Monday, July 06, 2015

မှားယွင်းနေသည့်မဲစာရင်းကြောင့် ရွေးကောက်ပွဲရလဒ် ပြောင်းသွားနိုင်ဟု ဒေါ်အောင်ဆန်းစုကြည်ပြောပြီ


တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မဲစာရင်း ၁ဝ ရာခိုင်နှုန်း မှားယွင်းနေမည်ဆိုလျှင် ရွေးကောက်ပွဲရလဒ် ကို ပြောင်းလဲသွားနိုင်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။ ဇူလိုင် ၄ ရက် နံနက် ၁ဝ နာရီခန့်တွင် ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ် အုပ်ချုပ်ရေးမှူးရုံးတွင် ဒေသဖွံ့ဖြိုး ရေးအတွက် ပြုလုပ်သော အစည်းအဝေးတွင် မြို့နယ်အဆင့် ရပ်ကွက် ကျေးရွာအဆင့် အုပ်ချုပ်သူများနှင့် ဆွေး နွေးရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

''မဲစာရင်းတွေကို မျက်စိနဲ့ မြင် နိုင်တဲ့နေရာတွေမှာ ကပ်ထားဖို့ လိုတယ်။ ဓာတ်ပုံတွေထဲမှာလဲ မဲစာရင်းတွေ ကြည့် ကြတဲ့အခါ လူတွေကိုချီပြီး ကြည့်နေတာတွေ တွေ့ရတယ်။ တစ်နိုင်ငံလုံးမှာလဲ မဲစာ ရင်းတွေ မှားနေ တာတွေရှိတယ်။ ၁ဝ ရာ ခိုင်နှုန်းအထက် မှားရင်တောင် ရွေးကောက် ပွဲရလဒ်က မှန်ကန်တယ်လို့ မပြော နိုင်ဘူး'' ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ကော့မှူးမြို့နယ်အတွင်း မဲစာရင်းများကို ကြော်ငြာထားပြီး မဲစာရင်း မှားယွင်းနေမှုမှာ ၁၂ ရာခိုင်နှုန်းရှိ ကြောင်း မြို့ နယ်ရွေးကောက်ပွဲကော်မရှင်၏ တာဝန်ရှိသူတစ်ဦးက ၄င်းအစည်းအဝေးတွင် ဆွေး နွေး ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် အနေ ဖြင့် ဇွန်လအတွင်း နေပြည်တော်ကောင်စီ ရှိ ပုဗ္ဗသီရိမြို့နယ်တွင် မဲစာရင်း များနှင့် ပတ်သက်၍ တစ်အိမ်တက်ဆင်း ပညာပေးမှု များ ပြုလုပ်ပေးခဲ့သေးသည်။

ကော့မှူးမြို့နယ် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစု ကြည်သည် မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့ နယ်ရဲတပ်ဖွဲ့မှူး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးခင်ရွှေ၊ မြို့နယ်အထောက် အကူပြု အဖွဲ့များ နှင့် လမ်းတံတား၊ ကျန်းမာရေး၊ ပညာရေးနှင့် စီးပွားရေး၊ ဒေသဖွံ့ ဖြိုးရေးများကို ဆွေးနွေးခဲ့သည်။

#TheFlowerNews



No comments:

Post a Comment

My Blog List