Tuesday, November 05, 2013

ပေါက်တော အကြမ်းဖက်မှု ထပ်မဖြစ်ရန် လုံခြုံရေးတိုးမြှင့်


Tuesday, November 5, 2013
ပဋိပက္ခများ မကြာခဏ ဖြစ်ပွားနေသည့် ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ဆင်တက်မော်ကျေးရွာ အုပ်စု တွင် နိုဝင်ဘာလ ၂ ရက်နေ့က ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများကြောင့် လူသုံးဦးထက်မန ည်း သေဆုံး ခဲ့သဖြင့် အကြမ်းဖက်မှုများ ထပ်မံ မဖြစ်ပွားစေရန် လုံခြုံရေးအင်အား တိုးမြှင့်ထားကြောင်း မြို့နယ် ရဲတပ် ဖွဲ့စခန်းမှ တာဝန်ကျ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

နယ်မြေ လုံခြုံရေးနှင့် တည်ငြိမ် အေးချမ်းရေးအတွက် တပ်မတော်နှင့် ရဲတပ်ဖွဲ့ အင်အားများ တိုးချဲ့ ထား ပြီး ပြစ်မှု ကျူးလွန်သူများကို ဖမ်းဆီးရန် စုံစမ်းနေကြောင်း ယင်းရဲတပ်ဖွဲ့စခန်းမှ သိရှိရသည်။
ဆင်တက်မော် ကျေးရွာအုပ်စုတွင် အကြမ်းဖက်မှုများ မဖြစ်ပွားမီက လုံခြုံရေးအင်အား ၂၀ ခန့်သာ ရှိသော် လည်း ယခုအင်အား ၇၀ ခန့် လုံခြုံရေး ချထားသည်ကို တွေ့ရကြောင်း ဆင်တက်ေ မာ် ကျေးရွာ တွင် နေ ထိုင်သူ ဘင်္ဂါလီ အမျိုးသား ဦးအောင်နိုင်က ပြောကြားသည်။

“တစ်ယောက်မှ အဖမ်းမခံရသေးဘူး။ မြို့နယ်မှူးကတော့ နှစ်ဖက်စလုံးကို ဖမ်းမယ်လို့ ပြောသွားတယ်” ဟု ၎င်းကဆိုသည်။

ရခိုင် တိုင်းရင်းသူ အမျိုးသမီး အသတ်ခံရမှုကို အစိုးရအနေနှင့် ထိထိရောက်ရောက် ကိုင်တွယ်ရန် လိုအ ပ်ကြောင်း ပေါက်တောမြို့နယ် ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးအောင်ေ ကျာ်ထီးက ပြောကြားသည်။

“ဒီကိစ္စမျိုးမှာ တရားခံကို အလွယ် ဖမ်းမိဖို့ကတော့ မလွယ်ဘူး၊ ကျူးလွန်တဲ့သူကို ဝှက်ထား တတ်ကြတ ယ်” ဟု ၎င်းကဆိုသည်။

အကြမ်းဖက်မှု ဖြစ်စဉ်များတွင် ရခိုင် အမျိုးသမီး တစ်ဦးနှင့် ဘင်္ဂါလီ အမျိုးသားနှစ်ဦး သေဆုံးပြီး ရခိုင် အ မျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ သို့သော်လည်း ဒဏ်ရာရရှိသည့် ဘင်္ဂါလီဦးရေ မည်မျှ ရှိသည်ကို အ တည်ပြု ပြောဆိုနိုင်ခြင်း မရှိသေးကြောင်း ပေါက်တောမြို့နယ် ရဲတပ်ဖွဲ့စခန်းမှ တာဝန်ကျ ရဲအရာရှိတ စ်ဦး က ပြောဆိုသည်။

သေဆုံးသူ ဘင်္ဂါလီ နှစ်ဦးအနက် တစ်ဦးမှာ အခင်းဖြစ်ပွားရာ နေရာတွင် သေဆုံးခဲ့ပြီး တစ်ဦးမှာ စစ်တွေေ ဆးရုံတွင် သေဆုံးခဲ့သည်ဟု အဆိုပါ ရဲအရာရှိက ပြောဆိုသော်လည်း ဘင်္ဂါလီနှစ်ဦး သေဆုံးခဲ့သည့် အေ ကြာင်းအရင်းကိုမူ ဖြေဆိုခြင်း မရှိပေ။

ဆင်တက်မော် ကျေးရွာမှ ဘင်္ဂါလီ ၂၀ ဦးခန့်က ထင်းခုတ်နေစဉ် ရခိုင် တိုင်းရင်းသားများက ဝင်ရောက် တို က်ခိုက်ခြင်းကြောင့် ထွက်ပြေးခဲ့ရကြောင်း၊ ငါးဦးမှာ ထွက်ပြေး မလွတ်မြောက်ဘဲ ကျန်နေခဲ့၍ ဘင်္ဂါလီ အ မျိုးသား ၁၀၀ ခန့်ဖြင့် ပြန်လည် ရှာဖွေရာတွင် သေဆုံးနေသည့် ဘင်္ဂါလီ အမျိုးသားနှစ်ဦး၏ အလောင်း ကို တွေ့ရှိခဲ့ကြောင်း ဆင်တက်မော် ကျေးရွာမှ ဘင်္ဂါလီ အမျိုးသား ဦးအောင်နိုင်က ပြောကြားသည်။

ယင်းဖြစ်စဉ်နှင့် ဆက်စပ်ကာ ချောင်းစပ်၌ ငါးရှာ၊ ခုံးကောက်နေသည့် ဆင်တက်မော် ကျေးရွာအုပ်စု ဆင် အိုင်ကျေးရွာမှ အမျိုးသမီး ငါးဦးခန့်ကို နိုဝင်ဘာလ ၂ ရက်နေ့ ညနေပိုင်းတွင် ဘင်္ဂါလီသုံးဦးက ဝင်ရောက် တိုက်ခိုက်ခဲ့မှုကြောင့် တစ်ဦးမှာ ပွဲချင်းပြီး သေဆုံးခဲ့ပြီး အခြားတစ်ဦးတွင် လက်မောင်း ပြတ်ရှဒဏ်ရာ ရရှိ ခဲ့ကြောင်း ပေါက်တော ဒေသခံများထံမှ သိရှိရသည်။

The Voice Weekly

No comments:

Post a Comment

My Blog List