Thursday, July 09, 2015

ဖမ်းဆီးထားသည့် ဆန္ဒပြကျောင်းသားခေါင်းဆောင်နှစ်ဦးကို ဇူလိုင် ၁၅ ရက်တွင် တရားစွဲဆိုမည်


အခြေခံဥပဒေပြင်ဆင် ရေးဆန္ဒပြတောင်းဆိုမှုကြောင့် ပုဒ်မနှစ်ခုဖြင့် ဖမ်းဆီးအရေးယူ ထားသော တကသ ကျောင်းသား ခေါင်းဆောင် ကိုဇေယျာလွင်နှင့် ကိုပိုင်ရဲသူတို့ကို ဇူလိုင် ၁၅ ရက် တွင်ရုံးထုတ်၍ တရားစွဲဆို သွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရန်နှင့် လွှတ်တော် တွင်းမှ တပ်မတော်သားလွှတ် တော်ကိုယ်စား လှယ် ၂၅ ရာခိုင် နှုန်းထွက်ခွာပေးရန် ဇွန်လ ၃၀ ရက်ဆန္ဒပြပွဲကို ဦးဆောင်ခဲ့သူ ၎င်းတို့နှစ်ဦးကို ပန်းဘဲ တန်းနှင့် ကျောက်တံတားမြို့နယ်ရဲစခန်းတို့က ငြိမ်းစုစီဥပဒေပုဒ်မ ၁၈၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ၅၀၅ (ခ)တို့ဖြင့် အမှုဖွင့်ထားခြင်းဖြစ်သည်။

ဖမ်းဆီး ခံထားရသည့် ကျောင်းသားခေါင်းဆောင်နှစ်ဦး ကို ဇူလိုင် ၁၅ ရက်တွင် ပန်းဘဲတန်းနှင့် ကျောက် တံတားတရား ရုံးတို့၌ ရုံးထုတ်တရားစွဲဆိုသွား မည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။

‘‘ရဲစခန်းနှစ်ခုစလုံးမှာအမှု ဖွင့်ထားတယ်။ လာမယ့် ၁၅ ရက်နေ့ မှာ အဲဒီရဲစခန်းမြို့နယ်အပိုင် တရားရုံးမှာပဲ တရားစွဲသွားမှာပါ’’ ဟု ၎င်းကပြောသည်။

အခြေခံဥပဒေပြင်ဆင်ရေး ဆန္ဒပြတောင်းဆိုရာတွင်ပါဝင် သည့် တကသကျောင်းသားငါးဦးကို ပန်းဘဲတန်း နှင့် ကျောက်တံတားရဲစခန်းတို့က ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်အရေးယူထားသည်။ ဆန္ဒ ပြပြီးနောက်တစ်ရက် တွင် ဆန္ဒပြ ပွဲ ဦးဆောင်ပြုလုပ်သည့် ကျောင်းသားခေါင်းဆောင် ကိုဇေယျာလွင်၊ကိုပိုင်ရဲသူနှင့် ကိုနန်းလင်း တို့ကို ပုဒ်မ ၅၀၅(ခ) ဖြင့် ထပ်မံစွဲဆိုလိုက်ပြီး ဖမ်းဝရမ်းထုတ်ခဲ့သည်။

ကိုပိုင်ရဲသူကို ဇူလိုင် ၂ ရက် တွင် ဖမ်းဆီးခဲ့ပြီး ကိုဇေယျာလွင် ကို ဇူလိုင် ၇ ရက်က ရန်ကုန် တက္ကသိုလ်၌ပြု လုပ်သည့် (၅၃)နှစ်ပြည့် ဆဲဗင်းဇူလိုင်အခမ်း အနားအပြီးတွင် ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ဆဲဗင်းဇူလိုင် အောက်မေ့ ဖွယ်အခမ်းအနားကို ဖမ်းဝရမ်းထုတ်ခံရသည့် ကိုဇေယျာလွင်နှင့် ကိုနန်းလင်းတို့ ဦးဆောင်ပြုလုပ်ပြီး ကိုဇေယျာလွင်ကို ဖမ်းဆီးရမိသော်လည်း ကိုနန်းလင်းကိုမူ ဖမ်းဆီးမိခြင်းမရှိသေးပေ။

ဇွန်လ ၃၀ ရက်က ပြုလုပ်ခဲ့ သည့် အဆိုပါဆန္ဒပြပွဲတွင် ကျောင်းသားများ၏ လမ်းလျှောက်ဆန္ဒပြမှုကို ရဲတပ်ဖွဲ့က သုံးကြိမ် တိုင်ပိတ်ပင်တားဆီးမှုများပြုလုပ်ခဲ့သော်လည်း ဆန္ဒပြကျောင်းသားများက အတင်းတိုး ထွက်ပြီး ၎င်းတို့စီစဉ်ထားသည့်အတိုင်း မြို့တော်ခန်းမရှေ့သို့အရောက် သွား၍ ဟောပြောမှုများပြုလုပ်ခဲ့ ကြသည်။

ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်း လှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၁၈ကို ကျူးလွန် ကြောင်း ထင်ရှားပါက ငွေဒဏ် (သို့မဟုတ်) ထောင်ဒဏ်ခြောက် လအထိ ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။ ပုဒ်မ ၅၀၅ (ခ) သည် ထောင်ဒဏ် ၂ နှစ်အထိ ချမှတ်နိုင်ပြီး အာမခံလျှောက်ထား ခွင့်မရရှိပေ။

7Day Daily

No comments:

Post a Comment

My Blog List