Tuesday, July 07, 2015

လှေစီးဒုက္ခသည်အရေး ပေးပို့ခဲ့သည့်စာအား မစ္စတာဘန်ကီမွန်းမှပြန်ကြား


၂၀၁၅ ခုနှစ်၊ ဇွန်လ ၃ ရက် ရက်စွဲဖြင့် ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းမှ ကုလသမဂ္ဂ အထွေထွေအတွင်း ရေးမှူးချုပ် မစ္စတာဘန်ကီမွန်းနှင့် လုံခြုံရေးကောင်စီဥက္ကဋ္ဌတို့ထံသို့ လှေစီးဒုက္ခသည် များအရေးနှင့်ပတ်သက်၍ စာရေးသားပေးပို့ခဲ့ရာမစ္စတာ ဘန်ကီမွန်းမှ ၂၀၁၅ ခုနှစ် ဇွန်လ ၂၂ ရက်စွဲဖြင့် စာရေးသား ပြန်ကြားလာ ပါသည်။ 

မစ္စတာဘန်ကီမွန်း၏ ပြန်ကြားစာတွင် -



●● လှေစီးဒုက္ခသည်အရေးနှင့် ပတ်သက်၍ မြန်မာနိုင်ငံ၏ အခြေအနေကို သတိပြုနားလည်ပါကြောင်း၊ 



●● လှေစီးဒုက္ခသည်များကို စိုးရိမ်ပူပန်မှုရှိသည့်အတွက် ကယ်ဆယ်ရေးလုပ်ငန်းများ အ‌လေးထား ဆောင်ရွက်ကြရန် ဒေသတွင်းခေါင်းဆောင်များအား တိုက်တွန်းခဲ့ခြင်းသာ ဖြစ်ပါကြောင်း၊



●● ကပ္ပလီပင်လယ်နှင့် ဘင်္ဂလားပင်လယ်အော်အတွင်းတွင် ပုံမှန်မဟုတ်သော ရေကြောင်းသွားလာမှုနှင့် ပတ်သက် သည့် ခက်ခဲရှုပ်ထွေးသောအခြေအနေများအား မိမိအနေဖြင့် သတိပြုနားလည်ပါကြောင်း၊ 



●● ကုလသမဂ္ဂအနေဖြင့် မြန်မာနိုင်ငံနှင့် အပြုသဘောဆောင်သော ဆွေးနွေးမှုများဆောင်ရွက်ရန် ကတိက၀တ်ပြု ထားပါကြောင်း၊ 



●● ပြည်ထောင်စုလွှတ်တော်နာယကမှ ၃-၆-၂၀၁၅ ရက်စွဲဖြင့် စာရေးသားပေးပို့လာမှုအပေါ် ကြိုဆိုလက်ခံပါကြောင်း နှင့် ကျေးဇူးတင်ရှိပါကြောင်းပါရှိသည်။



ဘင်္ဂလားပင်လယ်အော်အတွင်း ဖြစ်ပေါ်ခဲ့သောလှေစီးဒုက္ခသည်အရေးနှင့်ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်နာယက မှ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်နှင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီဥက္ကဋ္ဌတို့ထံ ပေးပို့ခဲ့သည့်စာတွင်-



●● မြန်မာနိုင်ငံအပေါ် မှန်ကန်မျှတစွာပြောဆိုပြုမူဆောင်ရွက်ကြရန်၊



●● မြန်မာနိုင်ငံအပေါ် အထင်အမြင်လွဲမှားမှုများမဖြစ်ပေါ်စေရေးအတွက် ပြည်တွင်းပြည်ပနှင့် နိုင်ငံတကာအဖွဲ့အစည်း များမှ အထူးအလေးပေးကြရန်၊



●● မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် မြန်မာတိုင်းရင်းသားများ၏ စရိုက်လက္ခဏာများကိုပါ ထည့်သွင်းစဉ်းစားပြီး၊ ဘက်လိုက်မှုကင်းစွာဖြင့် ဆောင်ရွက်ကြရန် စသည့်အချက်များပါဝင်သည်။


H.E. Thura U Shwe Mann


No comments:

Post a Comment

My Blog List