Wednesday, November 06, 2013

အကျဉ်းထောင် နှစ်ခု ပြန်တည်ဆောက်ရန် တောင်းခံငွေ လွှတ်တော် အတည်ပြု

Wednesday, November 6, 2013

ပြည်သူ့လွှတ်တော် ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုး တိုးတက်မှု ကော်မတီက ခွင့်မပြုသင့်ကြောင်း တ င်ပြထားသော မိုးညှင်း အကျဉ်းထောင်နှင့် မော်လမြိုင် အကျဉ်းထောင်တို့ကို ပြန်လည် တည်ဆောက်မည့် စီမံကိန်းအတွက် တောင်းခံငွေကို နိုဝင်ဘာလ ၅ ရက်နေ့က ကျင်းပသော ပြည်ထောင်စု လွှတ်တော် အစ ည်းအဝေးတွင် တောင်းခံငွေကို ခွင့်ပြုကြောင်း ဆုံးဖြတ်လိုက်သည်။

ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုး တိုးတက်မှု ကော်မတီက မိုးညှင်း အကျဉ်းထောင်နှင့် မော်လမြိုင် အ ကျဉ်းထောင်ကို ပြန်လည် တည်ဆောက်မည့် စီမံကိန်း တောင်းခံငွေကို ခွင့်မပြုသင့်ကြောင်း အဆိုကို ပြန် လည် ရုပ်သိမ်းလိုက်သည့် အတွက် လွှတ်တော်က ယင်းသို့ အတည်ပြုလိုက်ခြင်း ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။
ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက “နောက်ထပ် ဘဏ္ဍာငွေ ခွဲဝေ သုံး စွဲရေး အတွက် တင်ပြထားတာကို ခွင့်မပြုရင် အဲဒီ စီမံကိန်းက ဆက်လုပ်လို့ ရတော့မှာ မဟုတ်ဘူး” ဟု ဆို သည်။

၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်၊ နောက်ထပ် ဘဏ္ဍာငွေ ခွဲဝေ သုံးစွဲရေး ဥပဒေကြမ်းတွင် ပြည်ထဲရေး ဝန်ကြီး ဌာနက မိုးညှင်း အကျဉ်းထောင်နှင့် မော်လမြိုင် အကျဉ်းထောင် တည်ဆောက်မည့် ကုန်ကျငွေမှာ ကျပ် ၄၂ ၅ သန်း ဖြစ်ကြောင်း တင်ပြထားသည်။

သို့သော် ပြည်သူ့လွှတ်တော် ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုး တိုးတက်မှု ကော်မတီကမူ ယင်းစီကိန်း သည် ငွေလုံးငွေရင်းဖြင့် စီမံကိန်း ရေးဆွဲကာ တောင်းခံရမည် ဖြစ်ပြီး ထပ်တိုး ဘတ်ဂျက်တွင် မတောင်းခံ သင့်ကြောင်း လွှတ်တော်သို့ အကြံပြုထားသည်။

ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု ကော်မတီ၏ အတွင်းရေးမှူး ဖြစ်သူ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က “အကျဉ်းသားများ ဆောလျင်စွာ လူ့အခွင့်အရေး အပြည့်အဝ ရရှိစေရန် ရည် ရွယ်ပြီး ခွင့်ပြုတာပါ” ဟု ဆိုသည်။

ပြည်ထဲရေး ဝန်ကြီးဌာန အကျဉ်း ဦးစီးဌာနက မိုးညှင်း အကျဉ်းထောင် စီမံကိန်း အတွက် ထပ်မံ တောင်း ခံငွေမှာ ၂၉၅သန်း ကျော် ဖြစ်ပြီး မော်လမြိုင် အကျဉ်းထောင် စီမံကိန်းအတွက် ထပ်မံ တောင်းခံငွေမှာ ၁၂၇ သန်းကျော် ဖြစ်သည်။

The Voice Weekly

No comments:

Post a Comment

My Blog List