Thursday, November 05, 2015

အစိုးရအဖွဲ့ သက်တမ်းငါးနှစ်ပြည့် အထိမ်းအမှတ် ငွေဒင်္ဂါးထုတ်ဝေမည် ကျပ် ၅,၀၀၀ တန် ငွေဒင်္ဂါးကို အကန့်အသတ်ဖြင့်ထုတ်လုပ်ပြီး ဝယ်ယူလိုပါက ကျပ် ၃၀,၀၀၀ ဖြင့် ရောင်းမည်ဟုဆို


သမ္မတဦးသိန်းစိန်အစိုးရ အဖွဲ့သက်တမ်း ငါးနှစ်ပြည့်အ ထိမ်းအမှတ်အဖြစ် ငါးထောင် ကျပ်တန်ငွေဒင်္ဂါး ထုတ်ဝေမည် ဖြစ်ပြီး ဝယ်ယူလိုပါက ကျပ်သုံး သောင်းဖြင့် ရောင်းချမည်ဖြစ် ကြောင်း နိုင်ငံပိုင်ရုပ်သံမီဒီယာက နိုဝင်ဘာ ၄ ရက် ည ၈ နာရီသ တင်းတွင် ကြေညာသည်။
ငါးထောင်ကျပ်တန်ငွေဒင်္ဂါး ထုတ်ဝေရာတွင် ထူးခြားချက်မှာ အစိုးရအဖွဲ့ ငါးနှစ်တာသက်တမ်း ဟု မသုံးနှုန်းဘဲ‘ပြည်ထောင်စုအ စိုးရအဖွဲ့ ပထမသက်တမ်း’ဟု သုံး နှုန်းထားခြင်းဖြစ်ပြီး ငွေဒင်္ဂါးကို အကန့်အသတ်ဖြင့် ထုတ်လုပ်ခြင်းဖြစ်၍ ဝယ်ယူလိုပါက မြန်မာ့ ကျောက်မျက်ရတနာလုပ်ငန်းအ ရောင်းဆိုင်များတွင် ငွေကျပ်သုံး သောင်းဖြင့် ရောင်းချမည်ဟုဆို သည်။ အထိမ်းအမှတ်အတွက် ထုတ်ဝေသည့်ငွေဒင်္ဂါးသည် ငွေ စင်ငွေသား ၉၂ ဒသမ ၅၀ ရာခိုင်နှုန်းဖြင့် သွန်းလုပ်ထားပြီး အလေး ချိန် ၂၀ ဂရမ်နှင့် အချင်း ၂၅ မီလီ မီတာရှိသည်ဟုဆိုသည်။

ဒင်္ဂါး၏အရှေ့ဘက်တွင် နိုင်ငံတော် အထိမ်းအမှတ်တံဆိပ် ရိုက်နှိပ်ထားပြီး ကျောဘက်၌ တော်ဝင်ဆင်ဖြူတော်ပုံ ရိုက်နှိပ် ထားသည်ဟု ကြေညာသည်။

ယင်းငွေဒင်္ဂါးကို မြန်မာနိုင်ငံ တော်ဗဟိုဘဏ်က ထုတ်ပေးမည် ဖြစ်ပြီး ထုတ်လုပ်သည့်နှစ်ကို ၂၀၁၅ ဟု ဖော်ပြထားသည်။

သို့သော် ငွေဒင်္ဂါး စတင် ထုတ်လုပ်မည့်ရက်ကို ကြေညာခြင်းမရှိသေးပေ။

‘‘အထိမ်းအမှတ်နဲ့ ထုတ် တာ။ နိုင်ငံတကာမှာလည်း ရှိပါတယ်။ အရင်ကတော့ ရွှေဒင်္ဂါးတွေ ရောင်းဖို့ထုတ်ခဲ့ဖူးတယ်။ အထိမ်းအမှတ်ငွေဒင်္ဂါးကတော့ ပထမဆုံး အကြိမ်ထင်တယ်။ အစိုးရအဖွဲ့ အောင်မြင် ကျော်လွှားနိုင်ခဲ့လို့ ထုတ်နိုင်ပါတယ်။ ဒါပေမဲ့ ပထမ သက်တမ်းအထိမ်းအမှတ်ဆိုတာ ကတော့ ဆန်းတယ်’’ဟု မြန်မာ နိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္က ဋ္ဌအငြိမ်းစား၊ လက်ရှိ ကမ္ဘောဇ ဘဏ်အကြီးတန်း အတိုင်ပင်ခံ ပုဂ္ဂိုလ် ဦးသန်းလွင်က မှတ်ချက်ပြု သည်။

ပြည်ထောင်စုအစိုးရအဖွဲ့ ပထမသက်တမ်းအထိမ်းအမှတ် ဟု သုံးနှုန်းခဲ့ခြင်းနှင့်ပတ်သက်၍ အစိုးရအဖွဲ့မှာ လက်ရှိ အာဏာ ပိုင်ဖြစ်ပြီး ကြိုက်သလို ဆွဲယူသုံး နိုင်ခြင်းဖြစ်ကာ ဒုတိယသက်တမ်း ရှိခြင်း၊ မရှိခြင်းမှာ မည်သူမျှသိနိုင် မည်မဟုတ်ဘဲ ယင်းရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခြင်း ဖြစ်ပါက အစိုးရအဖွဲ့၏ကျင့်ဝတ်နှင့်ဂုဏ် သိက္ခာအပေါ် မူတည်မည်ဖြစ် ကြောင်း ဘဏ်လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်သူ ဦးရဲမင်းဦးက မှတ် ချက်ပြုသည်။

7Day News Journal

No comments:

Post a Comment

My Blog List