Tuesday, July 07, 2015

နိုင်/ကျဉ်းဟောင်းများအဖွဲ့ တနင်္ဂနွေလှုပ်ရှားမှု ဒုတိယအပတ်အဖြစ် တောင်ဒဂုံမှအကျဉ်းကျဆဲ နိုင်/ကျဉ်းမိသားစုများကိုတွေ့ဆုံ


နိုင်ငံရေးအကျဉ်းသားအားလုံးခြွင်း ချက်မရှိပြန်လည်လွှတ်ပေးရန် အပတ်စဉ် တောင်းဆိုသည့်အနေဖြင့် တနင်္ဂနွေလှုပ် ရှားမှု (ဆန်းဒေးကမ်ပိန်း) ကို နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့က တစ်ပတ်ခြား တနင်္ဂနွေနေ့တိုင်လှုပ်ရှားလျက် ရှိရာ ဇူလိုင် ၅ ရက်နေ့က ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ရှိ ပုဒ်မမျိုးစုံဖြင့် ပြစ်ဒဏ်ကျခံနေရသည့်နိုင်ငံရေးတက်ကြွ လှုပ်ရှားသူခြောက်ဦး၏မိသားစုများထံ သွားရောက်တွေ့ဆုံအား ပေးခဲ့ကြောင်း သိရသည်။

ယင်းသို့လိုက်လံတွေ့ဆုံရာတွင် အကျဉ်းသားအများစုမှာဆင်းရဲချို့တဲ့ကြ သဖြင့် အချို့အိမ်များမှာ နိုင်/ ကျဉ်း ဟောင်းဦးဆောင်ကော်မတီဝင်များ သုံးလေးဦးခန့်သာတက်ရောက်အားပေးကြရ ကြောင်း၊ ဆန်းဒေး ကမ်ပိန်းကို အရှိန်မြှင့် လုပ်ဆောင်နိုင်ရန် ဒီမိုကရေစီပြောင်းလဲ နေသောနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသား တစ်ယောက်မျှမရှိရဆိုသည့်စိတ်ထားမျိုး ရှိသူတိုင်းအားပေးကူညီရန်လိုကြောင်း  နိုင်/ကျဉ်းဟောင်းများ အဖွဲ့ဦးဆောင် ကော်မတီကိုတင်မောင်ဦးကပြောကြား သည်။

“ကျွန်တော်တို့နိုင်ကျဉ်းတွေအများစုက ဆင်းရဲကြပါတယ်။ ကိုယ့်မိသားစု ဆင်းရဲနေပေမဲ့ မိသားစုကအကျိုး နဲ့ ကိုငယ်ကျိုးကို မငဲ့ဘဲတိုင်းပြည်ကောင်းဖို့ တိုက်ပွဲဝင်ရင်းသူတို့ထောင်ထဲရောက်နေရတာ ဒါကိုလေးစားရ မှာဖြစ်ပါတယ်။ အခုအထဲမှာ ကျန်းမာရေးထိခိုက်နေတဲ့ သူတွေရှိတယ်။ သူတို့ကျန်းမာရေးကအစ အမြန်ဆုံး ပြန်လည်လွတ်မြောက်ဖို့ နိုင်/ ကျဉ်းအဖွဲ့ကြိုးပမ်းနေတာဖြစ်ပါတယ်”ဟု ကိုတင်မောင်ဦးကဆိုသည်။

ယင်းတို့တွေ့ဆုံအားပေးခဲ့သည့် မိသားစုများမှာ ကိုနေမျိုးဇင်၊ ကိုတင်မောင်ကြည်၊ ဒေါ်လေးလေးတို့ အပါအ၀င်ခြောက်အိမ်သွား၍အားပေးခဲ့ ခြင်းဖြစ်ကြောင်း၊ ရှေ့အပတ်ထဲတွင် အကျဉ်းကျအလုပ်သမား မိသားစုများထံ တွေ့ဆုံအားပေးနိုင်ရန် စီစဉ်လျက်ရှိပြီး ယခုကဲ့သို့တနင်္ဂနွေလှုပ်ရှားမှုမျိုးဖြင့် ဟံသာဝတီ ဦးဝင်းတင်ကိုယ်တိုင်ဦးဆောင်ကာနိုင်ငံရေးအကျဉ်းသားအားလုံးလွတ် မြောက်ရေးတောင်းဆိုခဲ့ဖူးကြောင်း သိရ သည်။    

Hot News Journal


No comments:

Post a Comment

My Blog List