Monday, July 06, 2015

ရန်ကုန်မြို့ပတ်ရထားကိစ္စအပါအဝင် မြန်မာ့ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ယန်းဘီလီယံ ၁ဝဝ ထုတ်ချေးသွားမည်ဟု ဂျပန်ဝန်ကြီးချုပ်ကတိပြု


ရန်ကုန်မြို့ပတ်ရထား ဖွံ့ဖြိုးရေးအပါအဝင် မြန်မာ့ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ဂျပန်ယန်းဘီလီယံ ၁ဝဝ ကို ထုတ်ချေး သုံးစွဲသွားမည်ဖြစ်ကြောင်း ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက သမ္မတဦးသိန်းစိန်အား ကတိပြု ပြောဆိုလိုက်ကြောင်း သိရသည်။

ဂျပန်-မြန်မာထိပ်သီးအစည်း အဝေးအပေါ် နှစ်ဖက်ခေါင်းဆောင်များပူး တွဲသတင်းစာရှင်းလင်းပွဲကို ဇူလိုင် ၄ရက်က တိုကျိုမြို့ရှိ နိုင်ငံတော်ဧည့်ဂေဟာ၌ပြု လုပ်ရာ နိုင်ငံတော်သမ္မတဦးသိန်းစိန်အား ဂျပန်ဝန်ကြီးချုပ် က ကတိပြုပြောဆိုခဲ့ခြင်းဖြစ်သည်။လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ရေး၊ လျှပ်စစ်မီးရရှိရေး၊ ယာဉ်ကြော ပိတ် ဆို့မှုပြဿနာဖြေရှင်းရေးနှင့် ရန်ကုန်မြို့ပတ် ရထား စသောဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ယန်း ဘီလီ ယံ ၁ဝဝကို ဂျပန်နိုင်ငံက ထုတ် ချေးသွားမည်ဟု သိရသည်။

ထို့ပြင် မြန်မာ့ဒီမိုကရေစီပြုပြင် ပြောင်းလဲရေး၊ အမျိုးသားပြန်လည်သင့်မြတ် ရေး၊ အုပ်ချုပ်ရေးနှင့် လူမှုစီး ပွားရေးပြုပြင် ပြောင်းလဲမှုများကို အားပေးကူညီသွားမည် ဖြစ်သလို လာမည့်ရွေးကောက်ပွဲအတွက် လည်း လွတ်လပ်ပြီးတရားမျှတသည့် ရွေး ကောက်ပွဲဖြစ်မြောက်ရေးအတွက် အကူအ ညီပေးသွားမည်ဟု ဂျပန် ဝန်ကြီးချုပ်ကပြော ဆိုခဲ့သည်။

အဆိုပါသတင်းစာရှင်းလင်းပွဲ တွင် နိုင်ငံတော်သမ္မတက ''လူမှုဘဝဖွံ့ဖြိုး တိုးတက်ဖို့မှာ ဒီမိုကရေစီထွန်း ကားစ မြန်မာနိုင်ငံအတွက် လိုအပ်ချက်တွေအများကြီး ရှိနေပါတယ်။ အရင်းအနှီးနည်းပညာနဲ့ လူ့ စွမ်းအား အရင်းအမြစ်တွေဟာ အရေးတ ကြီးလိုအပ်ချက်ဖြစ်နေပါတယ်။ ရင်းနှီးမြှုပ် နှံမှုအပိုင်းမှာ သီလဝါစက်မှုဇုန် မှာ ရင်းနှီး မြှုပ်နှံမှုတွေကို ဂျပန်ကတက် တက်ြ<ွကြ<ွက ဆောင်ရွက်နေပြီး မကြာခင်မှာ လုပ်ငန်း တချို့ကို စတင်နိုင်တော့မှာဖြစ်ပါတယ်''ဟု ပြောဆိုသွားခဲ့သည်။

မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ် ရှင်သန်ဖို့အတွက် တည်ငြိမ်အေးချမ်းရေး နှင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး သည်အရေး ကြီးကြောင်း သမ္မတဦးသိန်းစိန်က ပြောဆိုခဲ့ ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ဂျပန် နိုင်ငံ ၏ဆောင်ရွက်ချက်များကိုလည်း မြန် မာနိုင်ငံအနေဖြင့် ထောက်ခံအားပေးကြောင်း ပြောဆိုခဲ့သည်။

#TheFlowerNews


No comments:

Post a Comment

My Blog List