Day News Journal



No comments:

Post a Comment

My Blog List