Thursday, November 07, 2013

NLD ပါတီ၏ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအပေါ် ပြည်သူ့သဘောထား ရယူရေး ရန်ကုန်တိုင်းလုံးကျွတ် ဟောပြောပွဲသို့ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တက်ရောက် ဟောပြောဖွယ်ရှိ

Thursday, November 7, 2013
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ပြည်သူ့သဘောထား ရယူပွဲကို NLD ပါတီက ရန်ကုန်မြို့ ပန်းဘဲတ န်းမြို့နယ်တွင် နိုဝင်ဘာ ၃ ရက်က ပြုလုပ်စဉ်၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအပေါ် ပြည်သူ့ သေ ဘာထားများ ရယူနေသော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း သေ ဘာထား ရယူမှုအတွက် တိုင်းလုံးကျွတ် ဟောပြောပွဲ ပြုလုပ်သွားမည်ဖြစ်ပြီး ပါတီဥက္ကဋ္ဌ ဒေါ်အောင် ဆန်း စုကြည်ကိုယ်တိုင် တက်ရောက် ဟောပြောဖွယ်ရှိကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲကို နိုဝင်ဘာ ၁၀ ရက်တွင် ဗဟန်းမြို့နယ်ရှိ ဗိုလ်စိန်မှန်အား ကစားကွင်းတွင် ပြု လုပ် သွားမည်ဖြစ်ပြီး ပွဲတက်ရောက်ရန် လူဦးရေ ၁၀၀၀၀ ကျော်ကို ဖိတ်ကြားထားကြောင်းနှင့် မည်သူမဆို တ က်ရောက်နိုင်ကြောင်း ပွဲကျင်းပသည့် ရန်ကုန်တိုင်း အလုပ်အမှုဆောင် အဖွဲ့ထံမှ သိရသည်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ၏ ကောင်းကျိုး ဆိုးပြစ်များအပေါ် ဟောပြောမည့် သူများအဖြစ် NLD ဖွဲ့စည်းပုံ အြေ ခခံ ဥပဒေပြင်ဆင်ရေး ကော်မတီဝင် တရားလွှတ်တော် ရှေ့နေများဖြစ်သည့် ဦးကိုနီနှင့် ဦးကျော်ဟိုး တို့ က ဟောပြောသွားမည် ဖြစ်ကာ သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများ၊ နိုင်ငံရေး အဖွဲ့အစည်းများ၊ အရပ် ဘက် အဖွဲ့အစည်းများကိုလည်း ဖိတ်ကြားသွားမည် . . .

"ကျွန်တော်တို့ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကိုတော့ ပါတီရဲ့လုပ်ငန်းသဘောအရကော၊ ပုဂ္ဂိုလ်ရေးအရေ ကာ ဒီပြည်သူ့သဘောထား ရယူပွဲကို တက်ဖို့ ဖိတ်ကြား ထားပါတယ်။ လောလောဆယ်တော့ နိုင်ငံခြား ခ ရီးစဉ်က ပြန်လာပြီးကာစဖြစ်လို့ အလုပ်တွေ ရှုပ်နေတဲ့အတွက် တက်မတက်ကတော့ အတိအကျ မပြောနို င်သေးဘူး။ တက်မယ်ဆိုရင်တော့ ခေါင်းဆောင်တစ်ယောက် ဖြစ်တဲ့အတွက် ဟောပြောမှာပါ။ သူကိုယ်တို င်ကလည်း ပြည်သူတွေနဲ့တွေ့ဖို့ အခွင့်အရေးကို အမြဲတမ်း စောင့်နေတဲ့သူဖြစ်လို့ အခုလိုပွဲမျိုး မှာ ဟေြာေ ပာမှုတော့ လုပ်မှာပါ"ဟု ရန်ကုန်တိုင်း အလုပ်အမှုဆောင်အဖွဲ့ ဒုတိယဥက္ကဋ္ဌ ဒေါက်တာစိုးဝင်းဦးက The Daily Eleven သို့ ပြောကြားသည်။

အဆိုပါပွဲတွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ၏ ကောင်းကျိုး ဆိုးပြစ်များအပေါ် ဟောပြောမည့် သူများအဖြစ် NLD ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး ကော်မတီဝင် တရားလွှတ်တော် ရှေ့နေများဖြစ်သည့် ဦးကိုနီနှင့် ဦးေ ကျာ်ဟိုး တို့က ဟောပြောသွားမည် ဖြစ်ကာ သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများ၊ နိုင်ငံရေး အဖွဲ့အ စည်း များ၊ အရပ်ဘက် အဖွဲ့အစည်းများကိုလည်း ဖိတ်ကြားသွားမည် ဖြစ်ကြောင်း သိရသည်။

NLD အနေဖြင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဖွဲ့စည်းပုံ ပြင်ဆင်ရေး သို့မဟုတ် အသစ်ရေးဆွဲရေး အေ ပါ် ပြည်သူလူထု သဘောထားများ ကောက်ယူနေခြင်းဖြစ်ပြီး ရန်ကုန်တိုင်း ဒေသကြီးအတွင်း သေ ဘာ ထား ကောက်ယူမှုကို အောက်တိုဘာ ၁၂ ရက်မှ စတင် ပြုလုပ်ခဲ့သည်။

နိုဝင်ဘာ ၆ ရက်အထိ ခရိုင်နှင့်မြို့နယ် စုစုပေါင်း ဟောပြောမှုများအဖြစ် တရားလွှတ်တော် ရှေ့နေ ဦးကိုနီ က ၂၃ ပွဲ၊ တရားလွှတ်တော် ရှေ့နေ ဦးကျော်ဟိုးက သုံးပွဲ၊ တရားလွှတ်တော် ရှေ့နေ ဦးမောင်ဖေတင်က တစ်ပွဲ ဟောပြောပြီး ဖြစ်ကြောင်းနှင့် အဆိုပါ ဟောပြောမှုများ အားလုံးတွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ ကို ပြင် ဆင်ခြင်းဖြင့် ပြောင်းလဲလိုသူမှာ ၉၅ ရာခိုင်နှုန်း၊ အသစ်ဆွဲခြင်းဖြင့် ပြောင်းလဲလိုသူမှာ ငါးရာခိုင်နှုန်း ရှိကြော င်း ရန်ကုန်တိုင်း အလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး ဦးထွန်းမြင့်က ပြောကြားသည်။

NLD အနေဖြင့် အဆိုပါ ဟောပြောပွဲများမှ ရရှိလာသည့် ပြည်သူ့ဆန္ဒ သဘောထားများကို ပြည်ထောင်စု လွှတ်တော်ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီသို့ တင်ပြသွားမည် ဖြစ်ေ ကြာ င်း သိရသည်။

Eleven Media Group

No comments:

Post a Comment

My Blog List