Wednesday, July 08, 2015

ဂရိကြွေးမြီကိစ္စ တနင်္ဂနွေမှာ ထပ်ဆွေးနွေးမယ်


အီးယူအဖွဲ့ဝင် ၂၈ နိုင်ငံက ခေါင်းဆောင်တွေက ဂရိနိုင်ငံရဲ့ ကြွေးမြီကိစ္စကို လာမယ့် တနင်္ဂနွေနေ့မှာ ထပ်မံ ဆွေးနွေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အင်္ဂါနေ့မှာ ပြုလုပ်တဲ့ အစည်းအဝေးအတွင်း ဘာအဖြေမှ မယ်မယ်ရရ မထွက်လာတဲ့အတွက် တနင်္ဂနွေနေ့မှာ ပြန်တွေ့ကြဖို့ သဘောတူခဲ့ကြပါ တယ်။

ကမ်းလှမ်းမှု အသစ်တွေလုပ်ဖို့ ဂရိအစိုးရကို တိုက်တွန်းခဲ့ပေမယ့် ရေရှည်အတွက် ကောင်းတဲ့ ကမ်းလှမ်းချက်တွေ မထွက်လာတာကြောင့် ပြန်လည်ဆန်းစပ်ဖို့ ဂရိအစိုးရကို ပြောဆိုခဲ့ပါတယ်။

ဇူလိုင်လ ၉ ရက် ကြာသပတေးနေ့မှာ ဂရိအစိုးရက အသုံးစရိတ်ကို ဘယ်လို လျှော့ချသွားမလဲ ဆိုတဲ့ ကမ်းလှမ်းမှု အသစ်ကို အပြီးသတ်လုပ်ဆောင်ပြီး တင်ပြရမှာ ဖြစ်ပါတယ်။

အဲဒီကိစ္စကို ဇူလိုင်လ ၁၂ ရက်နေ့မှာ ဥရောပ ခေါင်းဆောင်တွေက ဆွေးနွေး တိုင်ပင်ဖို့ ဖြစ်ပါတယ်။ဥရောပသမဂ္ဂ ကတော့ ဂရိကို အီးယူအဖွဲ့ဝင်အဖြစ်က မထုတ်ပယ်ချင်သလို ဥရောပ ငွေရေးကြေးရေး ကဏ္ဍမှာ တည်ငြိမ်မှု ရှိစေချင် ပြီလို့ ပြောပါတယ်။

ဒါပေမဲ့ ဂရိအစိုးရဘက်က လက်ခံနိုင်လောက်တဲ့ ကမ်းလှမ်းမှုတွေ မလုပ်ရင် တော့ အဖွဲ့ဝင်အဖြစ်က ထုတ်ပယ်ခံရနိုင် သလို ဂရိနိုင်ငံအနေနဲ့ ဒေဝါလီ ခံရနိုင်တယ်လို့ ပြောထားပါတယ်။

အီးယူအနေနဲ့ ဂရိကို အဖွဲ့ဝင် ဆက်ထားရင် ဘာဖြစ်မလဲ၊ မထားရင် ဘာဖြစ်မလဲ ဆိုတဲ့ အဖြေတွေအတွက် ပြင်ဆင်မှု တွေ အားလုံး လုပ်ထားပြီး တနင်္ဂနွေနေ့မှပဲ အဖြေသိရမယ်လို့ ဆိုပါတယ်။

အခုလောလောဆယ် ဂရိနိုင်ငံမှာ ငွေတွေ တဖြေးဖြေး ကုန်နေသလို ဘဏ်တွေလည်း ပိတ်ထားရဆဲ ဖြစ်ပါတယ်။ ဂရိ အစိုးရကတော့ ဒီလကုန်အထိ ဆက်လက် လှုပ်ရှားနိုင်အောင် အကူအညီပေးဖို့ တောင်းခံထားကြောင်းလည်း သိရပါ တယ်။

ABC

No comments:

Post a Comment

My Blog List