Tuesday, July 07, 2015

စစ်မှန်သောငြိမ်းချမ်းရေးရရှိရန် ဆက်လက်ကြိုးပမ်းမည်ဟု SD နှင့်ရှမ်းပြည်တပ်မတော်(တောင်ပိုင်း)တို့ ကတိပြု


စစ်မှန်သောငြိမ်းချမ်းရေးရရှိရန် ဆက်လက်ကြိုးပမ်းမည်ဖြစ်ကြောင်း တိုင်းရင်းသားလက်နက်ကိုင်တော်လှန် ရေးအ ဖွဲ့အစည်းများ၏ NCA အဆင့်မြှင့်ညှိနှိုင်းရေးကိုယ်စားလှယ်အ ဖွဲ့ (SD) နှင့် ရှမ်းပြည်တပ်မတော် (တောင်ပိုင်း)တို့က အသီးသီးက တိပြုကြေညာချက်များ ထုတ်ပြန်လာကြသည်။

ဇူလိုင်လဆန်းတွင် အသီးသီးဆက်တိုက်ထွက်ပေါ်လာသော ယင်းကြေညာချက်များကို SD၏ ဒုတိယအ ကြိမ် အစည်းအဝေးနှင့် ရှမ်းပြည်ပြန်လည်ထူ ထောင်ရေးကောင်စီ (RCSS) ပထမ ခြောက်လပတ်အစည်း အဝေးတို့မှ ဆုံးဖြတ်ခဲ့ကြခြင်းဖြစ် သည်။

လက်ရှိအစိုးရသက်တမ်း ကာလအတွင်း တစ်နိုင်ငံလုံးအ ပစ်အခတ်ရပ်စဲရေးစာချုပ်(NCA) ကို အပြီးသတ် လက်မှတ်ရေးထိုး နိုင်ရန်နှင့် နိုင်ငံရေးဆွေးနွေးမှုဆိုင် ရာ မူဘောင်ရေးဆွဲရေးတို့ကို ဦးတည်ကြိုးပမ်းမည်ဟု ဖဒိုနော် စီဖိုးရာစိန်ဦးဆောင်သည့် SD နှင့် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့်ပြည်ထောင် စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ် ငန်းကော်မတီ (UPWC) တို့ကြား ဇူလိုင် ၄ ရက် ချင်းမိုင်အစည်းအ ဝေးတွင် မူအားဖြင့်သဘောတူခဲ့ ကြသည်။

‘‘အစိုးရကိုယ်စားလှယ်အဖွဲ့နှင့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့တို့၏ တရားဝင်ဆွေးနွေးပွဲကို မကြာမီကျင်းပ ပြီးစစ်မှန်သော ငြိမ်းချမ်းရေးရရှိရန် ဆက်လက် ကြိုးပမ်းမည်’’ဟု SD က ဇူလိုင် ၅ ရက်စွဲဖြင့် ထုတ်ပြန်ကြေ ညာသည်။

ခြောက်လပတ်အစည်းအ ဝေးပြုလုပ်ခဲ့သောRCSS ကလည်း NCA မချုပ်ဆိုနိုင်သေးမီပြည်နယ် အဆင့် ပဏာမအပစ်ရပ်သဘော တူညီချက်၊ ပြည်ထောင်စုအဆင့် အပစ်ရပ်သဘောတူညီချက် စုစု ပေါင်း(၃၁)ချက်ကိုစွဲကိုင်ပြီး NCA ချုပ်ဆိုနိုင်ရေးအတွက် အဘက် ဘက်မှ လက်တွဲပူးပေါင်းဆောင် ရွက်သွားမည်ဟု ဇူလိုင်  ၃ ရက်စွဲ ဖြင့်ကြေညာသည်။ထို့အတူ ပြည် ထောင်စုနေ့က သမ္မတကိုယ်တိုင် ပါဝင်လက်မှတ်ရေးထိုး ခဲ့သည့် ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန် လည်သင့်မြတ်ရေးဆိုင်ရာ ကတိ ပြုစာချုပ် (DOC) ကိုလက်ကိုင် ထားပြီး စစ်မှန်သောရေရှည်တည် တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးရရှိ ရေးအတွက် ဆက်လက်ကြိုးပမ်းမည်ဟု ဆိုသည်။

ရှမ်းပြည်နယ်ရှိ လူထုသည် မူးယစ်ဆေးဝါးဘေးအန္တရာယ်ကို ကြီးမားစွာ ရင်ဆိုင်နေရသဖြင့် ဆေးစွဲသူများ၊ ဆေးဖြတ်ပေးခြင်း လုပ်ငန်းနှင့်မူးယစ်ဆေးဝါးတိုက် ဖျက်ခြင်းလုပ်ငန်းကို အလေးပေး ဆောင်ရွက်မည်ဖြစ် ကာ ငြိမ်းချမ်း ရေးတည်ဆောက်နေစဉ်ကာလတွင် ရှမ်းပြည်လူထုကောင်းကျိုးအတွက် ဖွံ့ဖြိုးရေးလုပ်ငန်း များ ထိရောက်စွာဆောင်ရွက်နိုင်ရန် နယ်မြေများကို စည်းကမ်းဥပဒေ နှင့်အညီ ကောင်းမွန်စွာထိန်းချုပ် မည်ဟု RCSS က ဆိုသည်။

7Day Daily


No comments:

Post a Comment

My Blog List