Monday, November 02, 2015

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တစ်ရာရာခိုင်နှုန်းအနိုင်ရရှိခဲ့ပါကမည်သူ့ကိုမှ အာဃာတမထားဘဲ လက်ကမ်းကြိုဆိုကာ နိုင်ငံအတွက် အလုပ်တွဲလုပ်လို သည့်စိတ်ဓာတ်ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောကြား


ရွေးကောက်ပွဲ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တစ်ရာရာခိုင်နှုန်းအနိုင် ရရှိခဲ့ပါက မည်သူ့ကိုမှအာဃာတမထားဘဲ လက်ကမ်း ကြိုဆိုကာ နိုင်ငံ အတွက် အလုပ်တွဲ လုပ်လိုသည့် စိတ်ဓာတ်ရှိကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က သင်္ဃန်းကျွန်းမြို့နယ်တွင်ပြုလုပ်သည့် ရွေး ကောက်ပွဲအောင်နိုင်ရေး ဟောပြောပွဲ၌ ပြောကြားလိုက်သည်။
နိုဝင်ဘာ ၁ ရက်က သင်္ဃန်း ကျွန်းမြို့နယ် သုဝဏ္ဏ မြို့ဦးစေတီကွင်း ၌ပြု လုပ်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ရွေးကောက်ပွဲအောင်နိုင် ရေး ဟောပြောပွဲတွင် အထက်ပါအ တိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်က ''တချို့ကပြောတယ်။ ကျွန်မတို့နဲ့ အ မြင်ချင်း မတူတဲ့ တချို့အဖွဲ့အစည်းတွေ က အာဃာတကင်းစင်တယ်ဆိုတာ ကို မယုံဘူးတဲ့။ အဲဒီတော့ ကျွန်မစဉ်း စားတယ်။ ဘာဖြစ်လို့ မယုံပါလိမ့် သူ တို့စိတ်သူတို့နှိုင်းနေလို့များမယုံတာ လားစဉ်းစားတယ်။ ကျွန်မတို့ဟာ အာ ဃာတမထားဘူးဆိုတာ တစ်နည်းအား ဖြင့် မာနလို့လည်းပြောလို့ရပါတယ်။ ကျွန်မတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ရဲ့ သိက္ခာလို့ ဒီလိုကျင့်ကြံတယ်။ တချို့ကလည်း မာနလို့ထင်ရင် ကျွန်မ လက်ခံပါတယ်။ မာနလို့ပဲပြောပြော သိက္ခာလို့ပဲပြောပြော ကျွန်မတို့ဟာ အားလုံးကို ကျောသားရင်သားမခွဲဘဲ ဆက်ဆံခြင်းဟာ တကယ့်ကိုသိက္ခာ ရှိတဲ့ အဆင့်ရှိတဲ့ နိုင်ငံရဲ့အဖွဲ့အစည်း များရဲ့ တာဝန်ဖြစ်လို့ ဘယ်သူကိုမှ အာဃာတမထားဘဲ အဖွဲ့ချုပ် တစ်ရာ ရာခိုင်နှုန်းနိုင်ရင်တောင်မှ လက်ကမ်း ကြိုဆိုပြီး အတူတွဲပြီးလုပ်ချင်တဲ့စိတ် ရှိပါတယ်လို့ ကျွန်မပြောနိုင်ပါတယ်'' ဟု ပြောကြားခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွက် ရွေးကောက်ပွဲရလဒ်နှင့်ပတ် သက်၍ တစ်ရာရာခိုင်နှုန်းဟူသည့် အသံမျိုးသာကြားလိုပြီး မဲမသမာမှုများမပြု လုပ်နိုင်ရန် ပြည်သူများမှ ဝိုင်း ဝန်းကြိုးစားပေးကြရန်လည်း ဒေါ် အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့ သည်။

ယင်းက ''ကျွန်မတို့ အဖွဲ့ချုပ် ကနေပြီးတော့ အကယ်၍ ၄၀ ကျော် ရရင် အဲဒီစကားတွေ လုံးဝမကြား ချင်ဘူး။ တစ်ရာရာခိုင်နှုန်းပဲ ကြားချင်ပါ တယ်လို့ပြောချင်ပါတယ်။ ခုန ပြောတဲ့အထဲမှာ အကယ်၍ တစ်ဖက် ကနေညစ်ပတ်ရင်၊ မဲခိုးရင် ဘယ်နဲ့ လုပ်မလဲဆိုတော့ ကျွန်မတို့ ပြည်သူ တွေက ဒီလိုမဲခိုးမယ့်၊ ညစ်ပတ်မယ့် လူတွေထက်ပိုပြီးတော့ ဉာဏ်မရှိဘူး လား။ အဲဒီလိုလုပ်လို့မဖြစ်အောင် လုပ် ကြပါလို့ ကျွန်မတိုက်တွန်းလိုပါတယ်'' ဟု ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် အာဏာရှင် လက်အောက်၌နေခဲ့ရသည်မှာ နှစ် ငါးဆယ် ကျော် ရာစုနှစ်ဖြင့်တွက်ပါက ရာစုနှစ်တစ်ဝက်ကျော် သွားပြီဖြစ်ပြီးထိုသို့ သောကာလအတွင်း မွေးဖွား လာသည့် မြန်မာလူငယ်များမှာ ဒီမို ကရေစီ စနစ်ကို မသိခဲ့ကြကြောင်း ထိုသို့မသိခဲ့ကြသော်လည်း စိတ်ဓာတ်ကရှိပြီးသား ဖြစ်ပြီး အဆိုပါစိတ်ဓာတ် ရှိခြင်းမှာ မွေးရာပါလူသားများ၏ ဟန် ကိုနှစ်သက် သည့် စိတ်ဓာတ်ကြောင့်ဟု မိမိအနေဖြင့်ယူဆကြောင်းလည်း ဒေါ်အောင် ဆန်းစုကြည်က ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်၍ ''ကျွန်မတို့ အဖွဲ့ချုပ် ကိုယ်စားလှယ် လောင်းတွေနဲ့ အဖွဲ့ ချုပ်ဝင်တွေနဲ့ပတ်သက်လို့ ကျွန်မ အင်မတန်တင်းတင်း မာမာဆက်ဆံပါ တယ်။ တချို့ကလည်း ဒီဟာကိုပြော ပါတယ်။

ကျွန်မကနေပြီးတော့ အဖွဲ့ ချုပ်ဝင်တွေဆက်ဆံရင် အင်မတန် တင်းမာ တယ်။ ပြည်သူတွေနဲ့ကျတော့ ပျော့ပျောင်းတယ်ဆိုပြီးတော့ နိုင်ငံ ရေးဆို တာ ဒီအတိုင်းပဲဖြစ်ရမယ်။ ကိုယ့် လူတွေကိုယ်တင်းမာရမယ်။ အများ ပြည်သူတွေနဲ့ ပျော့ပျောင်းရမယ်။ ဒါ လေးက နိုင်ငံရေးရဲ့ အနှစ်သာရဖြစ်ရ မယ်။ ကိုယ့်လူတွေကျတော့ ပေးလိုက် ကျွေးလိုက်ပြီးတော့ ပြည်သူတွေကျ တော့ ဆင်းရဲနေအောင်လုပ်တဲ့စနစ် ဟာ လုံလောက်တဲ့ဟာမဟုတ်ဘူး'' ဟုလည်း ပါတီအတွင်း ဆက်ဆံရေး နှင့်ပတ်သက်၍ ၎င်းအပေါ် မှတ်ချက် ပေးနေခြင်းများကို ပြောကြားခဲ့သည်။

မဲဆန္ဒရှင် ပြည်သူများအနေ ဖြင့်လည်း ရွေးကောက်ပွဲကာလ၌ ဒီ မိုကရေစီ အရည်အသွေးပြည့်ဝသည့် မြန်မာနိုင်ငံသားများအနေဖြင့် ရွေး ကောက်ပွဲကို တည်ငြိမ်စွာဖြစ်သန်းနိုင်ကြောင်း သက်သေပြကြရန်လည်း ဒေါ်အောင်ဆန်း စုကြည်က တိုက် တွန်းခဲ့သည်။

YM
#Democracytoday

No comments:

Post a Comment

My Blog List