Tuesday, November 05, 2013

"ကိုရီးယားနိုင်ငံ ဂုဏ်ထူးဆောင် ခရီးသွား သံတမန်ဘွဲ့ ခန့်အပ်ခံရတဲ့ မော်ဒယ် တင်မိုးလွင်"


Tuesday, November 5, 2013
အနုပညာလောက မှာ မော်ဒယ် မိခင်ကြီးလို့ တင်စားခေါ်ဝေါ် ခံရတဲ့ Talents & Models အေဂျင်စီ တည်ေ ထာင်သူ တင်မိုးလွင် က အောက်တို ဘာ ၇ ရက်နေ့က ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ကို သွားရောက်ပြီး ကိုရီး ယား နိုင်ငံ ရဲ့ခရီးသွား ဝန်ကြီး ဌာန ကပေးအပ် တဲ့ ဂုဏ်ထူးဆောင် ခရီး သွား သံတမန် ဘွဲ့ကို သွားရော က် ယူခဲ့ပါ တယ်။ ကိုရီးယား ကုန်သွယ်မှု အဖွဲ့အစည်း ၊ မြန်မာ နိုင်ငံ ကုန်သွယ်မှု အဖွဲ့အစ ည်းနှင့် မြန် မာနိုင်ငံမှာ လာရောက် လုပ်ကိုင် နေ တဲ့ ကိုရီးယား လုပ်ငန်းရှင် များရဲ့ ထောက် ခံပေးအပ်မှုကြောင့် ရရှိ ခဲ့ ခြင်းဖြစ်တယ် လို့ သိရပါတယ်။
ဂုဏ်ထူး ဆောင် ခရီးသွား သံတမန်ဘွဲ့ကို ခန့်အပ် ခြင်း ခံရတဲ့ မော်ဒယ်တင်မိုးလွင်က
"ကိုရီးယားနိုင်ငံရဲ့ ခရီးသွား ဝန်ကြီးဌာန ကနေပြီးတော့ ခန့်အပ် တဲ့ ဂုဏ်ထူးဆောင် ခရီးသွား သံတမန် ဘွဲ့ကို သွားပြီးတော့ ယူရတာ ဖြစ်ပါတယ်။ အခုလို ဒီဘွဲ့ကို ယူခွင့် ရတဲ့ အတွက်လည်း တအား ဂုဏ်ယူမိ ပါ တယ်။ သူတို့အနေ နဲ့ကလည်း မမိုးကို ဘယ်လို ရှာတွေ့သွားခဲ့လဲ ဆိုတော့ ကိုရီးယား သံရုံး၊ မြန်မာပြည် မှာရှိတဲ့ သံ ရုံးတော်တော်များများ နဲ့ ပွဲတွေကို လုပ်ကိုင် ဆောင် ရွက်ပေးလေ့ ရှိတယ်။ ဒီလိုပဲ မမိုးက အမြဲ တမ်း ကူညီပေး လေ့ရှိတယ်။ ကိုရီးယား သံရုံးမှာလည်း မမိုး ရဲ့ နာမည် List ရှိတယ်။ အဲဒီ တော့ မြန် မာပြ ည် ကိုရောက်နေတဲ့ ကိုရီးယား ကုန်သွယ်မှု အဖွဲ့အစည်း ကလည်း မြန်မာပြည်ကို စရောက်ကတည်းက မ မိုး တို့ရဲ့ကုမ္ပဏီနဲ့ ဆက်သွယ် တယ်။ အဲဒီ သံရုံးရယ်၊ အဖွဲ့ အစည်းတွေရယ် ၊အခုမြန်မာပြည်မှာ ရှိနေတဲ့ ကိုရီးယား လုပ်ငန်းရှင်တွေ ရဲ့ ထောက်ခံမှုတွေ နဲ့ပေါ့လေ။ မမိုးရဲ့ Profile ကိုလိုချင်ပါတယ်။ မမိုးရဲ့ Dat a တွေကို သိချင်ပါတယ် ဆိုလို့ သူတို့နဲ့ မိတ်ဆက်တဲ့ အခါမှာ ဒီဘွဲ့ကို ခန့်အပ်ပေးခြင်း ဖြစ်ပါတယ်။

သူတို့က မြန်မာပြည်ကနေ သံတမန် တစ်ဦး လိုချင်တယ် လို့ သူတို့ရဲ့သံရုံး ကိုပြောလိုက်တဲ့ အခါမှာ သံရုံး နဲ့ အဆက်အသွယ် ရှိတော့ သံရုံးကနေ ရွေးချယ် ပေးလိုက်တာပေါ့။ သံရုံးရယ် ၊မြန်မာနိုင်ငံက ကုန်သွယ်မှု အဖွဲ့ အစည်း ရယ်၊ မြန်မာနိုင်ငံက ကိုရီးယား လုပ်ငန်းရှင်တွေ ကထောက်ခံပေး လိုက်တာပါ" လို့ ပြောပြခဲ့ ပါတယ်။

ကိုရီးယားနိုင်ငံ ကို သွားရောက် ဖြစ်ခဲ့တုန်း က အတွေ့ အကြုံများ နဲ့ ပတ်သက်ပြီး လည်း တင်မိုးလွင်က
"ဟိုမှာတော့ သံတမန် တစ်ယောက် အနေနဲ့ သူတို့ရဲ့ ဒေသမြှင့်တင်ရေး လုပ်ငန်းတွေ ဖြစ်တဲ့ အလှအပ၊ ကျန်းမာရေး ၊ဖက်ရှင်၊ စားသောက်ကုန် ၊ယဉ်ကျေးမှု အဲဒီဟာတွေကို တစ်နေရာစီ လိုက်လေ့ လာ ဖြ စ်ခဲ့ရ တယ်။ အမှန်တော့ မမိုးက ဘယ်လိုမှ အချိန်မရပါဘူး။ အခုမြန်မာပြည် မှာရှိတဲ့ ကိုယ့်ရဲ့ အလုပ် တွေ၊ ကို ယ်လုပ်နေတဲ့ ပရဟိတတွေ ကပေါင်းစုံကနေ ဝင်ရောက် လုပ်ဖြစ် နေတဲ့ အတွက် ဒီလိုမျိုး အလုပ်လုပ်ဖို့ ဆိုတာ အချိန်က မရှိသလောက် ပါပဲ။ ဒါပေမဲ့ လည်း သူတို့အနေ နဲ့လည်း တကယ် လိုအပ်တယ် ။ မြန် မာပြည် အနေနဲ့လည်း တကယ် လိုအပ်တဲ့ အတွက် အချိန်ပေးပြီး နှစ်ဦးနှစ်ဖက် အဆင်ပြေသွားအောင် သံ တမန် အနေနဲ့ လုပ်ပေးရခြင်း ဖြစ်ပါတယ်။ မမိုးဝါသနာ ပါတဲ့ အတွက်အခုလို လုပ်ခွင့်ရတဲ့ အတွက် ဂုဏ် လည်းယူပါတယ်" လို့ ပြောပါတယ်။

Popular Journal

No comments:

Post a Comment

My Blog List