Friday, November 08, 2013

တက္ကသိုလ်ကျောင်းသား မွတ်စလင်မ်တချို့ အဆောင်နေရန် အခက်အခဲဖြစ်


 
နိုဝင်ဘာ ၇၊ ၂၀၁၃
http://www.m-mediagroup.com/news/20121
Ygn Uni
ရန်ကုန်  ။       ။         ရန်ကုန်မြို့ရှိ တက္ကသိုလ်များတွင် ပညာသင်ယူနေသော နယ်မြို့များမှ မွတ်စလင်မ် ကျောင်းသားအချို့ ယခုနှစ် ကျောင်းပြန်ဖွင့်ချိန်တွင် အဆောင် များမှ လက်မခံသောကြောင့် အဆောင်မရရှိပဲ ကျောင်းတက်ရန် အခက်အခဲဖြစ်နေကြောင်း သိရသည်။
ယခင်နှစ် တက္ကသိုလ်ဖွင့်ချိန်တွင် နေထိုင်ခဲ့သော အဆောင်တွင် ဆက်လက်နေထိုင်လိုသော်လည်း မွတ်စလင်မ်ကျောင်းသားဖြစ်နေ၍ ပတ်ဝန်းကျင်မှ ပြဿနာ ဖြစ်လာမည်ကို စိုးရိမ်၍ အဆောင်ပိုင်ရှင်မှ လက်မခံတော့သောကြောင့် အခက်အခဲဖြစ်နေသည်ကို ကျောင်းသားတစ်ဦးမှ ပြောပြလာပါသည်။
“ကျွန်တော် အမြဲတမ်း ဒီအဆောင်မှာပဲ နေခဲ့တာပါ။
အရင်နှစ်တွေကလည်း ကျောင်းဖွင့်ချိန်နေတယ်။ ကျောင်းပိတ်ရင်ပြန်တယ်။ အခု ဒီအဆောင်မှာ ပြန်လာနေဖို့ ဖုန်းဆက်လိုက်တော့ အဆောင်ရှင်က ကျွန်တော့်ကို လက်မခံတော့ဘူးလို့ပြောပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်က မွတ်စလင်မ်ဖြစ်နေလို့ မွတ်စလင်မ်ကို ထားရင် တခြားက ပြဿနာရှာတာဖြစ်လာမှာစိုးလို့ လက်မခံရဲတော့လို့ လက်မခံတော့ဘူးလို့ ပြောတယ်။ ကျွန်တော်လည်း တခြားအဆောင်တွေ ပတ်ရှာနေရတုန်းပါ အခုထိတော့ အဆောင်မရသေးပါဘူး။”ဟု ပြောပါသည်။
ယခုကဲ့သို့သော အခြေအနေသည် ရန်ကုန်မြို့ရှိ အဆောင်များတွင်သာမက အချို့ တက္ကသိုလ်၊ ကောလိပ်နှင့်  ကျောင်းများရှိသည့် မြို့အများစုတွင်လည်း ဖြစ်နေသည် ဟုလည်း သိရပါသည်။

No comments:

Post a Comment

My Blog List