ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၃၆ ပုဒ်မခွဲ (ခ) တွင် အကျုံးဝင်သော ပြင်ဆင်ထားသည့် ပုဒ်မများနှင့် ပတ် သက်၍ ဆန္ဒမဲလက်မှတ်အသုံးပြုကာ လျှို့ဝှက်မဲပေးစနစ်ဖြင့် ယနေ့ (ဇူလိုင် ၈ ရက်)တွင် ပြည်ထောင်စု လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် မဲခွဲဆုံးဖြတ်လျက်ရှိကြောင်း သိရသည်။
ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၃၆ ပုဒ်မခွဲ (ခ) တွင် အကျုံးဝင်သော ပြင်ဆင်ရန် တင်ပြထားသည့် ပုဒ်မ၊ ပုဒ်မခွဲ၊ ပုဒ်မခွဲငယ် စုစုပေါင်း ၆၀ ရှိကြောင်းနှင့် ဇယား (၂) တွင် ဖြည့်စွက်ပြင်ဆင်မည့် ၃၄ ချက်နှင့် ဇယား
(၅) တွင် ဖြည့်စွက်ပြင်ဆင်မည့် ၂၀ ချက် စုစုပေါင်း ၅၄ ချက်ရှိသည်။
Eleven Media Group



No comments:
Post a Comment