Thursday, November 07, 2013

မတ္တရာရှိ စကျင်တောင်တွင် ကုမ္ပဏီများ ၀င်ရောက် လုပ်ကိုင်မှုကြောင့် ဒေသခံများ၏ မူလလုပ်ကွက်များ ပျောက်ကွယ်

Thursday, November 7, 2013
မန္တလေးတိုင်း မတ္တရာမြို့နယ် စကျင်တောင်တွင် ကုမ္ပဏီများ ၀င်ရောက် လုပ်ကိုင်လာမှုကြောင့် အသေး စား ဒေသခံလုပ်ကွက်များ ပျောက်ကွယ်လာကြောင်း သိရသည်။

စကျင် ကျေးရွာအုပ်စုတွင် နေထိုင်သော ဒေသခံများသည် ၂၀၀၇ ခုနှစ်ခန့်မှစ၍ စကျင်ရွာ ဒေသခံ ရတ နာမြေသမမှ ရေချမ်းတောင်လုပ်ကွက် (၁၅) ဧကကို ကျောက်ထုတ်လုပ်ခွင့် အခွန်ပေးဆောင်ကာ လုပ် ကိုင်ခဲ့ကြရာမှ ၂၀၁၀ ပြည့်နှစ် အောက်တိုဘာလတွင် မိုးနတ်သား ကုမ္ပဏီမှ ကုမ္ပဏီပိုင် လုပ် ကွက်ဖြစ် သွားပြီဟု ပြောဆိုကာ ဒေသခံ (၁၂) ဦး၏ ကျောက်လုပ်ကွက်များကို သိမ်းယူခဲ့ကြောင်း သိရသည်။
"ကျောက်လုပ်ကွက်တွေ သိမ်းတုန်းက အထောက်အထား တစ်စုံတစ်ရာ ပြသတာမျိုးလည်း မရှိဘူး။ လုပ် ကွက်အစား ပြန်ပေးတာမျိုး မရှိသလို လျော်ကြေးငွေ ပေးတာမျိုးလည်း မရှိဘူး။ ဒေသခံတွေကလည်း တ ရားမ၀င် လုပ်နေတာ မဟုတ်ပါဘူး။ အခွန်ဆောင်ပြီး လုပ်နေတာကို ပစ်စလက်ခတ် သိမ်းယူသွားကြတယ်" ဟု စကျင်ကျေးရွာမှ ကျင်းပိုင် ဦးစိုးနိုင်က ပြောကြားသည်။

ဒေသခံများမှ ကျောက်ထုတ်လုပ်ခွင့်အတွက် တစ်နှစ်လျှင် ကျပ် ၃၀၀၀၀ နှုန်းနှင့် လုပ်ကိုင်ရန် နယ်မြေ သ တ်မှတ်ခ ကျပ် ၅၀၀၀ ပေးဆောင်၍ လုပ်ကိုင်ခဲ့ကြသော်လည်း ကုမ္ပဏီများမှ ၀င်ရောက် သိမ်းဆည်းသည့် အခါ တစ်စုံတစ်ရာ ညှိနှိုင်း ရပ်တည်ပေးမှု မရှိခဲ့ကြောင်း သိရသည်။

"ကုမ္ပဏီတွေအနေနဲ့ ကျောက်ကျင်းတွေကို သိမ်းယူထားပေမယ့် လုပ်ငန်း လုပ်ကိုင်တာမျိုးလည်း မရှိဘူး။ မိုးနတ်သား ကုမ္ပဏီက သိမ်းယူသွားတဲ့ ကျင်ပေါင်း ၂၃ ကျင်းထဲကမှ အကောင်းဆုံး တစ်ကျင်းကိုတော့ စ လုပ်နေပြီ။ ဦးတော်တော်နှင့် သားများ ကုမ္ပဏီက သိမ်းထားတဲ့ ကျင်းပေါင်း (၅၈)ကျင်းမှာ တစ်ကွက်မှ အ လုပ်စလုပ်နေတာ မတွေ့ရသေးပါဘူး"ဟု ရွှေကျောင်းတောင် ကျောက်ဆစ်လုပ်သားများအဖွဲ့မှ အတွင်းေ ရးမှူး ဦးစိုးဝင်းက ဆိုသည်။

Eleven Media Group

No comments:

Post a Comment

My Blog List