Tuesday, July 07, 2015

ဘင်္ဂါလီအရေးထက် ဒေသတွင်းဖွံ့ဖြိုးရေးကို အလေးထားဆောင်ရွက် ရမည်ဟု ပြည်နယ်ဝန်ကြီးချုပ်ပြောဆို


ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီအရေး ထက် ပြည်နယ်တွင်းဖွံ့ဖြိုးတိုးတက်မှုကို အလေးထားဆောင်ရွက်ရမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက ပြောဆိုလိုက်သည်။ ရခိုင်ပြည်နယ်အတွင်း ဒေသဖွံ့ဖြိုး ရေးလုပ်ငန်း များထက် ဘင်္ဂါလီအရေး ကိစ်္စကို ဦးစားပေးလုပ်ဆောင်သင့် ကြောင်း ဒေသခံများ၏ ပြောဆိုဝေဖန် နေမှုများကို ၎င်းက ပြန်လည်ပြောဆိုလိုက်ခြင်းဖြစ်သည်။

““တချို့ကလည်း ပြောကြတာပေါ့။ ဖွံ့ဖြိုးရေးကိစ်္စတွေပဲလုပ်နေတယ်။ ဘင်္ဂါလီ အရေးကိစ်္စကျတော့ မလုပ်ဘူးဆိုပြီး ပြောကြတယ်။ ဒါကို ကျွန်တော် လက်မခံ ဘူး။  ရခိုင့်အရေးဟာလည်း မြန်မာ့အရေး ကမ်္ဘာ့အရေးဖြစ်တဲ့ အတွက်ကြောင့် ဒီလိုမျိုးလက်လွက်စပယ် စိတ်ထင်ရာကို လုပ်လို့ ဘာတစ်ခုမှမရနိုင်သလို ကောင်း ကျိုးထက် ဆိုးကျိုးတွေပဲ ရနိုင်တယ်။ ဒီတော့ ကိုယ့်ပြည်နယ်ရဲ့ ဂုဏ်သိက္ခာ တက်ဖို့ ကိုယ့်ပြည်နယ်ရဲ့ အနာဂတ် လုံခြုံ ပျော်ရွှင်ပြီးတော့မှ ဖွံ့ဖြိုးတိုးတက်မှု ဆိုတဲ့ ဟာကို နံပါတ်တစ် ဦးစားပေးသွားမယ်”” ဟု ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင် အုန်းကပြောသည်။

ရခိုင်ပြည်နယ်အတွင်း ၂၀၁၂ ခုနှစ် က ပဋိပက္ခဖြစ်ပွားခဲ့သည့် နောက်ပိုင်း ရခိုင်နှင့် ဘင်္ဂါလီအရေး၊ ယာယီသက် သေခံ ကတ်ကိစ်္စနှင့် နိုင်ငံသားဖြစ်ခွင့် ကိစ္စ စသည့် ဒေသတွင်းပြဿနာများစွာဖြစ် ပေါ်နေခြင်းဖြစ်သည်။

““ဒီမှာဖြစ်နေတဲ့ ဘင်္ဂါလီအရေးကိစ်္စ က ရေရှည်မှာဖြေရှင်းနေရမယ့်ကိစ်္စ။ ဒါနဲ့ ကျွန်တော်တို့က အမျိုးသားရေးစိတ်နဲ့ သတိရှိရှိထားပြီးတော့မှ အမျိုး ဘာသာ သာသနာကိုမထိခိုက်အောင် အားလုံးဝိုင်း ၀န်းဆောင်ရွက်ရမယ်””ဟု ရခိုင် ၀န်ကြီးချုပ် ဦးမောင်မောင်အုန်းကပြောသည်။ဘင်္ဂါလီ အရေးကိစ်္စ ကိုလည်း သတိကြီးကြီးထားပြီး ထိန်းကျောင်းသွားရန် လိုအပ်ကြောင်း ဒေသတွင်း ဝေဖန်မှုများရှိနေသည်။

““အဲဒီတော့ ဖွံ့ဖြိုးတိုးတက်မှုကို မသွားဘဲနဲ့ တစ်ဖက်အဖွဲ့အစည်းကိုပဲ စိတ် ထဲမှာရောက်ပြီးတော့ အဲဒီလိုပဲအပြစ်တင် နေမယ်ဆိုရင် ဘာမှမလုပ်ရင် တော့ ဘာမှ ဖြစ်လာမှာမဟုတ်ဘူး။ ဘာမှဖြစ်မလာရင် လည်း အနာဂတ်မှာ နိမ့်သထက် နိမ့်ပြီး ကြာရင်ပျောက်သွားမှာပေါ့””ဟု ပြည်နယ် ၀န်ကြီးချုပ် ကပြောသည်။

ရခိုင်ပြည်နယ်အတွင်း ၂၀၁၂ ခုနှစ် ရခိုင်နှင့် ဘင်္ဂါလီပဋိပက္ခဖြစ်ပွားခဲ့သည့် နောက်ပိုင်း စီးပွားရေးနယ်ပယ်များတွင် ကျဆုံးမှုများဖြစ်ခဲ့သော်လည်း၂၀၁၄ ခုနှစ် နောက်ပိုင်းတွင်ရခိုင်ပြည်နယ်မှာ ပြန်လည် ဖွံ့ဖြိုးစဖြစ်လာသည်။

““ဘင်္ဂါလီအရေးကို သေချာမဖြေ ရှင်းပဲနဲ့ ဒေသဖွံ့ဖြိုးရေးလုပ်နေလို့လည်း မဖြစ်သေးဘူး။ အချို့ဒေသတွေမှာဆိုရင် ဘင်္ဂါလီတွေနဲ့ တိုင်းရင်းသားတွေ ပြဿနာ တက်နေလို့ စီးပွားရေးမလုပ်ရတဲ့ ဒေသ တွေရှိနေတယ်””ဟု ဒေသခံ တစ်ဦးကပြော သည်။

သို့သော် ရခိုင်ပြည်နယ်တွင်းဘင်္ဂါလီ အရေးကိစ်္စမှာ နက်နဲသိမ်မွေ့သလိုထိ လွယ်သည့်ကိစ်္စဖြစ်သည့်အတွက် သတိ ကြီးစွာဖြင့် ဆောင်ရွက်နေရသည်ဟု ပြည်နယ်ဝန်ကြီးချုပ်ကပြောသည်။


Hot News Journal


No comments:

Post a Comment

My Blog List