Thursday, November 7, 2013
အနိမ့်ဆုံးလစာ သတ်မှတ်ရေးအပါအ၀င် အလုပ်ရှင်အလုပ်သမားများအကြား ဖြစ်ပေါ်လျက်ရှိနေသည့် အခ က်အခဲများကို နိုဝင်ဘာ ၁၀ ရက် မြောက်ဒဂုံမြို့နယ်ရှိ နာရေးကူညီမှုအသင်းတွင် ကျင်းပရန်ရှိသောအ လုပ် သမားသမဂ္ဂ ညီလာခံတွင် တင်ပြဆွေးနွေးသွားမည်ဟု ညီလာခံကျင်းပရေးကော်မတီ၏ သတင်း ထုတ်ပြ န်ရေးတာဝန်ခံ ဦးအောင်လင်းက မဇ္ဈိမကိုပြောသည်။
“အလုပ်ရှင်ဘက်က လစာတိုးပေးနိုင်၊ မပေးနိုင် အဲဒါတွေပါလာမယ်။ လုပ်ငန်းအောင်မြင်မှုရှိ မရှိကလည်း ရှိသေးတယ်။ အလုပ်သမားဆိုဒ်တစ်ခုတည်းက သွားလို့မရဘူးဗျ။ လတ်တလောဖြစ်ပွားနေတဲ့ အလုပ်ရှင် အလုပ်သမား ပြဿနာတွေ ဖြေရှင်းဖို့အတော်များများ အကူအညီအထောက်အပံ့ဖြစ်မယ်လို့ ရည်မှန်း ထား ပါတယ်” ဟုပြောသည်။
အလုပ်ရှင်များ ဘက်တွင်လည်း ကုန်ဈေးနှုန်း၊ စွမ်းအင်လိုအပ်ချက်၊ အလုပ်လုပ်ရန် အိမ်ယာမြေလိုအပ် ချ က်များမှာ ဈေးနှုန်းကြီးမြင့်မှုများနှင့် တွေ့ကြုံနေရသည်ဟုလည်း ဦးအောင်လင်းကဆိုသည်။ အလုပ်သမား များနှင့် ပတ်သက်သည့် ဥပဒေများသည်လား အားနည်းချက်များရှိနေရာ အလုပ်သမားများမကြာခ ဏအ လုပ်ဖြုတ်ခံနေရမှုများ ကြုံတွေ့နေရသည်ဟု လှိုင်သာယာမြို့နယ် တိုင်ရီဖိနပ်စက်ရုံမှ အလုပ်သမား တစ်ဦြး ဖစ်သူ မမိုးဝေကဆိုသည်။
“အလုပ်သမားတွေ အကြီးမားဆုံး ရင်ဆိုင်နေရတဲ့ ပြဿနာကတော့ လုပ်ငန်းခွင်တည်မြဲမှု အဲဒါအရမ်း အေ ရးကြီးနေပါတယ်။ အပြစ်မဲ့အလုပ်ဖြုတ်ခံရတာတွေ မကြာမကြာကြုံနေရပါတယ်” ဟု မဇ္ဈိမကိုပြော သ ည်။
အဆိုပါညီလာခံအတွက် အလုပ်သမားဝန်ကြီးဌာနအပါအ၀င် ကျောင်းဆရာ၊ ဆရာမများသမဂ္ဂ၊ ပန်းချီဆ ရာ၊ ဆရာမများသမဂ္ဂများ၊ စက်မှုဇုန်အလုပ်သမားများ၊ မော်တော်ယာဉ်လိုင်းပေါင်းစုံ အလုပ်သမားများ၊ လု ပ်ငန်းရှင်များ၊ ပါတီနိုင်ငံရေးများ၊ သံရုံးများမှ တာဝန်ရှိသူများကို ဖိတ်ကြားထားသည်။
Mizzima - News in Burmese
No comments:
Post a Comment