Monday, July 06, 2015

တရုတ်သည် ကွန်ပျူတာတိုင်းကို Hack ရန် ကြိုးပမ်းနေသည်ဟု ဟီလာရီကလင်တန် စွပ်စွဲ


ဟီလာရီကလင်တန်က တရုတ် နိုင်ငံသည် အမေရိကန်နှင့်ပတ်သက် နေသည့် ကွန်ပျူတာတိုင်းကို တရား မဝင် ထိုးဖောက် ဝင်ရောက်ရန်နှင့် အစိုးရ၏ အချက်အလက်များကိုခိုး ယူရန် ကြိုးပမ်းနေသည်ဟု ဇူလိုင် ၄ ရက်တွင် စွပ်စွဲလိုက်သည်ကို AFP သတင်းတွင်ဖော်ပြသည်။

ဟီလာရီကလင်တန်၏ ပြင်း ထန်သောဝေဖန်မှုက တရုတ်နိုင်ငံကို ဒေါသဖြစ် စေမည်ဖြစ်သည်။ နောက်နှစ် အမေရိကန် သမ္မတ ရွေး ကောက်ပွဲအတွက် အထူးရေပန်းစား နေသည့် ကလင်တန်ကNew Hampshire မှ မဲဆွယ်ပွဲ တစ်ခုတွင် ဒီမို ကရက်တစ်ထောက်ခံသူများကို ထို သို့ပြောကြားခဲ့ခြင်းဖြစ် သည်။

လွန်ခဲ့သောလတွင် အမေရိ ကန်ရှိ အစိုးရဝန်ထမ်းများစွာ၏ ပုဂ္ဂိုလ်ရေးအချက်အလက်များ ဆိုက်ဘာတိုက် ခိုက်ခံခဲ့ရပြီး ထိုတိုက်ခိုက်မှုအတွက် အဓိကသံသယဖြစ်ရသူမှာ တရုတ်ဟု အမေရိကန်အမျိုးသား ထောက် လှမ်းရေး ဒါရိုက်တာကပြောခဲ့သည်။ သို့သော် စွပ်စွဲချက်ကို တရုတ်က ဒေါသတကြီးငြင်းဆန်ထား သည်။

နိုင်ငံခြားရေးဝန်ကြီးဟောင်း ဖြစ်သူ ကလင်တန်က တရုတ်သည် ၎င်းတို့၏ ဆောင်ရွက်ချက်များ ရှေ့ ဆက် နိုင်ရန် အမေရိကန် အစိုးရ၏ သတင်း အချက်အလက်များစွာကို ခိုးယူနေကြောင်း၊ ၎င်းတို့သည် ယခု ပြိုင်ပွဲ အတွင်း အမှားမရှိအောင်ဆောင်ရွက်ကာ အနိုင်ရရန်မည်သည့်နည်းကိုမဆို အသုံးပြုမည်ဟု ကလင်တန်က ပြောခဲ့သည်။

အမေရိကန်သည် လွန်ခဲ့သော နှစ်များအတွင်း ပေါ်ပေါက်ခဲ့သော ဆိုက်ဘာတိုက်ခိုက်မှုများကို တရုတ် အပေါ် အပြစ်တင်ခဲ့ကာ တရုတ် စစ်တပ်မှ တပ်ဖွဲ့ဝင်များပင် ပါဝင်ကျူး လွန်နေသည်ဟုပြောခဲ့သည်။
ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ပညာရှင်များကလည်း အမေရိကန် အစိုးရဝန်ထမ်းလေးသန်းခန့်၏ အ ချက် အလက်များ ခိုးယူခံရမှု သည် ထောက်လှမ်းရေးအတွက် အချက် အလက်စင်တာတစ်ခု တည်ထောင်ရန် တရုတ်ဘက်မှ ကြိုးပမ်းမှု၏ အစိတ် အပိုင်းတစ်ရပ်ဖြစ်နိုင်သည်ဟု လည်း ပြောကြားခဲ့ကြသည်။

Ref: AFP
‪#‎Democracytoday‬

No comments:

Post a Comment

My Blog List