Thursday, July 09, 2015

ဒီချုပ် ရွေးကောက်ပွဲဝင်၊ မဝင် ရက်ပိုင်းအတွင်း ကြေညာမည်


အထွေထွေရွေးကောက်ပွဲကျင်းပမည့်ရက်ကိုကော်မရှင်က ကြေညာပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီ(NLD)က ရွေးကောက်ပွဲဝင်၊မဝင်ဆိုသည့် ဆုံးဖြတ်ချက်ကို လာမည့်ရက်ပိုင်းအတွင်း ထုတ်ပြန်ကြေ ညာဖြစ်ကြောင်း သတင်းရရှိသည်။

၂၀၁၅ နိုဝင်ဘာ ၈ ရက်တွင် အထွေထွေ ရွေးကောက်ပွဲများ ကျင်းပမည်ဟု ကြေညာချက်များ ထွက်ပေါ် လာခဲ့ပြီးနောက် မိမိတို့ အနေဖြင့် အလုပ်အမှုဆောင်အ စည်းအဝေးခ်ါယူကာ ဆုံးဖြတ် ချက်တစ်ရပ် အမြန် ဆုံး ထုတ်ပြန်မည်ဖြစ်ကြောင်း NLD ပြောရေးဆိုခွင့်ရှိသူ ဗဟိုအလုပ်အမှုဆောင် ဦးဉာဏ်ဝင်းကပြောသည်။

‘‘ရွေးကောက်ပွဲဝင်၊ မဝင်ဆိုတာ ကျွန်တော်တစ်ယောက် တည်း ဆုံးဖြတ်လို့မရဘူး။ ဒီကိစ္စက CEC အစည်း အဝေးခေါ်ပြီး ဆုံးဖြတ်ရမှာဖြစ်ပါတယ်။ ဒါ ကြောင့် CEC အစည်းအဝေးအ မြန်ဆုံးခေါ်ပြီး ထုတ်ပြန်ချက်ကို အမြန်ဆုံးကြေညာပေးမှာပါ’’ဟု ဦးဉာဏ်ဝင်းက ပြောသည်။

မကြာမီက ကျင်းပပြုလုပ်ခဲ့ သော ၁၉၉၀ ရွေးကောက်ပွဲငွေရ တုအထိမ်းအမှတ်အခမ်းအနား သတင်းစာ ရှင်းလင်းပွဲတွင် NLDပါတီသည် ရွေးကောက်ပွဲဝင်ရောက်မည်ဟု တစ်ထစ်ချ ဆုံး ဖြတ်ထားခြင်း မရှိသေးဘဲ ရွေးကောက်ပွဲ မည်သည့်နေ့ရက်၌ ကျင်းပမည်ကို သိရှိပြီးမှသာ ဆုံးဖြတ်မည်ဖြစ်ကြောင်း NLD ဗဟိုအလုပ် အမှုဆောင် ဦးဝင်းထိန်က ပြောကြားခဲ့သည်။

အကယ်၍ ရွေးကောက်ပွဲ ဝင်ရောက်ဖြစ်မည်ဆိုပါက ကိုယ် စားလှယ်များစိစစ်ခြင်း၊ အောင် နိုင်ရေးကိစ္စ များ ဆောင်ရွက်ခြင်း စသည့် ကိစ္စရပ် အများအပြား လုပ်ဆောင်ရမည်ဖြစ်ကြောင်း ပါတီရွေးကောက်ပွဲ အောင်နိုင်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးဉာဏ်ဝင်းက ဆိုသည်။

လက်ရှိ နိုင်ငံတွင်း ဆောင် ရွက်နေသော အခြေအနေများ သည် ကျေနပ်အားရစရာများ နည်းပါးနေပြီး ရွေးကောက်ပွဲဝင် ရောက်ခြင်းမပြုဘဲ သပိတ်မှောက် ခြင်းသည်လည်း နည်းလမ်းတစ် ရပ်ဖြစ်ကြောင်း NLD ဥက္ကဋ္ဌ ဒေါ် အောင်ဆန်းစုကြည်က ပြည်ပ အင်တာဗျူးတစ်ခု၌ ပြောကြား ထားသည်။

NLD သည် ပါတီတည်ထောင်ပြီး ၂ နှစ်ခန့်အကြာတွင် ပြုလုပ်သည့်  ၁၉၉၀ရွေးကောက်ပွဲတွင်  အပြတ် အသတ် အနိုင်ရရှိခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခြင်းမပြုဘဲ သပိတ်မှောက်ခဲ့ ကာ ၂၀၁၂ ကြားဖြတ် ရွေးကောက် ပွဲတွင်လည်း အပြတ်အသတ် အနိုင်ရရှိခဲ့သည်။

၂၀၁၅ ရွေးကောက်ပွဲဝင် ရောက်ဖြစ်ပါက နိုင်ငံတစ်ဝန်းရှိ မဲဆန္ဒနယ်များအားလုံး အကြားအလပ်မရှိ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ဗဟိုအလုပ်အမှုဆောင် ဦးထွန်းထွန်းဟိန်က ပြောကြားသည်။

7Day News Journal


No comments:

Post a Comment

My Blog List