Monday, November 02, 2015

ရွေးကောက်ပွဲဆိုင်ရာ သတင်းစာရှင်းလင်းပွဲ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်၌ ပြုလုပ်မည်



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ နာယက ဦးတင်ဦးနှင့် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့၏ ရွေးကောက်ပွဲနှင့် စပ်လျဉ်းသည့် သတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ် အမှတ် (၅၄) ၌ ပြုလုပ်မည်ဖြစ်ကြောင်း ယင်းပါတီ၏ ထုတ်ပြန်ကြေညာချက်အရ သိရသည်။
ယင်းသတင်းစာ ရှင်းလင်းပွဲကို နိုဝင်ဘာ ၅ ရက် နံနက် ၉ နာရီတွင် ပြုလုပ်မည်ဖြစ်ပြီး သတင်းစာရှင်းလင်းပွဲသို့ မီဒီယာဌာနတစ်ခုလျှင် နှစ်ဦးကျ တက်ရောက်နိုင်မည် ဖြစ်ကြောင်း၊ ထိုသို့ တက်ရောက်နိုင်ရန်အတွက် ပြည်တွင်း၊ ပြည်ပ သတင်းစာဆရာများ အနေဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ (ရုံးချုပ်) ရှိ ပြန်ကြားရေးဌာနတွင် နိုဝင်ဘာ ၃ ရက်နှင့် ၄ ရက်တို့တွင် နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအတွင်း လူကိုယ်တိုင် လာရောက်၍ Press ID Card ပြသကာ စာရင်းပေးသွင်းနိုင်ကြောင်း ယင်းကြေညာချက်တွင် ပါရှိသည်။
The Voice Weekly

No comments:

Post a Comment

My Blog List