Tuesday, July 07, 2015

မှားယွင်းနေသည့် မဲစာရင်းများ အချိန်မီပြင်ဆင်ပေးရန် ရွေးကောက်ပွဲ ကော်မရှင်သို့ သူရဦးရွှေမန်း သ၀ဏ် လွှာပို့မည်


ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းသည် မှားယွင်းနေသည့် မဲစာရင်းများကို အချိန်မီ ပြင်ဆင်ပေးရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌထံသို့ သ၀ဏ်လွှာပေးပို့ တိုက်တွန်းမည် ဖြစ်သည်။ လက်ရှိ ထုတ်ပြန်ထားသည့် မဲစာရင်းတွင် ကွဲလွဲမှုများ ရှိနေကြောင်း ကြားသိရ၍ ဇူလိုင် ၅ရက်တွင် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ပြည်ထောင်စုလွှတ် တော်နာယ ကသူရဦးရွှေမန်းက ၎င်း၏ မဲဆန္ဒနယ်ဖြစ်သော ဇေယျာသီရိမြို့ နယ်အတွင်း ကွင်းဆင်း၍ အခြေခံမဲဆန္ဒရှင်စာရင်းများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း ၎င်း၏ ကိုယ်ပိုင်လူမှု ကွန်ရက် စာမျက်နှာ၌ ဖော်ပြခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစု ကြည်ကိုယ်တိုင်ကွင်းဆင်း၍ မဲစာရင်းများ စစ် ဆေးပြီးနောက် လက်ရှိအနိုင်ရပါတီဖြစ်သည့် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ သူရဦးရွှေ မန်းကိုယ်တိုင်ကွင်းဆင်း၍ မဲစာရင်းများ စစ်ဆေးခဲ့ခြင်းဖြစ်သည်။

ထိုသို့ကွဲလွဲမှုများကို သွား ရောက်စိစစ်ရာတွင် မဲစာရင်း ကောက်ခံဆဲကာလမှာပင် ၀န်ထမ်းများ ဒေသ ပြောင်းရွှေ့သွား ခြင်း၊ အသစ်ရောက်ရှိလာခြင်း၊ မှတ်ပုံတင်မရှိခြင်း၊ (မှတ်ပုံတင်မရှိရသည့် အကြောင်းရင်း အား မေးမြန်းရာ အိမ်ထောင်စုဇယား(ပုံစံ ၆၆)မရှိခြင်းကြောင့်ဖြစ်ခြင်း) သေဆုံးသွားသူများကို အိမ်ထောင် စု ဇယား(ပုံစံ-၆၆) ထဲမှ နုတ်ပယ် ထားမှု မပြုရသေးခြင်း၊ လယ်ယာမြေလုပ်ကိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇) မရှိခြင်းစသည့် အချက် ငါးချက်ကြောင့်ဖြစ်ကြောင်း သူရ ဦးရွှေမန်းက ရေးသားဖော်ပြထား သည်။

ရွေးကောက်ပွဲတွင် လူတစ် ဦးချင်းစီ၏ မဲတစ်မဲတိုင်းသည် နိုင်ငံတော်၏ ကံကြမ္မာကို အဆုံးအဖြတ်ပေးနိုင် မည်ဖြစ်ကာ လာမည့် ၂၀၁၅ ရွေးကောက်ပွဲကို တရားမျှတစွာနှင့် ပွင့်လင်း မြင်သာစွာ ကျင်းပသွားနိုင်ရေး မှာ လွန်စွာ အရေးကြီးကြောင်းသူရဦးရွှေမန်းက ရေးသားထား သည်။

အတိုက်အခံပါတီဖြစ်သော  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက မဲစာရင်းမှားယွင်းမှုကိစ္စရပ်များ ပြင်ဆင် ရေးဆောင်ရွက် နေသော်လည်း အနိုင်ရပါတီဖြစ်  သော ပြည်ခိုင်ဖြိုးပါတီက မဲ စာရင်းမှားယွင်းမှုများအပေါ် တစ် စုံတစ်ရာလှုပ်ရှားဆောင်ရွက်မှု များ မရှိကြောင်း ဝေဖန်မှုများ ထွက်ပေါ်နေချိန်တွင် ပါတီဥက္ကဋ္ဌ သူရ ဦးရွှေမန်းက မဲစာရင်းများကို ကိုယ်တိုင်ကွင်းဆင်းကြည့်ရှုစစ် ဆေးခဲ့ခြင်းဖြစ်သည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မဲစာရင်းမှားယွင်းနေမှုသည် လာမည့်ရွေးကောက်ပွဲ၏ ရလဒ်ကို ထိခိုက်နိုင် ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားထားသည်။

7Day Daily

No comments:

Post a Comment

My Blog List