Tuesday, July 07, 2015

တပ်၏သဘောထား ထပ်မံမြင်တွေ့ရမည့် ၄၃၆(ခ)ပြင်ဆင်ရေး မဲခွဲမှု


နိုင်ငံတကာနှင့် ပြည်တွင်းကပါ စိတ်ဝင်တစားစောင့်ကြည့်နေ သည့် အခြေခံဥပဒေပြင်ဆင်ရေး လုပ်ငန်းစဉ် ပထမပိုင်းသည် အခြေခံဥပဒေပါ တင်းကျပ်သည့် ပြဋ္ဌာန်းချက်ကြောင့် အရေးနိမ့်ခဲ့ရသော်လည်း အခြေခံ ဥပဒေ ပြင်ဆင်ရေးလုပ်ငန်းစဉ်များမှာ ဆက်လက်ဖြစ်ပေါ်နေမည်ဖြစ်သည်။

အခြေခံဥပဒေကို ပြင်ဆင် ရာတွင် ပုဒ်မ ၄၃၆ ကို အပိုင်း နှစ် ပိုင်း ခွဲခြားထားရာ ပုဒ်မခွဲ (က)ပါအချက်များ ပြင်ဆင်ရေး ဆောင် ရွက်မှု ပြီးစီးခဲ့သော်လည်း ပုဒ်မခွဲ (ခ)တွင် ပါဝင်သည့် တိုင်းရင်းသားများနှင့် သက် ဆိုင်သော အရေးကိစ္စများ ပါဝင်သည့်ပုဒ်မများ ပြင်ဆင်ရေး ဆွေးနွေးမှုများမှာ ပြည်ထောင်စုလွှတ် တော် အတွင်း အကြိတ်အနယ် ဆွေးနွေးဆောင်ရွက်ဆဲပင်ဖြစ်သည်။

အထူးသဖြင့် တိုင်းရင်းသားများ လိုလားနေသော ဖက်ဒရယ် ပြည်ထောင်စုတည်ထောင်ရေး အခြေခံဖြစ် သည့် ပြည်နယ်၊ တိုင်းဒေသကြီး ၀န်ကြီးချုပ်များအား သမ္မတမှ တိုက်ရိုက်ခန့်အပ်ခြင်းမပြုဘဲ သက်ဆိုင်ရာ လွှတ်တော်များက ရွေးကောက်တင်မြှောက် ခွင့်ရရှိရေး၊ လုပ်ပိုင်ခွင့်၊ ဥပဒေပြုခွင့်၊ အခွန်ကောက်ခံခွင့် များပြု ထားသည့် အခြေခံဥပဒေပါ နောက်ဆက်တွဲဇယားများကို ပြင် ဆင်ခြင်း စသည့်အချက်များမှာ အကြိတ်အနယ်အရှိဆုံး ဆွေးနွေး မှုများ ဖြစ်လာခဲ့သည်။

အဆိုပါပုဒ်မများကို ပြင်ဆင်ရန် လက်မခံသည့် တပ်မတော် သား လွှတ်တော်ကိုယ်စားလှယ် များနှင့် ယင်းအချက်များကို ပြင် ဆင်မှသာ တိုင်းရင်းသားလိုလား ချက်များကို အကောင်အထည် ဖော်ပေးရာ ရောက်မည်ဟုဆိုသည့် အရပ်သားလွှတ်တော်ကိုယ် စားလှယ်များအကြား ဆွေးနွေးမှု များက စကားစစ်ထိုး ပွဲအလား မြိုင်မြိုင်ဆိုင်ဆိုင်ရှိလှသည်။

အကယ်၍ ယင်းအချက်ကို ပြင်ဆင်ခြင်း မပြုနိုင်ပါက လက်ရှိဆောင်ရွက်နေသော တိုင်းရင်းသားလက်နက် ကိုင် အဖွဲ့အစည်း များနှင့် အပစ်အခတ်ရပ်စဲရေး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ထိခိုက်စေပြီး တစ်ဖက် နှင့်တစ်ဖက် ယုံကြည်မှုပျက်ပြားကာ သေနတ်သံများ ပြန်ကြားလာရနိုင် ကြောင်း တိုင်းရင်းသားလွှတ် တော်ကိုယ်စားလှယ်များ အပါအ၀င် အရပ်သားလွှတ်တော်ကိုယ် စားလှယ်များက ကျယ်ကျယ်ပြန့် ပြန့် ဝေဖန်ပြောကြားခဲ့ကြသည်။

‘‘လွှတ်တော်က ဒါကို ပြင်မပေးနိုင်ရင် တပ်မတော်နဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေကြားမှာ ယုံကြည်မှု ပျက်ပြီး ထာဝရ ငြိမ်းချမ်းရေးရဖို့ အလှမ်းဝေးသွား နိုင်ပါတယ်’’ဟု ပြည်ခိုင်ဖြိုးပါတီမှ ပြည်ထောင်စုလွှတ် တော်ကိုယ်စားလှယ် ကချင်တိုင်းရင်းသား ဦးစံပြည့်ကပြောသည်။

ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည် ထောင်ရေးတို့ကို တပ်မတော်အ နေဖြင့် အမှန်တကယ် လိုလား သည်ဆိုပါက အပြောဖြင့်မဟုတ် ဘဲ တိုင်းရင်းသားများ လိုလား သည့် အခြေခံဥပဒေပြင်ဆင်ရေး ဥပဒေကြမ်းပါ ပုဒ်မများကို ပြင် ဆင်ပေးခြင်းဖြင့် သက်သေပြရန် လိုကြောင်း လွှတ်တော်ကိုယ်စား လှယ်များက ပြောသည်။

‘‘တိုင်းရင်းသားတွေက လည်း တန်းတူရေးနဲ့ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ဆိုတဲ့ ဖက်ဒရယ်ဒီမိုက ရေစီစနစ်ကို တမ်းတမ်းတတ တောင်းဆိုနေကြပါတယ်။ ဒီက နေ့ပြဿနာဟာ ပါတီတစ်ခု၊ အဖွဲ့အစည်းတစ်ခု၊ အစု အဖွဲ့တစ်ခု ရဲ့ ပြဿနာမဟုတ်ပါဘူး။ နိုင်ငံ တော်ရဲ့ ပြဿနာ၊ နိုင်ငံသူ၊ နိုင်ငံသားတွေရဲ့ သေရေးရှင်ရေး တမျှ အရေးကြီးတဲ့ ပြဿနာဖြစ်ပါ တယ်။ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင် ရေးဟာ လက်ရှိလွှတ်တော်တွင်း မှာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က သဘောတူမှ ပြင်လို့ရမှာ ဖြစ်ပါတယ်။ တကယ် ပြောင်းလဲ ချင်ရင် စေတနာမှန်မှန် သတ္တိရှိရှိ ပြောင်းလဲဖို့ လိုပါတယ်’’ဟု အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ လွှတ်တော် ကိုယ်စားလှယ် ဦး သိန်းဆွေက ပြောသည်။

လက်ရှိအခြေခံဥပဒေအရ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ၀န်ကြီးချုပ်များကို သက်ဆိုင်ရာ ပြည်သူလူ ထုနှင့် လွှတ်တော်များ က တိုက်ရိုက်ရွေးကောက်တင် မြှောက်နိုင်ခြင်းမရှိဘဲ နိုင်ငံတော် သမ္မတက တိုက် ရိုက်ခန့်အပ်နိုင် ရန် ပြဋ္ဌာန်းထားသဖြင့် ယင်းအချက်ကို ပြင်ဆင်ရန် ကြိုးပမ်းနေကြခြင်း ဖြစ်သည်။

အဆိုပါဝန်ကြီးချုပ်များအား သမ္မတက တိုက်ရိုက်ရွေးချယ်ခြင်း မဟုတ်ဘဲ သက်ဆိုင်ရာ လွှတ် တော်များရှိ ကိုယ်စားလှယ်များက ရွေးချယ်တင်မြှောက်ခြင်းကို သမ္မတက အတည်ပြုခန့်အပ်ပေး နိုင်ရေးဆောင်ရွက်နိုင် ရန် ပြင်ဆင်လိုကြခြင်းဖြစ်သည်။

သို့သော် ယင်းအဆိုပြုပြင် ဆင်ချက်ကို တပ်မတော်သား ကိုယ်စားလှယ်များက လက်မခံဘဲမူလအတိုင်းသာ ထားရှိရန် မှတ် ချက်ပြုခဲ့ပြီး ထိုသို့လွှတ်တော်များမှ ရွေးချယ်တင်မြှောက်ခွင့်ပြုပါက ပါတီနှင့် လွှတ်တော်၏ သြဇာ လွှမ်းမိုးကာ အစိုးရမူဝါဒများ အ ကောင်အထည်ဖော်ရေးအပေါ် အနည်းနှင့်အများ ထိခိုက်နိုင် ကြောင်း အကြောင်းပြချက်ပေးခဲ့ သည်။

‘‘နိုင်ငံတကာမှာလည်း ၀န် ကြီးချုပ်တွေကို ပါတီတွေက ထိန်းထားတာဖြစ်ပါတယ်။ ၀န်ကြီးချုပ် ဖြစ်သွား သည့်တိုင် ပါတီရဲ့ မူဝါဒ တွေနဲ့ ကင်းကွာမသွားဖို့၊ ထင်ရာ မစိုင်းနိုင်ဖို့ ထိန်းထားတဲ့ သဘော ဖြစ်ပါတယ်။ ဖွဲ့စည်းပုံပြင်ဆင်ရေးဟာ နိုင်ငံရေးပြဿနာ ဖြစ်တယ်ဆိုတာ သတိပြုဖို့ လိုပါတယ်’’ဟု အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ်ပါတီမှ လွှတ်တော် ကိုယ်စားလှယ် ဦးကျော်မင်းက ပြောသည်။

ထို့အပြင် နောက်ဆက်တွဲ ဇယားပြင်ဆင်ရေးအတွက် ပြည် ခိုင်ဖြိုးပါတီက တင်သွင်းသော ဥပဒေကြမ်းတွင် ပါဝင်သည့် ပြည်ထောင်စုက ပြဋ္ဌာန်းသည့် ဥပဒေ နှင့် အညီဆိုသည့် စကားရပ်မှာ လည်း ဗဟိုချုပ်ကိုင်မှုကို ပိုမိုဖြစ် ပေါ်လာစေမည်ဖြစ်သောကြောင့် ယင်းစကားရပ်ကို ထည့်သွင်းခြင်း မပြုရန် တိုင်းရင်းသားလွှတ် တော်ကိုယ်စားလှယ်များက ဆွေးနွေးခဲ့ကြသည်။

အထက်ပါ အချက်အလက် များ ပြင်ဆင်ရန် သုံးရက်အတွင်း ကိုယ်စားလှယ် ၅၀ ကျော် ဆွေး နွေးခဲ့ပြီး အများအားဖြင့် တိုင်းရင်း သားများနှင့် သက်ဆိုင်သော အ ရေးကိစ္စများ၊ အခြေခံဥပဒေပြင် ဆင်ရေးဆိုင်ရာ အကျပ်အတည်း များနှင့် သက်ဆိုင်သည့် ကိစ္စများ ကို ဆွေးနွေးမှု များပြားခဲ့သည်။

‘‘ဥပဒေတစ်ရပ်ဟာ နိုင်ငံ သားများအတွက် အကျိုးမရှိဘူး ဆိုရင် ပြင်ဖို့၊ ဖြေလျှော့ဖို့ ပြုလုပ် ဖို့လိုကို လိုပါ တယ်။ တပ်မတော် သား လွှတ်တော်ကိုယ်စားလှယ် များအနေနဲ့ ဒါကို ကန့်ကွက်တာ စိတ်မကောင်းဖြစ်ရ ပါတယ်။ ဒီလို ဥပဒေကိုပြင်ဖို့ ကန့်ကွက်တာဟာ တိုင်းပြည်ကို ချစ်သလား၊ နှစ်သလားဆိုတာ စဉ်းစားသင့် ပါတယ်’’ ဟု ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ချင်းတိုင်းရင်းသား ဦးပေါ်လျှံလွင်ကပြောသည်။

ဇွန်လစတုတ္ထပတ်က ပြုလုပ်ခဲ့သည့် အခြေခံဥပဒေပြင်ဆင်ရေး ပထမပိုင်းတွင်ပါဝင်သော အရေးကြီးပုဒ်မ ဖြစ်သည့် ၄၃၆၊ ၅၉(စ) စသည့် ပုဒ်မများမှာ ပုဂ္ဂိုလ်ရေးဆန်သည့် သဘောသက်ရောက်မှုရှိနေသော်လည်း ယခုလွှတ်တော်တွင် ဆွေးနွေးနေသည့် အခြေခံဥပဒေပြင်ဆင်ရေး ဒုတိယပိုင်းပါ ပုဒ်မများမှာ တိုင်းရင်းသား အရေး၊ ပြည်တွင်းငြိမ်းချမ်းရေး စသည့် အချက်များနှင့် တိုက်ရိုက်သက်ဆိုင်နေသောကြောင့် ယင်းပုဒ်မများ ကို ပြင်ဆင်ခြင်း မပြုရန် တင်းခံနေခြင်းသည် ငြိမ်းချမ်းရေး နောက်ကြောင်းပြန်လမ်းစဉ်ကို တွန်းပို့နေသည့် သဘောဖြစ်နေသည်ကို သတိပြုရန်လိုကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူအချို့ကဆိုသည်။

‘‘ငြိမ်းချမ်းရေးကို လိုလားပါ က ငြိမ်းချမ်းရေးကို အတားအ ဆီးဖြစ်စေသည့် တင်းကျပ်သည့် ဥပဒေများကို ဖြေလျှော့ပေးရမှာ ဖြစ်ပါတယ်။ အပစ်အခတ်ရပ်စဲရေး ဆောင်ရွက်ဆဲကာလမှာ မမှန်ကန်သည့် နည်းလမ်း များ သုံးပြီး ဖိအားပေးနိုင်တယ်လို့ ထင် ကာ မယုံကြည်သရွေ့၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ မပြင်ဆင်နိုင်သ ရွေ့၊ ယုံကြည်မှုမရှိဘဲ သံသယများဖြစ်နေရင် ပါးစပ်ကသာငြိမ်းချမ်းရေးကို လိုလားတယ်ပြောပြီး လက်တွေ့ ဖြေလျှော့မပေးသ ရွေ့ မျှော်လင့်နေတဲ့ ဒီမိုကရေစီရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းရေးများ ဟာ ဝေးနေဦးမှာဖြစ်ပါတယ်’’ဟု ဘားအံမြို့နယ် လွှတ်တော်ကိုယ်စား လှယ် ကရင်တိုင်းရင်းသူ ဒေါ်နန်းစေ အွာက ပြောသည်။

ယခုဝန်ကြီးချုပ်ရွေးချယ်မှု ပြောင်းလဲနိုင်ရေးကိစ္စရပ်မှာ ဖက် ဒရယ်စနစ်သို့ ပြောင်းလဲနိုင်ရေး အသေးအမွှား ကိစ္စရပ်သာဖြစ်ပြီး ယင်း အသေးအမွှားကိစ္စရပ်ကို ပြင်ဆင်ခြင်းမပြုလိုသည်ကို နား မလည်နိုင်ဖြစ်ရကြောင်း တိုင်း ရင်းသား လွှတ်တော်ကိုယ်စား လှယ်များကဆိုသည်။

လွှတ်တော်တွင်း အခြေခံဥပ ဒေပြင်ဆင်ရေးကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အပါအ၀င် တိုင်းရင်းသားပြည်သူ များက စောင့်ကြည့်လျက်ရှိကြပြီး ၎င်းတို့လိုလားသည့် အချက်ကို ပြင်ဆင်နိုင်ခဲ့ပါက တစ်ဖက်နှင့် တစ်ဖက်ယုံကြည်မှုများ တိုးပွား လာမည်ဖြစ်သော်လည်း ပြင်ဆင် ခြင်းမပြုနိုင်ခဲ့လျှင် တိုင်းရင်း သား လက်နက်ကိုင် အဖွဲ့အစည်းများ နှင့် တပ်မတော်အကြား ယုံကြည် မှု ပျက်ပြားနိုင်ကြောင်း လွှတ် တော်ကိုယ်စားလှယ်များက ပြော သည်။

မည်သို့ပင်ဖြစ်စေ ဇူလိုင် ၇ နှင့် ၈ ရက်တွင် ပြုလုပ်မည့် ပြည်ထောင်စုလွှတ်တော်အစည်းအ ဝေးအတွင်း မဲခွဲဆုံးဖြတ်မှုများကတိုင်းရင်းသားများ၏ ဆန္ဒကို လိုက်လျောနိုင်ခြင်း ရှိ၊ မရှိ အဖြေပေး တော့မည်ဖြစ်သည်

ပုဒ်မ ၄၃၆(က)အောက်မှ ပုဒ်မခြောက်ခုကို လွှတ်တော်တွင် မဲခွဲစဉ် (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))
7Day News Journal


No comments:

Post a Comment

My Blog List