Wednesday, July 08, 2015

မိခင်ကမ္ဘာမြေကို ကာကွယ်ကြရန် ပုပ်ရဟန်းမင်းကြီး မိန့်ကြား


ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်က ကမ္ဘာ့သဘာဝပတ်ဝန်းကျင် ယိုယွင်းနေတဲ့ အရှိတရားတွေကို မျက်ကွယ်မပြု ကြဖို့၊ ဒီလို ပျက်စီးနေတာကြောင့် ဆင်းရဲသားတွေ ဒုက္ခရောက်ကြရတယ်ဆိုတာ မမေ့ကြဖို့ သတိပေးလိုက် ပါတယ်။ ကမ္ဘာကြီးကို မဖြစ်မနေကာကွယ်ဖို့ကလွဲလို့ တခြားရွေးချယ်စရာ မရှိတော့ဘူးလို့လည်း အီကွေဒေါ နိုင်ငံကို ရောက်နေတဲ့ ၃ ရက်မြောက်နေ့မှာ ပုပ်ရဟန်းမင်းကြီးက မိန့်ကြားလိုက်တာပါ။

“မိမိပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတဲ့ အရှိတရားတွေကို မျက်ကွယ်ပြုထားလို့ မဖြစ်တော့ပါဘူး၊ မိမိတို့ရဲ့ ညီအစ်ကို သားချင်းတွေနဲ့ မိခင်ကမ္ဘာမြေကို လျစ်လျူရှုထားလို့ မဖြစ်တော့ပါဘူး” လို့ ပွန်တီဖီကယ် ကက် သလစ် တက္ကသိုလ် ပါမောက္ခတွေနဲ့ ကျောင်းသားကျောင်းသူတွေကို ပုပ်ရဟန်းမင်းက မိန့်ပါတယ်။

လာမယ့် ဒီဇင်ဘာလကျရင် ပါရီမှာ ကုလသမဂ္ဂ ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ ထိပ်သီး အစည်းအဝေး ကျရင် ဒီကိစ္စ လွှမ်းမိုးစေချင်လို့ အလည် အပတ်ရောက်တဲ့ နိုင်ငံတိုင်းမှာ အစိုးရတွေကို စည်းရုံးလှုံ့ဆော်နေ တယ်လို့ ပုပ်ရဟန်းမင်းက မိန့်ပါတယ်။

အီကွေဒေါမှာ ပုပ်ရဟန်းမင်းရဲ့ မိန့်ကြားချက်တွေဟာ စက်တင်ဘာကျရင် အမေရိကန် ခရီးစဉ်မှာ ပြော မယ့် အကြောင်းအရာတွေရဲ့ ရှေ့ပြေးလည်း ဖြစ်ပါတယ်။

ဒါပေမယ့် ရှေးရိုးစွဲတွေ အတော်များများကတော့ သိပ္ပံရေးရာ ကိစ္စမှာ ပုပ်ရဟန်းမင်းအနေနဲ့ ၀င်စွက်ဖို့ မသင့်ဘူးလို့ ဆိုကြပါတယ်။

တဘက်မှာလည်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လိုလားတဲ့ ပုဂ္ဂိုလ်တွေက ပုပ်ရဟန်းမင်းကို ထောက်ခံကြပါတယ်။

ဒီအထဲမှာ အမေရိကန်သမ္မတ ဘာရတ်အိုးဘားမားနဲ့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်း တို့လည်း ပါဝင်ပါတယ်။

DVB


No comments:

Post a Comment

My Blog List