Tuesday, July 07, 2015

အမျိုးပညာရေး သပိတ်မှောက် ကျောင်းသား ၁၀ ဦး အာမခံဖြင့် ပြန်လွှတ်ပေးမည်


ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီအကျဉ်းထောင်တွင် ဖမ်းဆီးထိန်းသိမ်းခံ ထားရသော အမျိုးသားပညာရေး သပိတ်မှောက် ကျောင်းသားနှင့် ၀န်းရံ ပြည်သူ ၇၀ ကျော်အနက်မှ ကျောင်းသား ၁၀ ဦးနှင့် ဝန်းရံပြည်သူ ၁ ဦးကို သာယာဝတီခရိုင် တရားရုံးက ယနေ့ နံနက် အာမခံပေးလိုက်ပြီး ဇူလိုင် ၁၄ ရက်နေ့တွင်ပြန်လွှတ်ပေး မည်ဖြစ်ကြောင်း သတင်းရရှိသည်။

“အာမခံလျှောက်ထားတဲ့သူ ၁ ဦးချင်းစီကို အာမခံပေးမယ့်သူ ၂ ဦး က သိန်း ၅၀ ကျပ်တန်ဖိုးရှိ ပိုင်ဆိုင်မှု ထောက်ခံစာ၊ မှတ်ပုံတင်တွေနဲ့ ဇူလိုင် ၁၄ ရက် နေ့ ရုံးချိန်းရောက်ရင် မြို့နယ်တရားရုံးမှာ ပြပြီး အာမခံ ပေးမယ်။ မြို့နယ်မှာ အာမခံတင် တုန်းကတော့ အကြောင်းကြောင်းတွေကြောင့်ပယ်ချခံခဲ့ ရပေ မယ့် ခရိုင်တရားရုံးမှာတော့ အာမခံရပြီ”ဟု အာမခံရသည့် ရန်ကုန် အရှေ့ ပိုင်းတက္ကသိုလ် ဒဿနိကဗေဒ အဝေးသင်ကျောင်းသား ရဲဝင့်အောင်(ခ)ရွှေကြယ်မိုး၏ ဖခင် ဦးစံထွန်းက ဧရာဝတီသို့ပြောသည်။

သာယာဝတီခရိုင်တရားရုံးတွင် အာမခံလျှောက်ထားခဲ့သူ ကျောင်းသားနှင့် ဝန်းရံပြည်သူ ၁၆ ဦး မှ အဝေးသင် ကျောင်းသားများဖြစ်သည့် ရဲဝင့်အောင်(ခ) ရွှေကြယ်မိုး၊ ရဲဝင့်အောင်( ပြည်တက္ကသိုလ်)၊ သက်ပိုင်ထွန်း၊ တင်ကိုဦး၊ သန်းဆွေနှင့် ဝန်းရံပြည်သူ ဒေါ်သန်းအေး အပါအဝင် စုစုပေါင်း ၁၁ ဦးကို သာယာဝတီခရိုင်တရားရုံး မှ အာမခံ ပေးလိုက်ခြင်း ဖြစ်သည်။

အာမခံမရသူ ကျောင်းသား ၄ ဦးမှာ တရားရုံးသို့ တင်ပြလာသည့် အထောက်အထားများ မခိုင်လုံသည့် အတွက်ဖြစ်ကြောင်း၊ လက်ရှိတွင် ရန်ကုန်ပြည်သူ့ဆေးရုံးကြီးတွင် ဆေးကုသမှုခံယူနေရသည့် ဝန်းရံပြည် သူ ကိုတင်ဝင်းအတွက် အာမခံ လျှောက်ထားခဲ့သော်လည်း တရားလိုကို စစ်ဆေးမှုမပြီးဆုံးသေးသည့် အတွက်ဟုဆိုကာ အာမခံပယ်ချခံရကြောင်း သိရှိရသည်။

“အထောက်အထားမခိုင်လုံလို့ ပယ်ချခံရတဲ့ အဝေးသင်ကျောင်းသားတွေကိုတော့ မြို့နယ်တရားရုံးက တဆင့် အထောက်အထားအပြည့်အစုံနဲ့ ပြန်တင်ပြခွင့် ပြုလိုက်တယ်”ဟု ဦးစံထွန်းက ရှင်းပြသည်။

ဇွန် ၂ ရက်နေ့က သာယာဝတီမြို့နယ်တရားရုံးတွင် ဖမ်းဆီးခံထားရသူ ၁၆ ဦး က အာမခံလျှောက်ထားခဲ့ သော်လည်း အထောက်အထား ခိုင်လုံမှုမရှိခြင်း၊ တရားလိုကို စစ်ဆေးမှု မပြီးစီးသေးခြင်းနှင့် အမှုမှန်မပေါ် ပေါက်သေးခြင်းဟူသော အကြောင်းပြချက်များဖြင့် အာမခံပယ်ချခံခဲ့ရကြောင်း၊ ထို့ကြာင့် ကျောင်းသားမိဘ များက ခရိုင်တရားရုံးသို့ ဆက်လက် လျှောက်ထားခဲ့ရာ အာမခံရခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အမျိုးသား ပညာရေးဥပဒေ ပြင်ဆင်ရေး ဆန္ဒပြမှုကြောင့် သာယာတီ ထောင်အတွင်း ဖမ်းဆီးခံထားရသည့် ဆန္ဒပြ ကျောင်းသားနှင့် ၀န်းရံပြည်သူ စုစုပေါင်း ၇၀ ကျော်ကို အစိုးရ က လူစုလူဝေးတွင် ပါဝင်မှု ပုဒ်မ ၁၄၃၊ လူစုခွဲရန် အမိန့်ပေး ပြီး နောက် ဆက်လက်ပါဝင်နေမှု ပုဒ်မ ၁၄၅၊ ရုန်းရင်း ဆန်ခတ်ဖြစ်စေမှု ပုဒ်မ ၁၄၇၊ တာဝန် ထမ်းဆောင်ဆဲ ဝန်ထမ်းကို နာကျင် စေမှု ပုဒ်မ ၃၃၂ နှင့် နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) တို့ဖြင့် တရားစွဲထားသည်။

ဧရာဝတီ

No comments:

Post a Comment

My Blog List