Thursday, November 07, 2013

ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်မှ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များတွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ဟောပြောမှုများ ပြုလုပ်မည်

Thursday, November 7, 2013

ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ်(ALD) ပါတီအနေဖြင့် ရခိုင်ပြည်နယ် အတွင်းရှိ မြို့နယ်များတွင် ၂၀၀၈ ခုနှစ် ဖွဲ့စ ည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်၍ ဟောပြောမှုများ ပြုလုပ်သွားမည်ဟု ALD ပါတီဥက္ကဋ္ဌ ဦးအေးသာေ အာင်က ပြောကြားသည်။

ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီနှင့် ပေါင်းစည်းရာတွင် လိုအ ပ်သည့် အလုပ်အမှုဆောင် ၃၀ ဦးစာရင်းကို ယခုလ(နိုဝင်ဘာ) ၂၂ ရက် နှင့် ၂၃ ရက်များတွင် ရခိုင်ပြည် နယ် ကျောက်တော်မြို့၌ ပြုလုပ်သွားရန်ရှိပြီး အဆိုပါပွဲအပြီး တစ်ပြိုင်နက် ကျောက်တော်မြို့မှစကာ ရေ သ့တောင်၊ စစ်တွေ၊ မြောက်ဦး၊ မင်းပြား စသည့် မြို့နယ်များတွင် သက်ဆိုင်ရာ ရပ်မိရပ်ဖများ၏ အကူအ ညီဖြင့် ဖွဲ့စည်းပုံဆိုင်ရာ ဟောပြောပွဲများ ပြုလုပ်ရန် စီစဉ်ထားခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းကဲ့သို့ ဟောပြောမှုများ ပြုလုပ်ရာတွင် NLD ပါတီမှ ပြုလုပ်နေသည့် ဟောပြောပွဲများကဲ့ သို့ ပြည်သူ့ ဆန္ဒ သဘောထားရယူပြီး လွှတ်တော်ကော်မတီသို့ တင်ပြခြင်းမျိုးကို ပြုလုပ်မည် မဟုတ်ဘဲ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံနှင့် ပတ်သက်၍ ပြင်ဆင်သင့်သည်များကို ရခိုင်ပြည်သူများ သိရှိနိုင်ရန်သာ ရည်ရွယ်ခြင်း ဖြ စ်ေ ကြာင်း ဦးအေးသာအောင်က ပြောကြားသည်။

"ရှင်းရှင်းပြောရရင် လွှတ်တော်ကနေ အန်ကယ်တို့ ပြောတဲ့အတိုင်း စလယ်ဆုံး ပြင်ပေးနိုင်လိမ့်မယ်လို့ မယုံ ကြည်ဘူး။ သို့သော် NLD ကလိုမျိုး တင်မယ်ဆိုတာကိုလည်း မဆန့်ကျင်ဘူး။ ရသလောက် ပြင်ကြည့်ပေါ့။ အန်ကယ်တို့ကတော့ လွှတ်တော်တင်ဖို့ မရှိဘူး။ အဲဒါကြောင့် ဆန္ဒသဘောထားလည်း ကောက်ယူမှာ မဟု တ်ဘူး"ဟု ၎င်းက ဆိုသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အနေဖြင့်လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေအပေါ်တွင် ပြင် ဆင်လို သလား သို့မဟုတ် အသစ်ရေးဆွဲချင်သလား ဆိုသည်နှင့် ပတ်သက်၍ ပြည်သူ့ဆန္ဒ သဘောထားများ ကို ပြည်နယ်နှင့် တိုင်းဒေသကြီး အားလုံးတွင် လိုက်လံကောက်ယူနေပြီး မူလအစီအစဉ် အနေဖြင့် နို ၀င် ဘာ ၁၀ ရက် နောက်ဆုံးထား ကောက်ယူရန် စီစဉ်ထားကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment

My Blog List