Tuesday, July 07, 2015

လက်ပတ်နီများကိစ္စ အစီရင်ခံစာအပေါ် အစိုးရအဖွဲ့က တုံ့ပြန်မှုမရှိသေး


လက်ပတ်နီအရေးအခင်း အစီရင်ခံစာအပေါ် အစိုးရအဖွဲ့က သုံးလကျော် ကြာသည့်တိုင် တုံ့ပြန်မှုမရှိသေးသော် လည်း အစိုးရနှင့်ကျောင်းသားကြား ပဋိပက္ခအသွင်လျော့နည်းသွားကြောင်း ရန်ကုန်မြို့တော်ခန်းမရှေ့ အကြမ်း ဖက်ဖြိုခွင်းမှု စုံစမ်းရေးကော်မရှင် အတွင်းရေးမှူး၊ ကရင်တိုင်းရင်းသား ရေးရာဝန်ကြီး ဦးစောထွန်းအောင်မြင့်က ဇူလိုင် ၂ ရက်က မီဒီယာများ မေးမြန်းချက်အပေါ် ပြန်လည်ဖြေကြားခြင်းဖြစ်သည်။
မတ် ၅ ရက်နေ့က အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေး ထောက်ခံဆန္ဒပြ ခဲ့သည့် ကျောင်းသားနှင့် အရပ်ဘက်အဖွဲ့ အစည်းများအား လုံခြုံရေးရဲတပ်ဖွဲ့ ၀င်များအပြင် တာဝန်ဆိုသည့် လက်ပတ်နီဝတ်ဆင်ထားသည့် အရပ်သား များက ၀ိုင်းဝန်းရိုက်နှက်ကာ အဓမ္မဖမ်းဆီးထိန်းသိမ်းခြင်းများ ပြုလုပ်ခဲ့သည့် အတွက် ကျောင်းသားနှင့် အရပ်ဘက်အဖွဲ့အ စည်းမှ ထိခိုက်နာကျင်မှုများဖြစ် ပွားခဲ့သည့်ကိစ္စအပေါ် သမ္မတရုံးညွှန်ကြားမှုဖြင့် ရန်ကုန်မြို့တော်ခန်းမရှေ့ အကြမ်း ဖက်ဖြိုခွင်း မှု စုံစမ်းရေးကော်မရှင်ဖွဲ့စည်းကာ စုံစမ်းစစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ကော်မရှင်အနေဖြင့် ဖွဲ့စည်းပြီးသည်နှင့် အကြမ်းဖက်ဖြိုခွင်းမှုဖြစ်စဉ်တွင် ထိခိုက်ဒဏ်ရာရသူများ၊ ပါဝင်ပတ်သက်သူများ သတင်းရယူခဲ့သည့် မီဒီယာများ ခေါ်ယူမေးမြန်းခြင်းများပြုလုပ်ပြီး စစ်ဆေးတွေ့ရှိချက်များအား နိုင်ငံတော်သမ္မတရုံးသို့ မတ်လကုန်တွင် ချက်ချင်းပေးပို့လိုက်သော်လည်း လက်ရှိအချိန်အထိ အခြေအနေနှင့်ပတ်သက်ပြီး တစ်စုံတစ်ရာ တုံ့ပြန် ခြင်း မရှိသေးကြောင်း ပြောပြချက်အရ သိရသည်။

ယင်းသို့ စစ်ဆေးဖော်ထုတ်ရာတွင် တစ်ဖက်မှ ပြောကြားထားသည့် အချက်နှင့် မီဒီယာများပြောဆိုခြင်း၊ မီဒီယာများတွင် ဖော်ပြထားသည့် အခြေအနေနှင့် ကိုက်ညီမှုရှိမရှိ စစ်ဆေးခြင်းများ တိုက်ဆိုင်စစ်ဆေးခြင်းများ ပြုလုပ်ပြီး ဖြတ် တောက်ခြင်း၊ အဖွဲ့၏အာဘော်များ ထည့်သွင်းခြင်းမရှိဘဲ သမ္မတရုံးသို့ အစီရင်ခံစာပေးပို့လိုက် ကြောင်း သိရသည်။

ရန်ကုန်မြို့တော်ခန်းမရှေ့တွင် မတ်လ ၅ ရက်က အမျိုးသားပညာရေး ဥပဒေပြုပြင်ပြောင်းလဲရေး ထောက်ခံ ဆန္ဒပြ သူများကို အကြမ်းဖက်ဖြိုခွင်း ဖမ်းဆီးခဲ့မှုနှင့်ပတ်သက်ပြီး အဖြစ်မှန်ကို စုံစမ်းဖော်ထုတ်အစီရင်ခံရန် သမ္မတဦးသိန်းစိန် က မတ်လ ၁၀ ရက်တွင် စုံစမ်းရေးကော်မရှင်တစ်ရပ် ဖွဲ့စည်း ပေးခဲ့ကြောင်း သိရသည်။

စိုင်းဟန်
The Ladies News Journal


No comments:

Post a Comment

My Blog List