Wednesday, July 08, 2015

အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ ထိုင်းကျောင်းသား ၁၄ ဦး လွတ်မြောက်


စစ်တပ်အာဏာသိမ်းယူတာကို ကန့်ကွက်ဆန္ဒပြခဲ့တဲ့ ထိုင်းကျောင်းသား ၁၄ ဦးကို ထိုင်းစစ်ဘက်တရားရုံး က ချုပ်နှောင်ထားရာကနေ ယာယီပြန်လွှတ်ပေးလိုက်ပါတယ်။  မနှစ်က ထိုင်းနိုင်ငံရေးမှာ ၀န်ကြီးချုပ် ယင်လတ်အစိုးရနဲ့ အတိုက်အခံတွေအကြား နိုင်ငံရေး မငြိမ်သက်မှုတွေဖြစ်ခဲ့ပြီး ပြည်သူတွေရဲ့ ထောက်ခံ မှုကျဆင်းလာချိန်မှာ ထိုင်းစစ်တပ်က မေလ ၂၂ ရက်နေ့မှာ အာဏာသိမ်းခဲ့တာဖြစ်ပါတယ်။ 

စစ်တပ်အာဏာသိမ်းတာကို ထောက်ခံသူတွေများပေမယ့် လူတစ်ဦးချင်းစီရဲ့ လွတ်လပ်ခွင့်တွေ ဆုံးရှုံးသွား တာကြောင့် ကန့်ကွက်သူတွေလည်း ရှိပါတယ်။ 

အဲဒီမှာ တက္ကသိုလ်ကျောင်းသား ကျောင်းသူတွေက ဆန္ဒပြကြရာမှာ ပြီးခဲ့တဲ့လ ၂၆ ရက်နေ့က ထိန်းသိမ်း လိုက်တာဖြစ်ပြီး ရက်ပေါင်း ၁၂ ရက်ကြာ ယာယီချုပ်နှောင်ခံခဲ့ရတာပါ။ 

လွတ်မြောက်လာတဲ့ ကျောင်းသားတွေက အာဏာသိမ်းမှုဆန့်ကျင်ရေးကို ဆက်လက်လုပ်ဆောင်သွား မယ်လို့ပြောကြောင်း ဘန်ကောက်ပို့စ်သတင်းစာက ရေးသားပါတယ်။

Photo: AFP

No comments:

Post a Comment

My Blog List